ခပ်ကြမ်းကြမ်းစီးဆင်းမယ့် Reason အဖွဲ့ရဲ့ ပင်လယ်ထဲကမြစ်များ



ဧပြီနောက်ဆုံးပတ်တွင် စတင်ဖြန့်ချိမည့် Reason အဖွဲ့၏ ဒုတိယတေးစီးရီးဖြစ်သော ‘‘ပင် လယ်ထဲက မြစ် များ’’တွင် သီချင်း အကြမ်းပုံစံများမည်ဖြစ်ကြောင်း အဆိုတော် အောင်လက ပြော သည်။

ယင်းသီချင်းခွေတွင် စုစု ပေါင်းသီချင်း ၁၃ ပုဒ်ပါဝင်မည် ဖြစ်ပြီး ကျားပေါက်နှင့်ပေါင်း၍ ရေးစပ်ထားသည့် အင်္ဂလိပ် သီချင်းတစ်ပုဒ်အပါအဝင် ကိုယ် တိုင်ရေးထားသည့် သီချင်း ၁၂ ပုဒ်ပါဝင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘ဒီအခွေထဲမှာ သီချင်း အကြမ်းတွေနည်းနည်းများမယ်။ အချစ်သီချင်းရော ဘဝသီချင်း ရောက ကျွန်တော့် ခံစားချက်တွေ၊ ကျွန်တော်ပြောချင်တဲ့စကားတွေ အများကြီးပါတယ်။ အသည်းကွဲ သီချင်းတွေကတော့ သူငယ်ချင်း တွေရဲ့ ခံစားချက်ပါ’’ဟု အောင်လကပြောသည်။

ဧပြီ ပထမပတ်တွင် စင်ကာ ပူနိုင်ငံသို့ ဖျော်ဖြေရေးခရီးသွား ရောက်ခဲ့ပြီး သင်္ကြန်ဖြတ်သန်းမှု အဖြစ် SIR အဖွဲ့သားများနှင့်အတူ မန္တလေးမြို့တွင် ဖျော်ဖြေခဲ့ကာ ပင်လယ်ထဲကမြစ်များ စီးရီးခွေကို ဧပြီ ၂၇ ရက်တွင် စတင်ဖြန့်ချိပေး မည်ဟု ၎င်းက ပြောသည်။

Reason အဖွဲ့အနေဖြင့် ဖျော်ဖြေပွဲပြုလုပ်ရန် ကမ်းလှမ်းမှု များရှိသော်လည်း ပြင်ဆင်မှုများ လိုအပ်နေသောကြောင့် စီးရီးခွေ သုံးခွေထွက်ပြီးချိန်မှသာ ပြုလုပ် ရန်ရည်မှန်းထားကြောင်း အောင်လ က ပြောသည်။

7Day Daily
No.352 Friday, April 18, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...