Summer Fruits

နွေရာသီ ပြန်ရောက်ပြီဆိုတော့ ရာသီစာ အသီးအနှံများကို စားပေးဖို့ လိုလာပြီနော်။ ဒါက ခန္ဓာကိုယ်တွင်း အပူချိန်ကို ရာသီဥတုနှင့်အညီ ထိန်းသိမ်းနိုင်ဖို့အတွက် စားပေးရတာ ဖြစ်ပါတယ်။

ရေဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေက ကြည့်လိုက်တာနဲ့ တကယ်စားချင်စရာတွေပါ။

ဖရဲသီးရေဓါတ်ကြွယ်ဝ သည့်အပြင် ဗီတာမင် အေ၊ စီပါ ကြွယ်ဝသည့်အတွက် ဒီအသီးအနှံက စားသင့်တဲ့ ရာသီစာ တခုပါပဲ။ ဖရဲသီးကို ဖျော်ရည်ပဲ ဖြစ်ဖြစ်၊ သည်အတိုင်းစားရင်ဖြစ်ဖြစ် မနှစ်သက်တဲ့ သူက အတော်ရှားမှာပါ။ ဒါ့အပြင် သင့်ရဲ့ ကယ်လိုရီ ခြေဖျက်မှုကိုလည်း ကူညီပေးနိုင်တဲ့ အသီးအနှံဖြစ် ပါတယ်။

စတော်ဘယ်ရီ

ဗီတာမင် စီဓါတ် ကြွယ်ဝတဲ့အပြင် အမျှင်ဓါတ်ပါဝင်နှုန်းလဲ မြင့်တဲ့ အသီးအနှံပါ။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်း ဆဲလ် အသစ်ဖြစ်ထွန်းခြင်းနှင့် ကင်ဆာရောဂါအချို့ကို ကာကွယ်ပေးပြန်တယ်လို့ ဆိုပါတယ်။ တခြား ဘယ်ရီ အမျိုးအစားဖြစ်တဲ့ Raspberries နှင့် Blueberries တွေကလဲ အာဟာရပြုဓါတ်အပြင် အသည်းရောဂါ၊ အယ်ဇိုင်းမားလို ရောဂါတွေကိုပါ သက်သာစေပါသတဲ့။

ကီဝီ

ကီဝီသီးကလဲ နွေရာသီမှာ စားသင့်တဲ့ အသီးအနှံ တစ်မျိုးပါ။ သူကတော့ ဗီတာမင် စီနှင့် ကေဓါတ်ပေါ များပြီး အရိုးအဆစ်အတွက် ကောင်းမွန်စေတယ်လို့ သိရပါတယ်။

သေဘာၤသီး

မြန်မာလူမျိုးတိုင်းက သင်္ဘောသီးကို အထူးနှစ်သက်သူတွေလို့ ထင်ပါတယ်။ သဘောင်္သီးအစိမ်းကို သုပ်စား၊ချက်စားနိုင်သလို သင်္ဘောသီးအမှည့်က ကျန်းမာရေးကို အတော်လေး အထောက်ကူပြုစေပါ တယ်။ သဘောင်္သီးမှည့်က ၀မ်းချုပ်တတ်သူတွေအတွက် အထူးကောင်းမွန် သလို၊ နေ့တိုင်း စားပေးပါက ၀မ်းမှန်ပြီး အပူကိုပါ ငြိမ်းစေတဲ့ အတွက် နွေရာသီမှာ ပုံမှန်စားသင့်တဲ့ အသီးအနှံ တစ်မျိုးပါပဲ။

ref;MM Social Sky
 http://lwanmapyay.blogspot.com/

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...