ပညာသင်ထောက်ပံ့ကြေးဆိုင်ရာ အခွင့်အရေး နှစ်ခုရှိနေဟု MSI ဆို



အမေရိကန်ပညာရေးဖြင့် ဘွဲ့ဒီဂရီယူလိုသော မြန်မာကျောင်းသားများအနေဖြင့် အမေရိကန်ကျောင်း သားများအနေဖြင့် အမေရိကန် ကျောင်းခွဲ တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံရှိ Webster University တွင် ပညာသင်ဆု အမေရိကန် ဒေါ်လာ ၂၄၀၀၀ ခံစားခွင့် လျှောက်ထားနိုင်မည့် အခွင့်အရေးနှင့် အာရှတိုက်သား များပညာသင်ထောက်ပံ့ကြေး ခံစားခွင့်အခွင့်အရေး နှစ်ခုရရှိမည်ဖြစ်ကြောင်း Myanmar Search International (MSI) နိုင်ငံခြားပညာရေး ဝန်ဆောင်မှုလုပ်ငန်းမှ သိရသည်။

အဆိုပါ ပညာသင်ဆုနှစ်ခုကို ခံစားလိုသော မြန်မာကျောင်းသားများသည် ၂၀၁၄ ခုနှစ်၏ မေလနှင့် သြဂုတ်လ ကျောင်းဖွင့်ချိန်များအတွက် အခုအချိန်မှစတင်၍ လျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်ထား မည့် ကျောင်းသားများသည် ပြည့်စုံသည့်ပညာရေးဆိုင်ရာ စာရွက်စာတမ်း အထောက်အထားများနှင့် တကွအခြားလူမှုရေး အကျိုးပြုလှုပ်ရှားမှုအသင်း အဖွဲ့အစည်းများမှ အသိအမှတ်ပြုလက်မှတ်များ၊ ထောက်ခံ စာများ ရှိပါက ပူးတွဲ တင်ပြရမည်ဖြစ်ကြောင်း MSI မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

“Webster University ဟာအမေရိကန်နိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ ကျောင်းတွေထဲကမှ ထိပ်တန်းအ ဆင့်အကောင်းဆုံး ကျောင်း အဖြစ်ပါဝင်ပြီး၊ Distinctive အဖြစ် US New eJU World Report တို့ကနေ တရားဝင်စာရင်းပေးသွင်း သတ်မှတ်ခဲ့ပြီး ဖြစ်ပါတယ်။ တက္ကသိုလ်ပေါင်းတစ်ရာကျော်နဲ့ ချိတ် ဆက်ထားပြီး International campus ကိုးကျောင်းရှိတဲ့အပြင် ကျောင်းသားပေါင်း နှစ်သိန်းကျော် ဘွဲ့ ရရှိပြီးယခုလက်ရှိ မြန်မာနိုင်ငံက ကျောင်းသားအပါအဝင် နိုင်ငံပေါင်း ၁၃၀ ကျော်က ကျောင်းသားများ တက်ရောက်လျက် ရှိပါတယ်” ဟု MSI မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်စုစုလှိုင်ကပြောသည်။

Webster University (Thailand Campus) ၏ကျောင်းလခမှာ ဘွဲ့ဒီဂရီတန်း လေးနှစ်အတွက် အမေရိကန်ဒေါ်လာ ၄၈၀၀၀ ဝန်းကျင် (ပညာသင်ဆုခံစားခွင့်မပါ) ဖြစ်ပြီး၊ ဘွဲ့လွန်သင်တန်းကာလ ၁၅ လမှ ၂၀ လအတွက် အမေရိကန်ဒေါ်လာ (၁၆၀၀၀ မှ ၂၃၀၀၀) ဝန်းကျင် (ပညာသင်ဆုခံစားခွင့် မပါ) ဖြစ်ကြောင်း MSI မှသိရသည်။ ပညာသင်ဆု ခံစားခွင့်ရရှိသည့် ကျောင်းသားများသည် မြန်မာငွေကျပ် သိန်း ၂၄၀ ကျော်ဝန်းကျင်နှင့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်ဖြစ်သည့် Webster University မှ အမေရိကန်ဘွဲ့ကို ရရှိနိုင်မည့်အခွင့် အရေးဖြစ်ကြောင်း၊ အမေရိကန်ပညာရေးကို စိတ်ဝင်စား သည့် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများကို လျှောက်ထားစေချင်ကြောင်း၊ ယင်းအခွင့်အရေးသည် ၂၀၁၄ ခုနှစ် တစ်နှစ်တည်းဖြစ်သည့်အတွက် မြန်မာကျောင်းသားများအနေဖြင့် အထူးဂရုပြုသင့်ကြောင်း MSI မှမန်နေဂျင်းဒါရိုက်တာ ဒေါ်စုစု လှိုင်က ဆိုသည်။ Webster University Thailand Compus (WUTC) သည်မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဘန်ကောက်မြို့နှင့် Cha-Am/Hua-Hin မြို့တွင်ရှိပြီး WUTC တွင် အမေရိကန် ဒီဂရီဘွဲ့ကိုတိုက်ရိုက် သင်ယူရနိုင်ကြောင်းနှင့် ၎င်းတက္ကသိုလ်သည် အမေရိကန် ပညာရေးနယ်ပယ်၌ နှစ်ပေါင်းသုံးဆယ် ကျော် ဦးဆောင်လုပ်ကိုင်နေသည့် တက္ကသိုလ်တစ်ခု အဖြစ် နိုင်ငံတကာမှ ယနေ့အထိအသိအမှတ် ပြုထားသည့်အပြင် အမေရိကန်နိုင်ငံ Missouri ပြည်နယ် St.Louis မြို့၌ ၁၉၁၅ ခုနှစ်မှ စတင်တည် ထောင်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

Democracy Today Daily
အတွဲ(၁)၊ အမှတ်(၃၈)၊ ဧပြီ(၇) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...