အဆီထိန်းဆေးက MS ရောဂါဖြစ်စဉ်အား နှေးစေနိုင်ကြောင်းသိရ


Health Updates Journal No. 111

ဈေးသက်သက်သာသာနှင့်ရရှိနိုင်သော Simvastatin ဟုခေါ်သည့် သွေးတွင်းဆီထိန်းသည့်ဆေးမှာ Multiple Sclerosis (MS) ရောဂါဖြစ်ပွားမှုဖြစ် စဉ်အားနှေးစေကြောင်း နာမည်ကျော် ဆေးပညာဂျာနယ် တစ်ခုဖြစ် သည့် Lancet ဂျာနယ်၌ ဖော်ပြခဲ့သည်။ Simvastatin မှာ MS ကို တိုက်ထုတ်ရာ၌ ကူညီနိုင်ကြောင်း လွန်ခဲ့သည့်နှစ်အနည်းငယ်ကပင် သိရှိခဲ့သော်လည်း ယခုကဲ့သို့ ကြီးကြီးမားမားလေ့လာမှု မရှိခဲ့သေးသောကြောင့် မဖော်ပြခဲ့ကြခြင်းဖြစ်သည်။ MS မှာ ဦးနှောက်နှင့်ဗဟို အာရုံကြောစနစ်အတွင်းရှိ အာရုံကြောများပေါ်မှ အဆီလွှာများကို မိမိ၏ခုခံအားစနစ်မှ ဖျက်ဆီးပစ်သည့်ရောဂါဖြစ်ပြီး ရောဂါမှာ တဖြည်းဖြည်း ပိုမိုဆိုးဝါးလာတတ်သည့် ရောဂါအမျိုးအစားဖြစ်သည်။ ရောဂါလက္ခဏာမှာ ကြွက်သားများ ထုံကျဉ် အားနည်းလာခြင်း၊ ကြွက်သားများတုန်ခြင်း၊ ကြွက်တက်ခြင်း၊ ပျို့အန်ခြင်း၊ စိတ်ကျခြင်းမှစ၍ မှတ် ဉာဏ်များဆုံးရှုံးရသည့် အထိဖြစ်တတ်သည်။ ရောဂါဟု သတ်မှတ်ခံရပြီး၁၀နှစ်မှ ၁၅နှစ် အတွင်းတွင် ရော ဂါမှာ ပိုဆိုးလာပြီး သူတစ်ပါးအား မှီခိုရသည့် အခြေအနေထိဖြစ်လာနိုင်သည်။ MS ရောဂါ ရရှိထားသူ၏ ဦးနှောက်ထုထည်မှာ နှစ်စဉ် ၀.၆ ရာခိုင်နှုန်းပိုမိုကျုံ့လာကြောင်း သိရသည်။ လေ့လာမှုတွင် အသက် ၁၆ နှစ်မှ ၆၅ နှစ်ကြား MS ဝေဒနာခံစားရသူများအား နေ့စဉ် 80 mg Simvastatin အားပေးခဲ့ရာ ဦးနှောက် ကျုံ့လာသည့်နှုန်းမှာ ၀.၃ရာခိုင်နှုန်း ပိုလျော့ကျလာကြောင်း တွေ့ရသည်။

ဖိုးသောကြာ
ref: Medindia

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...