ဆယ်ကျော်သက် လူငယ်များ၏ tablet နှင့် ကွန်ပျူတာမှဗီဒီယို ကြည့်ရှုမှုနှုန်း တီဗွီထက်ပိုများဟုဆို

အတွဲ (၁၅)၊ အမှတ် (၁၄)

photo:google

အသက် ၁၄ နှစ်မှ ၂၄ နှစ်အရွယ် လူငယ်များသည် ဗီဒီယိုကြည့်ရှုရာတွင် တီဗွီတွင်ကြည့်ရှုခြင်းထက် ကွန်ပျူတာများ၊ စမတ်ဖုန်းများ၊ tablet များနှင့် ဂိမ်းစက်များမှ ကြည့်ရှုခြင်းကို ပိုမိုပြုလုပ်ကြကြောင်း Deloitte ၏လေ့လာတွေ့ရှိချက် တစ်ရပ်အရသိရသည်။

အဆိုပါ လူငယ်များအနက် ၃၂ ရာခိုင်နှုန်းသည် ၎င်းတို့၏ကွန်ပျူတာများပေါ်တွင် ဗီဒီယိုကြည့်ရှုကြပြီး ၇ ရာခိုင်နှုန်းမှာ tablet များပေါ်မှကြည့်ရှုကြကြောင်း ဆိုသည်။

အသက် ၆၇ နှစ်နှင့် အထက် ၉၇ ရာခိုင်နှုန်းသည် ဗီဒီယိုများကိုတီဗွီတွင် ကြည့်ရှုကြပြီး အသက် ၂၅ နှစ်မှ ၃၀ နှစ်အရွယ် ၅၃ ရာခိုင်နှုန်းမှာလည်း တီဗွီပေါ်တွင်သာ ဗီဒီယိုကြည့်ရှုကြကြောင်း သိရသည်။

အကယ်၍ tablet နှင့်ကွန်ပျူတာများပေါ်မှ ဗီဒီယိုကြည့်ရှုမှုနှုန်း ဆက်လက်မြင့်တက်လာပါက 4K တီဗီထုတ်လုပ်သူများအနေဖြင့် ၎င်းတို့၏ အာရုံစိုက်မှုကို ပြန်လည်စဉ်းစား သုံးသပ်ရန်လိုအပ်လာဖွယ် ရှိသည်။

-နောင်နောင်
Ref: Engadget
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...