ကွန်ပျုတာမလိုပဲ ဖုန်းထဲကနေ Root လုပ်နည်းနှင့် မြန်မာစာ မြန်ဖောင့်ထည့်သွင်းနည်း





ဒီရက်ပိုင်း Android OS ဖုန်းအသုံးပြုသူတွေအတွက် ဘာဆော့ဝဲရေးရင်ကောင်းမလဲလို့စဉ်းစားရင်းနဲ့

အခုမှဖုန်းစသုံးမယ့်user တွေရော၊သုံးနေကျusers တွေရောလိုအပ်မယ့်ဆော့ဝဲတစ်ခုကိုရေးသားဖြစ်သွားပါတယ်။

ဆော့ဝဲနာမည်ကိုတော့MMAS Root & Font Installer လို့အမည်ပေးထားပါတယ်။ ဒီဆော့ဝဲလေးက

ဘာတွေလုပ်ဆောင်ပေးနိုင်မလဲဆိုရင် ဖုန်းကို root လုပ်ခြင်း ၊ မြန်မာဖောင့်ထည့်ခြင်း

၊ မြန်မာကီးဘုတ်ထည့်ခြင်းများကို MMAS Root & Font Installer တစ်ခုထဲနဲ့တင် ဖုန်းကို root လုပ်နိုင်

၊ မြန်မာ Font ထည့်သွင်းနိုင် ၊ မြန်မာကီးဘုတ်ထည့်သွင်းနိုင်ပြီဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို ကျွန်တော်

အရင်တုန်းကရေးနေကျဆော့ဝဲပုံစံတွေနဲ့မတူဘဲ ဒီဇိုင်း layout

ပိုင်းကိုသိသိသာသာပြောင်းလဲရေးသားထားပါတယ်။ အသုံးများတဲ့ Root Tool တွေဖြစ်တဲ့ vRoot,Baidu

Root ဆော့ဝဲများ ၊ users ရဲ့ဖုန်းတွေကို error အနည်းဆုံးနဲ့ မြန်မာစာထည့်သွင်းပေးမယ့် Z.F.C Zawgyi

Changer ၊ မြန်မာကီးဘုတ်အတွက်အကောင်းဆုံးကီးဘုတ်ဖြစ်တဲ့ Bagan Keyboard Pro တို့ကို MMAS

Root & Font Installer ဆော့ဝဲထဲမှာတစ်ပါတည်းထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် ဖုန်းကို root

လုပ်ချင်သူ ၊ မြန်မာ Font ထည့်ချင်သူ ၊ မြန်မာကီးဘုတ်ထည့်ချင်သူတွေအနေနဲ့ MMAS Root & Font

Installer ဆော့ဝဲကိုဖုန်းမှာသွင်းထားလိုက်ရင် အားလုံးပြည့်စုံသွားမှာဖြစ်ပါတယ်။ MMAS Root & Font

Installer for Android ကို Android 4.0 နှင့်အထက်ဖုန်းတိုင်းမှာအသုံးပြုနိုင်ပါတယ်။

MMAS Root & Font Installer for Android ကို အောက်က link မှာရယူနိုင်ပါတယ်။

Download- MMAS Root & Font Installer(1).apk

MMAS

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...