အာကာသအေဂျင်စီကို NADA ဟုမြောက်ကိုရီးယား အမည်ပေး

အတွဲ (၁၅)၊ အမှတ် (၁၅)


မြောက်ကိုရီးယားနိုင်ငံ၏ အာကာသအေဂျင်စီကို အတိုကောက်နာမည် NADA ဟုခေါ်ဆိုခဲ့ပြီး အေဂျင်စီ အမှတ်တံဆိပ်ကိုလည်း NASA အမှတ်တံဆိပ်ကဲ့သို့ ပြုလုပ်ခဲ့ကြောင်းသိရသည်။

NASA သည်တစ်ကမ္ဘာလုံး အသိမှတ်ပြုရသည့် အာကာသအေဂျင်စီ တစ်ခုဖြစ်သာကြောင့် မြောက် ကိုရီးယားအနေဖြင့် ၎င်းတို့၏အာကာသ အေဂျင်စီကို NASA အမည်ကဲ့သို့ သတ်မှတ်ခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ NADA နာမည်အပြည့်အစုံမှာ "National Aerospace Development Administration" ဖြစ်ပြီး အတိုကောက်အဓိပ္ပာယ်မှာ စပိန်ဘာသာဖြင့်ဆိုပါက nothing ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းအေဂျင်စီမှ ထုတ်ပြန်ချက်အရ NADA ၏ရည်မှန်းချက်သည် ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အာကာသလုပ်ငန်းများကို DPRK အစိုးရ၏ စည်းမျဉ်းများနှင့်အညီ စိတ်ကူးများကို စမ်းသပ်လုပ်ကိုင် သွားမည် ဖြစ်ကြောင်းသိရသည်။

၎င်းအမှတ်တံဆိပ် ပြုလုပ်ထားပုံနှင့်ပတ်သက်ပြီး မြောက်ကိုရီးယားမှ ထုတ်ပြန်ချက်များထွက်လာပြီး အပြာရောင်အကွင်းနှစ်ကွင်းသည် ဂြိုလ်တုပတ်လမ်းများကို သရုပ်ဖော်ထားခြင်း ဖြစ်ကြောင်းသိရသည်။ ထို့အပြင် အမှတ်တံဆိပ်တွင် ပါဝင်သည့် Great Bear ကြယ်တာရာမှာ DPRK ကိုဂုဏ်ရည်မြင့်တက်အောင် စွမ်းဆောင်ခဲ့သည့် ကင်အီဆွန်းနှင့် ကင်ဂျုံအီတို့၏ အာကာသပိုင်စိုးမှုများ၊ အာကာသသိပ္ပံပညာရှင်များအား ကူးစက်လာစေရန် ရေးဆွဲထားခြင်းဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

-စိုးထက်
Ref: CNET
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...