နာမည်မကြီးတဲ့ယောက်ျားတွေနဲ့တွဲရတာ ပိုပြီးလွယ်ကူပါတယ် လို့ပြောလိုက်တဲ့ မင်းသမီး Scarlett Johansson

Thawdar Myint Han on 2014-04-09 15:49

Scarlett Johnson ဟာ နာမည်မကြီးတဲ့သူတွေနဲ့ date လုပ်ရတာကိုပိုပြီးလွယ်ကူတယ်လို့ထင်နေပါတယ်။
အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်ဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ Ryan Reynolds နဲ့လက်ထက်ခဲ့ပြီး အခုသူမရဲ့လက်ရှိ စေ့စပ်ထားသူ ဂျာနယ်လစ် Romain Dauric နဲ့ဇာတ်လမ်းကအဆင်ပြေနေပြီဖြစ်ပြီး အငြင်းပွားစရာကိစ္စတွေမရှိဘူးလို့ဆိုပါတယ်။

‘နာမည်မကြီးတဲ့သူတွေနဲ့အတူရှိရတာ ပိုပြီးလွယ်ကူပါတယ်။ ကျွန်မတို့မတူညီတဲ့အလုပ်လုပ်တာကြောင့် ထက်ပိုပါတယ်။ သူ (Romain) ကပန်းချီအနုပညာလေကထဲကဖြစ်ပါတယ်။

ကျွန်မတို့မတူညီတဲ့လောကထဲကဖြစ်တဲ့အတွက်အလွန်ကောင်းပါတယ်။ ဒါပေမယ့်ကျွန်မတို့မှာ ရူးမိုက်တဲ့ ပြသနာမှတ်တမ်းတွေနဲ့အခြားဖြေရှင်းစရာ ကိစ္စတွေမရှိပါဘူး’ လို့ မေလထုတ် Vanity Fair မဂ္ဂဇင်းမှာ Scarlett Johanasson ကပြောပါတယ်။

လက်ရှိမှာတော့ Captain America: The Winter Soldier ဇာတ်ကား ရဲ့သရုပ်ဆောင်ငွေကြယ်ပွင့်ဟာ Romain နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီး လက်ထက်ဖို့အတွက် အလျင်လိုနေမှာမဟုတ်ကြောင်းနဲ့ မစီစဉ်ထားပဲလက်ထက်ပွဲကို ကျင်းပနိုင်ကြောင်းပြောပါတယ်။

‘ကျွန်မှဘာကိုမှမစီစဉ်ပါဘူး။ အစီအစဉ်ချတဲ့အပိုင်းမှာ ကျွန်မညံ့ပါတယ်။ ဟုတ်တယ်။ ကျွန်မဘာမှမစီစဉ်ဘူး။ ဆိုင်းမဆင့်ဗုံမဆင့်လုပ်ပစ်မှာ’ လို့ပြောါပတယ်။

မကြာသေးခင်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကိုပြောင်းလာခဲ့တဲ့ Scarlett ဟာ အိမ်မှာနေရတဲ့အရသာကို အပြည့်အ၀ ခံစားပျော်ရွှင်နေပြီး အစားအသောက်တွေ ချက်ပြုတ်နေပါတယ်။ ဒါပေမယ့်လည်းသူမရဲ့ ဟင်းချက်ကျွမ်းကျင်မှုတွေကို တိုးတက်အောင်လုပ်ဖို့ လိုနေသေးကြောင်း ပြောပါတယ်။
‘ကျွန်မဟင်းချက်ပါတယ်။ ဒါပေမယ့် pro တစ်ယောက်မဟုတ်ပါဘူး။

ကျွန်မကြက်သားငရုပ်ကောင်းဟင်းအဖြူထည်ချက်နေပြီးတာ့ ခဏလောက်ပြုတ်ဖို့လိုနေသေးတာနဲ့ ကျွန်မက စောင့်နေတုန်း နှင်းလူရုပ်လုပ်ရအောင်ဆိုပြီး အခြားတစ်နေရာထွက်သွားတယ်။ ၃ နာရီလောက်ကြာတော့။ “ဟာသွားပြီ။ ငါ့ဟင်း” ဆိုပြီးအထဲပြန်ဝင်ကြည့်တော့ အိမ်ထဲမှာ မီးခိုးတွေပြည့်နှက်နေတယ်’ လို့ Scarlett ကသူမရဲ့ဟင်းချက်အတွေ့အကြုံကိုပြောပါတယ်။

Ref:starpulse.com
Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...