ဒီနှစ်သင်္ကြန် ရန်ကုန် Sky Net မဏ္ဍပ်မှာ သီချင်းဆိုရမှာမို့ ရင်တွေခုန်နေတယ်လို့ပြောတဲ့ ၀ါဆိုမိုးဦး


Ko Lynn Photography ခင်ဆွေသက် on 2014-04-11 10:00

သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာပါ ခြေလှမ်းသစ်တွေ ပျိုးနေပြီဖြစ်တဲ့ ၀ါဆိုမိုးဦးက ၂၀၁၄ သင်္ကြန်မှာ သီချင်းဆိုမဲ့အကြောင်း ပြောပြလာတာကြောင့် သူမရဲ့လတ်တလော အနုပညာလှုပ်ရှားမှုများနဲ့ပတ်သတ်ပြီး မေးမြန်းကြည့်ဖြစ်တဲ့အခါ ‘၀ါဆို စင်ကာပူက ပြန်လာတယ်။ ဟိုမှာ ရှိုးသွားလျှောက်တယ်။ ပြက္ခဒိန်သွားရိုက်တယ်။ အခုသင်္ကြန်လဲ နီးပြီဆိုတော ရန်ကုန် Sky net မဏ္ဍပ်မှာ သီချင်းဆိုပါမယ်။ တိုက်ရိုက်လွှင့်မှာဆိုတော့ ၀ါဆို စိတ်အရမ်းလှုပ်ရှားနေတယ်။ သီချင်းတွေကိုလဲ ခုလောလောဆယ် ကျင့်နေတယ်။ သင်္ကြန်ကို စိတ်လှုပ်ရှားနေတယ်။ ၀ါဆိုက အဆိုတော်မဟုတ်တဲ့တွက်ကို သေသေချာချာလေး ပြင်ဆင်ရပါတယ်။ အရင်နှစ်က နေပြည်တော် Ace ဟိုတယ် မဏ္ဍပ်မှာပါ။ မနှစ်က လွတ်လပ်တယ်။ ဒီနှစ်က တိုက်ရိုက်လွှင့်မှာဖြစ်တဲ့တွက် အဲ့ဒီအသိစိတ်တွေက ၀ါဆိုကို စိတ်လှုပ်ရှားစေပါတယ်။ အမှားအယွင်းလဲ မရှိအောင်ပေါ့။ ဒီနှစ်သင်္ကြန်က ပျော်စရာကောင်းမဲ့ သင်္ကြန်လေးဖြစ်မှာပါ။ သင်္ကြန်ကို ချစ်သူနဲ့ တစ်ခါမှမဖြတ်သန်းဖူးဘူး။ သင်္ကြန်ဆို ငယ်ငယ်တုန်းက အပြင်လဲတစ်ခါမှမထွက်ဖူးဘူး။ ပျော်လဲမပျော်ခဲ့ဖူးဘူး။ ဒီအလုပ်လုပ်တဲ့ အချိန်မှသာ အလုပ်နဲ့သင်္ကြန်ဆိုတဲ့ အရသာကို ခံစားရတာ။ ငယ်ငယ်တုန်းကဆို မြန်မာ့ရိုးရာ သင်္ကြန်ကို ပျော်ဖူးချင်တယ်။ ဒီနှစ်ကတော့ လူငယ်တွေ ၀တ်နေကျပုံစံလေးတွေ၊ လည်သာဂျာကင်လေးတွေ ၀တ်ဖြစ်ဖို့များပါတယ်။ အသားအရေပိုင်းကတော့ သေချာလေး ကာကွယ်ရမှာပေါ့နော်။ ငယ်ငယ်တုန်းကဆို အပြင် အရမ်းထွက်ချင်တယ်။ မောင်နှမတွေနဲ့ပဲ နေရတယ်။ လူကြီးတွေက ကားနဲ့လိုက်ပို့ပေးတယ်။ နှစ်ဆန်းတစ်ရက်နေ့တိုင်း ခရီးထွက်ဖြစ်တယ်။ ဒီနှစ်တော့ ငွေဆောင်သွားဖြစ်မယ် ထင်ပါတယ်။ သင်္ကြင်္န်မှာ စိတ်သစ်လူသစ်နဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့’ သူမက ဆုတောင်းပေးလိုက်ပါတယ်။

Trend Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...