Pregnancy and Bleeding During Early Stage ကိုယ်ဝန်နုစဉ် သွေးဆင်းခြင်း



လွန်ခဲ့တဲ့ လအနည်းငယ်က သူငယ်ချင်းတယောက် Ectopic Pregnancy ဖြစ်လို့ ဆေးရုံတက်ရတယ်ဆရာ။ သမီးလဲ သွားကြည့်ရင်းနဲ့ အဲဒီက Nurse တယောက်နဲ့ စကားပြောရင်းနဲ့ သူကပြောတယ်။ သူ့အမ ဝမ်းကွဲ တယောက် ကိုယ်ဝန် ရှိနေပေးမယ့်လဲ ရာသီပေါ်တယ်တဲ့။ အဲဒီတော့ ကိုယ်ဝန်ရှိမှန်း မသိဘူးတဲ့။ ရာသီရပ်သွားလို့ ဆေးခန်းမှာ စစ်ကြည့်တော့မှ ကိုယ်ဝန် ၃ လရှိနေပြီတဲ့။ အဲဒါ ဖြစ်နိုင်ရဲ့လား ဆရာ။ ကိုယ်ဝန် ရှိနေရင် ရာသီ မပေါ်တော့ဘူးလို့ပဲ သိထားတာ။
(၂) ကျွန်မ အသက်က ၃၃ နှစ်ပါ။ ကိုယ်ဝန် ၁၄ ပတ်ထဲကို ရောက်ရှိနေပါပြီ။့ နိုင်ငံတွင် နေထိုင်ပါသည်။ ပြီးခဲ့သည့် ကိုယ်ဝန် ၁၃ ပတ်က သွေးများ ရုတ်တရက် အလွန်အမင်း ဆင်းပါသဖြင့် အရေးပေါ် ဆေးကုသမှု တစ်ရက် ခံယူခဲ့ပါသည်။ ဆရာဝန်ကြီးမှ ကလေး နှလုံးခုန်နှုန်းကို ချက်ချင်း စမ်းသပ်ပြီး ကလေးအခြေအနေကောင်းကြောင်း ဆေး (၁) လုံး ထိုးပေးခဲ့ပါသည်။ ဟိုမုန်းပြောင်းလဲမှုကြောင့် သွေးဆင်းသည်ဟု ပြောပါသည်။ နောက်နေ့ မနက်တွင် သွေးဆင်းမှု မရှိသည်နှင့် ဆေးရုံမှ ဆင်းခဲ့ပါသည်။ အိမ်ရောက်ပြီး ၂ ရက် ၃ ရက် အထိ သွေးနည်းနည်း ထွက်နေသေးပါသည်ဆရာ။ သွေးယခုလို နည်းနည်း ဆင်းနေသည်မှာ ပုံမှန်ပါလား ဆရာ၊ သို့မဟုတ် အရေးကြီးပါသလား။ တခါတလေ ဆီးခုံရဲ့ ဘေးနားမှ နည်းနည်း နာတတ်ပါသည်။ ယခု ကျွန်မ Duphaston ကို တနေ့ ၃ လုံးသောက်ရပါသည်။

အမျိုးသမီး-မွေးလမ်း Vagina (ဗဂျိုင်းနား) ကနေ သွေးဆင်းတိုင်း Menstruation ရာသီဆင်းတယ်လို့ မခေါ်နိုင်ပါ။ သွေးက လာတာကတော့ မွေးလမ်းပေမဲ့ ဘယ်ကလာတဲ့ သွေးလဲ၊ ဘာ့ကြောင့် ဆင်းသလဲ။ ကိုယ်ဝန်ရှိတုံးလဲ သွေးဆင်းနိုင်ပါတယ်။ ကိုယ်ဝန်ရှိတာ သေခြာလို့ သွေးဆင်းရင် အရေးကြီးပါတယ်။

ကိုယ်ဝန်ကို ပဌမ၊ ဒုတိယနဲ့ တတိယ ၃ လစီပိုင်းပြီး လေ့လာရ၊ ပြောရတယ်။ Light spotting နဲနဲလေး စွန်းယုံဆင်းတာ နဲ့ Severe bleeding with clots အများကြီး၊ သွေးခဲပါ ဆင်းတာရှိတယ်။ ၃ လ နောက်ပိုင်း သွေးဆင်းရင် Abnormal ပုံမှန် မဟုတ်ဘူး သတ်မှတ်တယ်။ ၂၈ ပါတ်နောက် ဆင်းတာဆိုရင် Emergency အရေးပေါ်ဘဲ။ အနည်း-အများ မတူပါ။ ဗိုက်နာခြင် နာမယ်၊ မနာခြင် မနာဘူး။ ကိုယ်ဝန် ၄% မှာ ဖြစ်တတ်တယ်။ မီးတွင်း မိခင် သေဆုံးရတဲ့ အကြောင်းတွေထဲမှာ အဖြစ်များဆုံးပါ။ (ဒီအကြောင်း သည်းခြား ရေးပါရစေ။)

First trimester bleeding ကိုယ်ဝန် ပဌမ-သုံးလ သွေးဆင်းခြင်း
၂ဝ-၃ဝ% ကိုယ်ဝန်တွေမှာ ဖြစ်တတ်ပါတယ်။ အဲဒီအထဲက ၅ဝ% ကိုယ်ဝန်ပျက်ကျနိုင်လို့ တဝက်က အကောင်း ဆက် ဖြစ်မှာပါ။ မေးတဲ့သူလိုပေါ့။ ၃% က Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်တာ ဖြစ်တယ်။

1. Implantation bleeding ကျားသုတ်ပိုးနဲ့ မဥတွေ သားအိမ်ပြွန် တနေရာမှာ ပေါင်းစပ်ကြပြီး ဖြစ်လာတဲ့ သန္ဓေက သားအိမ် အတွင်းဆုံး အလွှာမှာ လာတွယ်ကပ်တဲ့ အချိန်မှာ သွေး နဲနဲကလေး ဆင်းတာကို ခေါ်တယ်။ ခန့်မှန်းခြေ ရာသီ လာရမဲ့ ရက်လောက်မှာ ဖြစ်တာများလို့ အထင်မှားတတ်တယ်။ ဘာမှ စိုးရိမ်စရာ မလိုပါ။
2. Postcoital bleeding လိင်ဆက်ဆံအပြီး သွေးနဲနဲဆင်းတာ။ ရပ်သွားရင် ဘာမှလုပ်စရာ မလိုပါ။
3. Threatened miscarriage ရာသီထိန်၊ နာတာ-ကိုက်တာနဲ့ ရောပြီး သွေးဆင်းတယ်။ ကိုယ်ဝန်ပျက်ခြင်သလို ဖြစ်တာ။ ကိုယ်ဝန် ဆက်တည်မလား၊ ပျက်မလား ပြောမရသေးပါ။ ဆီးအောင့်တာ၊ ရေ-ဆားဓါတ်နည်းတာ၊ တချို့ဆေးဝါး၊ ခိုက်မိတာ-လဲကျတာတွေကြောင့် ဖြစ်နိုင်တယ်။ အထဲက ကလေး ပုံမှန် မဟုတ်တာလဲ ပါသေးတယ်။ အလေးအပင် မတာ၊ လိင် ဆက်ဆံတာက ကြမ်းတမ်းတာ၊ စိတ်ပိုင်း ထိခိုက်တာတွေလဲ ပါတယ်။ ၁၊ ၂ နဲ့ ၃ အတွက် နားနေပါ။ အလေးအပင် မမပါနဲ့။ ပြင်းထန်တဲ့ လေ့ကျင့်ခန်း မလုပ်နဲ့၊ လိင်ဆက်ဆံတာ ၃ ပါတ် ရှောင်ပါ။ မွေးလမ်းကို Tampons or Douching နဲ့ဆေးတာ ရှောင်ပါ။ ရေများများ သောက်ပါ။ အရက်-ဆေးလိပ် ရှောင်ပါ။ အာဟာရ မျှတအောင်စားပါ။
4. Completed miscarriage ကိုယ်ဝန်ပျက်တာ။ သွေးဆင်းတာ များ၊ ဗိုက်နာတာ ပိုရင် စဉ်းစားရမယ်။ သားအိမ် ခြစ်ရာ မလိုပါ။
5. Incomplete miscarriage ကိုယ်ဝန် တဝက်တပြက် ပျက်ကျတာ။ VE မွေးလမ်းကြောင်း စမ်းရင် Cervix သားအိမ်အဝ နဲနဲပွင့်နေမယ်။ သွေး-သွေးခဲ-တခြား ဆင်းလာနေမယ်။ အဝပြန်ပိတ်နေတာလဲ တွေ့နိုင်တယ်။
6. Septic abortion ကိုယ်ဝန်ပျက်ရာ ပိုးဝင်တာ။ ပိုးဝင် လက္ခဏာလဲ တွေ့ခြင်တွေ့မယ်။ ကိုယ်ပူ၊ ဗိုက်ပိုနာ၊ ဆင်းတာတွေက အနံ့ရှိ၊ သွေးနဲ့အတူ အဖြူစတာတွေပါ ရောဆင်း။ ဆေးရုံတက်၊ ပိုးသေအောင်လုပ်ပြီး နောက်မှာ D and C သားအိမ်ခြစ်ရမယ်။
7. Blighted ovum မမျိုးဥပုံမှန် မဟုတ်လို့ ပုံမှန်သန္ဓေ ဖြစ်တာ။
8. Intrauterine fetal demise/death (IUD) အထဲမှာ ကလေးသေသွားတာ။
9. Ectopic pregnancy သားအိမ်ပြင်ပ သန္ဓေတည်ခြင်း။ အဆိုးဆုံးအစား ဖြစ်တယ်။ အများဆုံးက Tube သားအိမ်-ပြွန်ထဲမှာ တည်တယ်။ မဆန့်မပြဲ ဖြစ်လာချိန်မှာ ရုတ်တရက် ပေါက်ထွက်ရင် အရေးပေါ်ဖြစ်ပြီ။ ရာသီထိန်ပြီး ၁ဝ ပါတ် ဝန်းကျင်မှာ ဖြစ်တယ်။ သွေးမဆင်းခင် နာတာနဲ့ စတတ်တယ်။ အရင်ဖြစ်ဖူးသူတွေ ထပ်ဖြစ်နိုင်တယ်။ PID တင်ပါးဆုံတွင်း အင်္ဂါတွေ ရောင်တာ ဖြစ်ဖူးသူ၊ ကလေးမရတာ ၂ နှစ်ကျော်နေသူ၊ သားအိမ်ပြွန်ကို ခွဲစိတ်ထားသူ၊ ကိုယ်ဝန် မရအောင် IUCD ထည့်ထားခဲ့သူ၊ ဆေးလိပ်သောက်သူ၊ နေ့တိုင်း Douching ဆေးကြောတတ်သူ တွေမှာ အဖြစ်များတယ်။ Ultrasound လုပ်မယ်။ Methotrexate ဆေးပေးမယ်။ မရရင် ဒါမှမဟုတ် ဒီဆေး မသုံးခြင်ရင် Surgery ခွဲစိတ်နည်း သုံးမယ်။ သွေးသွင်းဘို့ လိုတတ်တယ်။
10. Molar pregnancy (H Mole) စပျစ်သီးကိုယ်ဝန်၊ Ultrasound မှာ ကလေးမဟုတ်ဘဲ (တစ်ရှူး) တွေသာ တွေ့ရမယ်။ ရာသီ ထိန်မယ်။ ၁၂ ပါတ်ကျော်ရင် ဗိုက်စမ်းတော့ သားအိမ်အမြင့်က ရာသီထိန်တာထက် မြင့်နေမယ်။ တချိန်မှာ ကင်ဆာ ကို သံသယ ရှိရမယ်။ D and C သားအိမ်ခြစ်မယ်။ နောက်တလနေရင် တခါ ထပ်ခြစ်မယ်။ သွေး Blood B-hCG levels ကို စစ်မယ်။

Duphaston ဆိုတာ (ပရိုဂျက်စတင်)၊ (ပရိုဂျက်စတီရုန်း) ဟော်မုန်းဆေးဖြစ်တယ်။
• Menstrual disorders ရာသီမမှန်သူတွေ၊
• Infertility ကလေးမရနိုင်သေးသူတွေ၊
• Recurrent pregnancy loss ကိုယ်ဝန်မမြဲသူတွေ၊
• Preterm birth ကလေးအချိန်စောမွေးသူတွေ၊
• Endometriosis သားအိမ်ရောဂါရှိသူတွေ၊
• Premenstrual syndrome ရာသီမလာခင်တာကျမှုတွေခံစားနေရသူတွေနဲ့
• Hormone replacement therapy ဟော်မုန်းအစားထိုးကုသသူတွေကိုပေးတယ်။

10 mg တနေ့ ၂-၃ ကြိမ်။
သွေးခဲရောဂါရှိသူ၊ ကျောက်ကပ်၊ နှလုံးမကောင်းသူ၊ အတက်ရောဂါရှိသူ၊ ပန်းနာရှိသူ၊ မိုင်ဂရင်းရှိသူတွေ မသုံးသင့်ပါ။
ဘေးထွက်-ဆိုးကျိုးများ = ခေါင်းမူး၊ ပျို့၊ အားယုတ်၊ ခေါင်းကိုက်၊ ဗိုက်အောင့်၊ ကြွက်သား-အဆစ်တွေနာ၊ စိတ်တို။

Dr. တင့်ဆွေ
၁ဝ-၁-၂ဝ၁၁

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...