Ovulation Test မျိုးဥထွက်တာ သေခြာချင်တယ်


• Ovulation test အမျိုးသမီးမှာ မျိုးဥ ထွက်-မထွက်စမ်းနည်းဖြစ်တယ်။ ကိုယ်ဝန်ရနိုင်ဘို့အတွက် လိုအပ်တယ်။
• Luteinizing hormone (LH) ဟော်မုန်းကို ဦးနှောက်အောက်ခြေမှာရှိတဲ့ (ပစ်ကျူထရီ ဂလင်း) ကနေ ထုတ်ပေးတာ ဖြစ်တယ်။
• ယောက်ျားတွေမှာ အဲဒီ ဟော်မုန်းကနေ ကျားဟော်မုန်းခေါ်တဲ့ Testosterone (တက်စတိုစတီရုန်း) ထွက်လာစေအောင် အားပေးတယ်။
• အမျိုးသမီးတွေမှာ ရာသီလလယ်ရက်မှာ ဒီဟော်မုန်းက တက်လာတယ်။ မျိုးဥထွက်လာတော့မယ်။
• Ovulation prediction test kits စမ်းသပ်ကိရိယတစုံထဲမှာ စမ်းသပ်ချောင်းလေး ၅ ခုကနေ ၇ ခုအထိပါတယ်။

• ဘယ်ရက်မှာ စမ်းရမလဲဆိုတာ အမျိုးသမီးရဲ့ ရာသီလကိုသိရမယ်။ ဥပမာ ၂၈ ရက်မှာတခါလာသူအတွက် အရင်လက ရာသီစလာတဲ့နေ့ကနေတွက်ရင် ၁၁ ရက်မြောက်နေ့ကနေစရမယ်။ ၁၁၊ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်တွေမှာ စမ်းသင့်တယ်။
• ဆီးကို စမ်းရမဲ့အကွက်လေးမှာထည့်လိုက်ရင် အရောင်ပြောင်းလာမယ်။ အဲလို အပေါင်းပြတယ်ဆိုရင် အဲဒီ အမျိုးသမီးဟာ နောက် ၂၄ ကနေ ၆ နာရီအတွင်း မျိုးဥ ထွက်ပါမယ်။ တယောက်နဲ့တယောက် မတူတာတော့ ရှိမယ်။
• ဆီးထဲမှာ (LH) ဟော်မုန်းက တက်လာတယ်ဆိုရင် အပေါင်းပြပါမယ်။ မျိုးဥအိမ်ကနေ မျိုးဥထွက်တယ်လို့ မှတ်ယူနိုင်တယ်။
• ဆီးမစမ်းခင်မှာ ရေ-အရည် အများကြီးမသောက်သင့်ပါ။ တခြားဆေးတွေလဲ မသောက်ဘဲနေဘို့လိုနိုင်တယ်။
• Estrogens, Progesterone, Testosterone ခေါ်တဲ့ ဟော်မုန်းဆေးတွေဖြစ်တယ်။ ကိုယ်ဝန်တားဆေးထဲမှာ ပါတယ်။
• Clomiphene citrate (Clomid) မျိုးဥထွက်ဘို့ပေးတဲ့ဆေးဆိုရင် LH levels ကိုပိုများစေတယ်။ စမ်းသပ်မှုမှာ သေချာစေအောင် ဒီဆေးမျိုးကို မစမ်းခင် ၃ ရက်စောပြီး မသောက်ဘဲနေသင့်တယ်။
• မျဉ်း ၂ ကြောင်းရှိမယ်။ Test line စမ်းသပ်လိုင်းက Reference line မီရမဲ့လိုင်းတက် နဲနဲမှန်တယ်။
• Positive result အပေါင်းပြတယ်ဆိုတာ LH surge ဟော်မုန်းတက်လာလို့ခေါ်တယ်။
• False positive results မှားပြီး အပေါင်းပြတာ ရှားတယ်။
• LH urine tests မျိုးဥအတွက် ဟော်မုန်းတက်လာမှု စမ်းသပ်နည်းဟာ Home fertility monitors မျိုးပွါးနိုင်စွမ်း စောင့်ကြည်ခြင်းနည်းနဲ့ မတူပါ။
• Fertility monitors ဆိုတာ Digital handheld devices လက်ကိုင် ဒစ်ဂျစ်တယ်လ်ကိရိယာဖြစ်တယ်။
• Ovulation မျိုးဥထွက်မှာကို တံတွေးထဲက Electrolyte levels ဓါတ်ဆားအနည်းအများ၊ ဆီးထဲက ဟော်မုန်း အနည်းအများနဲ့ ကိုယ်အပူချိန်တွေကို စောင့်ကြည်နည်းဖြစ်တယ်။

LH blood test သွေးစမ်းနည်းလဲရှိတယ်။ အရွယ်ရောက် အမျိုးသမီးတယောက်မှာ ပုံမှန် 5 to 25 IU/L (6 and 30 U/L) ရှိတယ်။ ယောက်ျားတွေပုံမှန် = 7 and 24 U/L ရှိရမယ်။ 2 mIU/ml ထက်နည်းနေရင် Hypogonadotropic hypogonadism ရောဂါရှိနေမယ်။

LH တွေ ပုံမှန်ထက် များနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anorchia ယောက်ျားအစိမရှိသူ၊
• Hypogonadism ရောဂါ၊
• Klinefelter syndrome ရောဂါ၊
• Menopause သွေးဆုံးပြီးချိန်၊
• Ovarian failure မျိုးဥအိမ်အလုပ်မလုပ်ခြင်း၊
• Polycystic ovary disease မျိုးဥအိမ်အကျိတ်များရောဂါ၊
• Precocious puberty အသက်ငယ်လွန်းပြီး အရွယ်ရောက်သူ၊
• Turner syndrome ရောဂါ၊

LH တွေ ပုံမှန်ထက် နည်းနေတာဟာ ဒါတွေကနေဖြစ်စေတယ်။
• Anovulatory bleeding မျိုးဥမထွက်ဘဲ ရာသီသာဆင်းသူ၊
• Infertility ကလေးမရနိုင်သူ၊
• Multiple endocrine neoplasia (MEN) (အင်ဒိုခရိုင်မ်) ရောဂါ၊
• Ovarian cysts မျိုးဥအိမ်အကျိတ်။

LH test ကိုတတိယနေ့မှာစမ်းတယ်။ FSH test နဲ့ Estradiol test တွေပါတွဲလုပ်တယ်။ ကိုယ်ဝန်တားဆေး၊ ကိုယ်ဝန်ဆောင်ကြောင့် နည်းနေမယ်။ မျိုးဥထွက်ဆေးကြောင်း များနေမယ်။ FSH ပါနည်းနေမယ်။ LH levels နဲ့ FSH levels တွေကို အချိုးချတယ်။ အချိုး ၁ ဆိုတာ ပုံမှန်ဖြစ်တယ်။ ဆတူလောက်ရှိနေတာကိုဆိုလိုတယ်။ Polycystic ovarian disease (PCOD) မျိုးဥအိမ်မှာ အကျိတ်လေးတွေရှိနေသူဆိုရင် ပြောင်းပြန်အချိုးရှိတယ်။ LH level များနေပြီး FSH level ပုံမှန်ရှိမယ်။ ၂ ဒါမှမဟုတ် ၂ ထက်ပိုနေမယ်။

ဒီဟော်မုန်းတက်လာတာမို့ မျိုးဥထွက်သူဟာ ကိုယ်ဝန်ရချင်ရင် အဲဒီရက်တွေမှာ အကာအကွယ်နည်း တခုမှမသုံးဘဲ အတူနေရမယ်။ တလနဲ့ မရသေးရင် နေယက်လ၊ နောက်လတွေမှာ ဆက်စမ်းပါ။ လတွေကြာလို့မှ မရသေးရင် နည်းလမ်းသစ်ကို ကြံဆရပါမယ်။

• ၃ဝ% သော အမျိုးသမီးတွေက အဲဒီ လလယ်ရက် အတိအကျမှာ မျိုးဥထွက်တယ်။
• ၆ဝ% က လလယ်ရက်ထက် ၁ ရက်စောထွက်တယ်။
• အားလုံးကို ခြုံလိုက်ရင် ၇၈%က လလယ်ရက်ထက် ၂ ရက်စောထွက်တယ်။
• ၈ ရက်မြောက်နေ့ကနေ ၁၉ ရက်အတွင်းဟာ ကိုယ်ဝန် အရနိုင်ဆုံးရက်တွေ ဖြစ်တယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “မဆက်ဆံသူ” တွေထဲက ၄့၇% ကိုယ်ဝန်ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း “ဆက်ဆံသူ” တွေထဲက (ကွန်ဒွမ်) နည်း၊ သုတ်ရည် အပြင်ထုတ်နည်း သုံးသူတွေမှာ ၅့၆% ကိုယ်ဝန် ရကြတယ်။
• ၈ ရက်မြောက်ကနေ ၁၉ ရက်မြောက်အတွင်း ဘာအကာအကွယ်မှ မသုံးသူတွေထဲက ၁၁့၉% ကိုယ်ဝန် ရကြတယ်။
• မျိုးဥထွက်ရက်အတိမှာ ဆက်ဆံသူတွေ ၈-၁ဝ% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၅ ရက် အလိုမှာ ဆက်ဆံသူတွေ ၄% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၄ ရက်အလိုမှာ ဆက်ဆံသူတွေ ၁၅% ကိုယ်ဝန်ရကြတယ်။
• မျိုးဥမထွက်ခင် ၂ ရက်အလိုမှာ ဆက်ဆံသူတွေ ၂၅-၂၈% ကိုယ်ဝန်ရကြတယ်။

အသက် (၁၆) နှစ်ကတဲက ရာသီလာလို့ တအားနာတာအတွက် ဆေးစစ်ဘို့လိုပါမယ်။ မျိုးဥအိမ်နဲ့ သားအိမ်တွေကို လက်နဲ့ စမ်းသပ်တာအပြင် (အာလ်ထွာဆောင်း) ရိုက်ဘို့ လိုနိုင်တယ်။ နာတာနဲ့ ကိုယ်ဝန်မရသေးတာဟာ အကြောင်း တခုတည်းကနေ ဖြစ်နေနိုင်တယ်။ စမ်းသပ်တာလုပ်ပြီးလို့ ရောဂါနာမည်သိရရင် ထပ်မေးနိုင်ပါတယ်။ ခင်ပွန်းကို စစ်-မစစ် မသိပါ။

အမျိုးသမီးတွေ Puberty အရွယ်ရောက်ကတည်းက Menopause သွေးဆုံးတဲ့ အရွယ်အထိ Ovum မျိုးဥကခု လတိုင်း ထွက်တယ်။ ကိုယ်ဝန်ရနိုင်-မရနိုင်ဆိုတာ ဒီမျိုးဥ ထွက်-မထွက်အပေါ် အများကြီး မူတည်တယ်။ ကိုယ်ဝန်မရအောင် တားနည်းတခုဖြစ်တဲ့ ရက်တွက်ပြီး အတူနေနည်းကလဲ ဒီရက်ကို သိမှ စိတ်ချနိုင်တယ်။ အပျိုလေးတွေ အပျိုကြီးတွေ ဖြစ်အုံးတော့ မိန်းမဆိုရင် မိန်းမပီသမှ ကောင်းတယ် မဟုတ်ပါလား။

လစဉ် မျိုးဥထွက်-မထွက် စမ်းသပ်တဲ့ ကရိယာကို Ovulation Predictor Kits လို့ခေါ်တယ်။ ထွက်ပြီး ၂၄ နာရီအထိ ခံတယ်။ လအလယ်မှာ မျိုးဥထွက်တဲ့ Ovulation ဖြစ်ဘို့ Luteinizing hormone (LH) ဟော်မုန်းနဲနဲ ပိုထွက် လာရတယ်။ Ovulation Tests ဆိုတာက ဒါ ဖြစ်-မဖြစ် စမ်းရတာပါ။

• ကိုယ်ဝန် ရှိ-မရှိ စမ်းတဲ့ hCG pregnancy test နဲ့ မတူပါ။ ကိုယ်ဝန်ကို စမ်းရင် မနက်ခင်းသွားတဲ့ ဆီးကို စမ်းတာ ကောင်းပေမဲ့ မျိုးဥထွက်တာ စမ်းရင်တော့ နေ့ ၂ နာရီလောက် သွားတဲ့ဆီးက အကောင်းဆုံးဖြစ်တယ်။ မနက် ၁ဝ နာရီ နောက်ပိုင်းသွားတဲ့ဆီးလဲ ရပါတယ်။
• နေ့ဆက် စမ်းရတာမို့ အချိန်တူမှာ စမ်းပါ။
• ဆီးစမ်းမဲ့အချိန် မတိုင်ခင် ၂ နာရီလောက်မှာ ရေ-အရည် လျော့သောက်ပါ။
• ကိုယ့်ရာသီခွင်ကိုသိပါ။ ရာသီသွေးစဆင်းတဲ့ ပဌမနေ့ကနေ နောက်တလအတွက် ဆင်းမဲ့နေ့ မတိုင်ခင်ရက်အထိ ဖြစ်တယ်။
• စမ်းသပ်မဲ့လ မတိုင်ခင် လအနည်းငယ်အတွင်းက ရာသီခွင်ကို မှတ်ပါ။ ဘယ်ရက်မှာ မျိုးဥ ထွက်နိုင်တယ် ဆိုတာ ခန့်မှန့်နိုင်မယ်။
• LH surge ဟော်မုန်း တက်လာချိန်နောက် ၁၂-၄၈ (ပျမ်းမျှ ၃၆) နာရီအတွင်းမှာ မျိုးဥထွက်ပါမယ်။
• ကလေးရချင်သူများဆိုရင် LH surge ဟော်မုန်း တက်တဲ့ရက်ကနေ ၃ ရက်အတွင်း အတူနေသင့်ကြတယ်။
• ကိုယ်ဝန်ကို စမ်းတဲ့အခါ မျဉ်းကြောင်းက ခပ်မှုံမှုံပေါ်နေတာကိုလဲ အပေါင်းလက္ခဏာလို့ သတ်မှတ်နိုင်ပေမဲ့ မျိုးဥ စမ်းတာမှာတော့ မှုံနေတာကို အနုတ်လက္ခဏာလို့ သတ်မှတ်တယ်။
• Basal Body Temperature (BBT) ဆိုတဲ့ အကြမ်းဖျဉ်းနည်း တခုရှိတယ်။ မနက်အိပ်ရာထ ကိုယ်ပူချိန် တိုင်းနည်းကလဲ LH surge ဟော်မုန်းများလာတာကို သိနိုင်တာ ဖြစ်တယ်။ သိပ်မတိကျဘူး။
• Clomid ဆိုတဲ့ Fertility drug ကလေးရဘို့ပေးတဲ့ဆေး Clomiphene citrate သောက်နေပြီး၊ မျိုးဥထွက်တာကို ရက်သိပ်စောပြီး စမ်းရင် False positives မမှန်တဲ့ အပေါင်းလက္ခဏာ ပြတတ်တယ်။
• ခန့်မှန်းရက်ထက် ၂ ရက်စောပြီး နေ့တိုင်း စမ်းသင့်တယ်။ ရာသီလာပြီး ၁၃ ရက်ကနေ ၂ဝ ရက်အတွင်း ဖြစ်ဘို့ များတယ်။ ၁၁ ရက်ကစစမ်းပြီး ၂ဝ ရက်နောက်ဆို မစမ်းပါနဲ့တော့။ နောက်တလကြမှ ပြန်စမ်းပါ။
• တလမှာ ၅ ရက်စမ်းသူ ၈ဝ% နဲ့ ၁ဝ ရက်ကြာစမ်းသူ ၉၅% မှန်နိုင်တယ်။
• အပေါင်းလက္ခဏာ ပြတာနဲ့ ဆက်စမ်းစရာ မလိုပါ။
• ဒီစမ်းသပ်ကရိယာဟာ ၉၉% စိတ်ချရတယ်။
• Cassettes အမျိုးအစားက Strips ထက်ကောင်းတယ်။
• အိန္ဒိယမှာ ၅ ခုပါ Cassette ကို ၁၄၅ဝ ရူးပီးပေးရတယ်။ ဆေးဘူးတခုထဲမှာ Cassette တခု၊ Pipette တခုနဲ့ အထားခံအောင် စမ်းရာမှာမလိုအပ်တဲ့ Desiccant ဆိုတာပါတယ်။
• ၃ မိနစ်နဲ့ အဖြေထွက်တယ်။

Dr. တင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...