အာဆီယံ (NZ-AS) ပညာသင်ဆု မြန်မာကျောင်းသား၊ ကျောင်းသူ ၁၀ ဦး ရွေးချယ်ပေးအပ်မည်

အတွဲ (၁၅)၊ အမှတ် (၁၅)

photo:google

မြန်မာကျောင်းသား၊ ကျောင်းသူ ၁၀ ဦးအား အာဆီယံ (NZ-AS) ပညာသင်ဆု အစီအစဉ်ဖြင့် နယူးဇီလန်နိုင်ငံရှိ တက္ကသိုလ်များတွင် ဘွဲ့လွန်ပညာသင်ယူရန် ရွေးချယ်သွားမည်ဖြစ်ကြောင်း ကြေညာ ချက်ထုတ်ပြန်ထားချက် အရသိရသည်။

ပညာသင်ဆုအတွက် ကျောင်းလခ၊ ခရီးစရိတ်၊ နေထိုင်စားသောက်စရိတ်၊ ကျန်းမာရေးနှင့် ခရီးသွားအာမခံ၊ ပညာရေးဆိုင်ရာ အထောက်အပံ့များ ရရှိနိုင်မည်ဖြစ်ပြီး နယူးဇီလန်နိုင်ငံရှိ နာမည်ကြီး တက္ကသိုလ်တွင် ပညာသင်ယူခွင့် ရရှိမည် ဖြစ်ကြောင်းသိရသည်။

ပညာသင်ဆု လျှောက်လွှာများကို www.nzembassy.com/thailand တွင်ဒေါင်းလုပ်ရယူနိုင်ပြီး လျှောက် လွှာများကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၃ရက် နောက်ဆုံးထားပေးပို့လျှောက်ထား ရမည်ဖြစ်သည်။

ပညာသင်ဆု လျှောက်ထားသူများအနေဖြင့် အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှု IELTS 6.5 ရရှိထားရန် လိုအပ်ပြီး အသက် ၄၀ နှစ် ထက်မကြီးရန်နှင့် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂ နှစ်အကြာက နေထိုင်သူဖြစ် ရမည် ဖြစ်သည်။

စိုက်ပျိုးရေးဖွံ့ဖြိုးမှု၊ သဘာဝဘေးစီမံခန့်ခွဲမှု၊ ပုဂ္ဂလိကဘဏ္ဍတိုးတက်မှု၊ အများပြည်သူဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အင်္ဂလိပ်ဘာသာ စကားသင်ကြားမှုဆိုင်ရာ ဘာသာရပ်များကို လေ့လာသင်ယူလိုသူများ ပညာသင်ဆု ကို လျှောက်ထားနိုင်သည်။


Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...