မျက်နှာခွဲစိတ်ပြုပြင်တာမျိုး မရှိခဲ့ဘူးလို့ ငြင်းဆိုလိုက်တဲ့ အဆိုတော် Park Ji Yoon



ကိုရီးယားနိုင်ငံမှာ အလှအပအတွက် ခွဲစိတ်ပြုပြင်တယ်ဆိုတာ အထူးအဆန်းမဟုတ်တော့သလို ဆယ်ကျော်သက်တွေရော၊ သက်လတ်ပိုင်းတွေအထိ ခွဲစိတ်ပြုပြင်တာကို ခုံခုံမင်မင်ကို ပြုလုပ်လာကြတာပါ။ အဲ့ဒီ မျက်နှာခွဲစိတ်ပြုပြင်တာနဲ့ ပတ်သက်ပြီး Mnet ရဲ့ Beatles Code 3D မှာ အဆိုတော် Park Ji Yoon ကို တွေ့ဆုံမေးမြန်းခဲ့ပြီး သူမက ဒါဟာ ကောလာဟလပါလို့ ငြင်းဆိုလိုက်ပါတယ်။

ပွဲရဲ့ MC ဖြစ်တဲ့ Shin Dong Yup က သူမကို ကျောင်းတုန်းက မျက်နှာနဲ့ ခုတော်တော်လေး ကွဲပြားသွား တာကြောင့် မျက်နှာကို ခွဲစိတ်မှုများ လုပ်ခဲ့သေးလားဆိုပြီး မေးမြန်းလိုက်တဲ့အခါမှာတော့ Park Ji Yoon က ‘အဲ့ဒါမျိုးတွေ ဘာဆိုဘာမှ မလုပ်ခဲ့ပါဘူး။ မျက်နှာခွဲစိတ်ဖို့မပြောနဲ့။ ကျွန်မ botox ထိုးတာမျိုးလောက်တောင် မလုပ်ဖူးပါဘူး။’လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။



အနုပညာရှင်တော်တော်များများ ခွဲစိတ်ပြုပြင်လာကြတဲ့ ကိုရီးယားလို နိုင်ငံမျိုးမှာ ခုလို ပင်ကိုယ်သဘာဝ အတိုင်း နေထိုင်ခြင်းမျိုးဟာ တော်တော်ကိုရှားပါးသွားပြီလို့ ပြောရမှာမို့ ဒါဟာ အားလုံးအတွက် အံ့သြစရာနဲ့ ချီးမွမ်းစရာပါပဲ။



Ref:kpopstarz.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...