မြန်မာ နိုင်ငံမှ တောင်တက်သမား ရှစ်ဦး မလေးရှား နိုင်ငံ၏ အမြင့်ဆုံး တောင်ဖြစ်သော Mt.Kinabalu တောင်သို့ တက်ရောက်မည်


ရန်ကုန် ဧပြီ ၈

Myanmar Global Expedition Club တောင်တက်အဖွဲ့မှ မလေးရှား နိုင်ငံ၏ အမြင့်ဆုံး တောင်ဖြစ်သော Mt.Kinabalu တောင်သို့ တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တောင်တက် အဖွဲ့သည် ဧပြီ ၁၁ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မလေးရှား နိုင်ငံသို့ စတင်ထွက်မည်ဖြစ်ပြီး MGEC တောင်တက် အဖွဲ့အား Phatama Group Co., Ltd ၊ Brand Vitamin B Complex ကြက်ပေါင်း အားဆေးနှင့် Cerebos Thailand Co.,Ltd. တို့မှ တစ်ဖက် တစ်လမ်းမှ ထောက်ပံ့ ကူညီ ပေးထားပြီး ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အလံအား မလေးရှား နိုင်ငံ၏ အမြင့်ဆုံး Mt.Kinabalu တောင်ထွတ်ပေါ်တွင် လွှင့်ထူနိုင်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

MGEC တောင်တက် အဖွဲ့ဝင် ဒေါက်တာ ရှန်လင်းအောင်က ''ကျွန်တော်တို့ြွနဃ ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လူငယ်များ၏ စွန့်စားလိုစိတ်ကို နည်းစနစ် တကျအသုံးချ တတ်စေရန်၊ မြန်မာနိုင်ငံတွင် တောင်တက် အားကစားနည်း ပိုမို ဖွံ့ဖြိုးစေရန်၊ ဒေသတွင်း ခရီးစဉ်များ ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ခရီးသွား အခြေခံEco Tourism လုပ်ငန်းအား တစ်ဖက် တစ်လမ်းမှ အထောက် အကူပြုစေရန်တို့ ဖြစ်ကြောင်းနှင့် တောင် တက်ခြင်း အားကစားသည် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု သာမက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုပါ အထူး လိုအပ်သော အားကစားဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ထို့အပြင် ၎င်းက ''ကျွန်တော်တို့ ယခုခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက် ကတော့ တောင်တက်သမား အချင်းချင်း အတွေ့အကြုံ ဖလှယ်ရန်နှင့် တောင်တက်နည်း စနစ်များအား စနစ်တကျ လေ့လာရန်တို့ ဖြစ်ပါ တယ်''ဟု ပြောကြား ခဲ့သည်။

အဆိုပါ တောင်တက် အဖွဲ့သည် မလေးရှား နိုင်ငံတွင် ကျောက်တောင်တက်နည်း စနစ်များကိုပါ လေ့ လာသွားမည် ဖြစ်ကြောင်း သိရသည်။

ကောင်းစစ်နိုင်
မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...