ကမ္ဘာတလွှားက ကွန်ပျူတာ သုံးစွဲသူတွေ အနေနဲ့ password တွေ ပြောင်းပစ်ဖို့ အင်တာနက် လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပေးထား



ကမ္ဘာတလွှားက ကွန်ပျူတာ သုံးစွဲသူတွေ အနေနဲ့ password တွေ ပြောင်းပစ်ဖို့ အင်တာနက် လုံခြုံရေး ဆိုင်ရာ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

သိန်းသန်းချီတဲ့ ဝက်ဘ်ဆိုက်တွေ အသုံးပြုတဲ့ ကွန်ပျူတာ လည်ပတ်ရေး စနစ် OpenSSL ထဲမှာ Heartbleed လို့ ခေါ်တဲ့ ကွန်ပျူတာ ဗိုင်းရပ်စ် တမျိုးကို ရှာဖွေ တွေ့ရှိခဲ့ကြလို့ ဖြစ်ပါတယ်။

ကွန်ပျူတာ လုံခြုံရေး စနစ်ထဲ ခိုးဝင်သူ Hacker တွေက Heartbleed ကနေ တဆင့် ကိုယ်ရေး အချက်အလက်တွေ ဖြစ်တဲ့ password တွေနဲ့ အကြွေးဝယ်ယူခွင့် ကတ်ပြား credit card တွေရဲ့ အသေးစိတ် အချက်အလက်တွေကို ဝင်ကြည့်နိုင်တာ ဖြစ်ပါတယ်။

အခုလို လုံခြုံရေးအရ စိုးရိမ်ပူပန်စရာတွေ ရှိနေတဲ့အတွက် အင်တာနက်က တဆင့် လျှပ်စစ်မီတာခ တောင်းခံတဲ့ ဝန်ဆောင်မှုကို လူတွေ ဝင်သုံးလို့ မရအောင် ယာယီ ဖြတ်တောက်ထားလိုက်တယ်လို့ ကနေဒါနိုင်ငံ အခွန်အခ ကောက်ခံရေး အေဂျင်စီက ပြောပါတယ်။

အခုလို အင်တာနက် လုံခြုံရေး ပျက်သွားခဲ့ပြီးတဲ့ နောက်ပိုင်း ဝက်ဘဆိုက်တွေ တိုက်ခိုက်ခံရတာတော့ မကြားရသေးပါဘူး။

BBC Burmese

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...