Oculus ကို ဒေါ်လာ ၂ ဘီလီယံဖြင့် Facebook ဝယ်ယူ

အတွဲ (၁၅)၊ အမှတ် (၁၄)


Facebook သည်ပြီးခဲ့သည့် ရက်အနည်းငယ်က virtual reality နည်းပညာကုမ္ပဏီ Oculus VR ကို ဝယ်ယူရန် သဘောတူညီမှု ရရှိခဲ့ကြောင်းသိရသည်။

Oculus VR ကုမ္ပဏီသည် Oculus Rift headset ကိုထုတ်လုပ်ခဲ့ပြီး Facebook က၎င်းကို ဝယ်ယူရာတွင် ဒေါ်လာ ၂ ဘီလီယံကို စတော့နှင့်ငွေကြေးများဖြင့် ပေးချေသွားမည်ဖြစ်ကြောင်း သိရသည်။ ကုမ္ပဏီသက်တမ်း ၈ လသာရှိသေးသည့် Oculus သည် VR ထုတ်ကုန်များတွင် ရှေ့တန်းရောက်လာသည့် ကုမ္ပဏီဖြစ်ပြီး ငွေကြေးထောက်ပံ့ပေးသည့် Kickstarter တွင်စတင်ခဲ့ကာ Oculus Rift open-source ကိုပြုလုပ်ခဲ့သည်။ ကုမ္ပဏီအနေဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ် အနည်းငယ်က ဆန်ဖရန်စစ္စကိုမြို့ ၌ ပြုလုပ်ခဲ့သည့် Game Developeမ များကွန်ဖရင့်တွင် နောက်ဆုံး developmentုငအ ကိုမိတ်ဆက်ခဲ့ပြီး မည်သည့်အချိန်တွင် ရောင်းချသွားမည်ကို မပြောကြားခဲ့ပေ။ Facebook ကအဆိုပါ ဝယ်ယူမှုကို ၎င်းတို့အနေဖြင့် Oculus ၏ virtual reality လုပ်ဆောင်နိုင်စွမ်းကို gaming မှဆက်သွယ်ရေး၊ မီဒီယာ၊ ဖျော်ဖြေမှုနှင့် ပညာရေးကဲ့သို့ ဧရိယာများတွင်တိုးချဲ့ရန် စီစဉ်နေကြောင်း မပြောကြားခဲ့ပေ။ Facebook အမှုဆောင်ချုပ် Mark Zuckerberg က virtual reality သည် social တွင်အရေးပါသည့် အရာတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

အဆိုပါ​ဝယ်ယူမှုတွင် Facebook သည် Oculus ကို၎င်း၏ စတော့တန်ဖိုးဒေါ်လာ ၆၉.၃၅ အခြေခံ ၍ ဒေါ်လာ ၂ ဘီလီယံဖြင့်ဝယ်ယူခဲ့ပြီး ဒေါ်လာ သန်း ၄၀၀ ကိုငွေ ကြေးဖြင့်ပေးချေသွားမည်ဖြစ် ကာ ဒေါ်လာ ၂၃.၃ သန်းကိုရှယ်ယာများဖြင့် ပေးချေသွားမည်ဖြစ်သည်။

-စိုးထက်
Ref: CNET
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...