တောင်ကိုရီးယားဟာ သူမရဲ့ ဒုတိယအိမ်လိုပါပဲလို့ ပြောသွားတဲ့ မော်ဒယ် Miranda Kerr



Miranda Kerrဟာ ပြီးပြည့်စုံတဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ရုပ်ရည်ရှိတဲ့ ကမ္ဘာ့အားကျစရာ အကောင်း ဆုံး မော်ဒယ်၊ မင်းသမီးတွေထဲက တစ်ယောက်ပါ။ သူမဟာ တောင်ကိုရီးယား ယဉ်ကျေးမှုကို ဘယ်လောက်မြတ်နိုးတယ်ဆိုတာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။

“ဒါ ကျွန်မအိမ်လိုပါပဲ။ ကျွန်မကို ကြိုဆိုဖို့အတွက် လူတွေအများကြီး လာခဲ့ကြတာ။ တောင်ကိုရီးယား ကို နောက်တစ်ကြိမ် ထပ်လာရတဲ့အတွက် ကျွန်မအရမ်း ၀မ်းမြောက်ရပါတယ်။” လို့သူမက MBC ရဲ့ Section TV အစီအစဉ်မှာ ပြောပြခဲ့ပါတယ်။

ဒါနဲ့ဆို သူမ တောင်ကိုရီးယားကိုရောက်တာ ၄ကြိမ်ရှိပါပြီ။ သူမရဲ့ ကိုရီးယားဘာသာစကားလည်း တိုးတက် လာပြီဆိုတာကို ပြောပြခဲ့ပါတယ်။ “ဒီလို တိုးတက်လာတာ Eric Nam ကသင်ပေးလို့လေ။” လို့ အင်တာဗျူး ရာမှာ Miranda Kerr ကပြောပြခဲ့ပါတယ်။

Ref:kpopstarz.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...