ရည်းစားဟောင်းရဲ့ ကျောပြင်မှာ မစင်ပုံ tattoo ဆွဲသူ တရားစွဲခံရ



ထူးထူးဆန်းဆန်း သတင်းတစ်ခုပါပဲ။ တက်တူးဆရာ Ryan Fitzgerald ဟာ တစ်နေ့မှာတော့ သူ့ကောင် မလေး အမြဲပူဆာနေတဲ့ Narnia ရုပ်ရှင်ထဲက အခန်းတစ်ခန်းမှာပါတဲ့ ခြင်္သေ့ရုပ်ကြီးကို ရေးဆွဲပေးဖို့ သဘောတူလိုက်ပါတယ်။

တက်တူး မဆွဲပေးခင်မှာ သူမကို အရက်အနည်းငယ်တိုက်လိုက်ပါသေးတယ်။ ၎င်းနောက် တက်တူးဆွဲ လိုကြောင်း လက်မှတ်ထိုးခိုင်းပါတယ်။ လက်မှတ်ထိုးပြီးနောက် သူမ မှောက်လျက်အနေအထားဖြင့် ရှိနေခဲ့ပြီး သူမရဲ့ ကျောပြင်မှာ ဘာပုံဆွဲနေတယ်ဆိုတာကိုတော့ တက်တူးမပြီးခင်အထိ မသိခဲ့ရပါဘူး။ တက်တူးဆွဲပြီးတဲ့အခါမှ ရွံရှာဖွယ်ရာ မစင်ပုံကြီး သူမကျောပြင်မှာတွေ့လိုက်ရတဲ့အခါ အလွန်ဒေါသ ထွက်ပြီး တရားစွဲခဲ့တာပါ။

တက်တူး ပညာရှင် ရိုင်ယန်ဆိုသူ သူ့ရဲ့ရည်းစားဟာ ၎င်းအခင်ဆုံးသူငယ်ချင်းနဲ့ ဖောက်ပြန်နေတာကို သိလိုက်ရတဲ့အခါ Narnia ရုပ်ရှင်ထဲမှ ခြင်္သေ့ရုပ်ပုံဆွဲပေးမည်ဆိုပြီး မစင်ပုံကြီးဆွဲကာ လက်စားခြေလိုက် တာဖြစ်ပါတယ်။ ထိုလက်စားခြေမှုကြောင့် တရားရုံးမှာ ဒေါ်လာတစ်သိန်း ($100,000) ပေးလျော်ခဲ့ရ ပါတယ်။

Myanmar CNN

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...