Telenor ရဲ့ မိုဘိုင်းဖုန်းကွန်ရက်ကို ယနေ့စတင် အသုံးပြု

အတွဲ (၁၅)၊ အမှတ် (၁၅)


Telenor ရဲ့ မိုဘိုင်းဖုန်းကွန်ရက်ကို ယနေ့စတင် စမ်းသပ်အသုံးပြုခဲ့ပါတယ်။ Telenor အနေနဲ့ Data နှင့် Voice နှစ်မျိုးလုံးပါဝင်တဲ့ မိုဘိုင်းဖုန်းကွန်ရက်ကို အသုံးပြုနိုင်ဖို့ Data Center တစ်ခုကို တည်ဆောက်ခဲ့ တာပါ။ ရန်ကုန်မြို့ရှိ အဆိုပါ Data Center ဟာဆိုရင် မိုဘိုင်းဖုန်းလိုင်း ၁၀ သန်းကနေစတင်ပြီးတော့ မိုဘိုင်းဖုန်းလိုင်း အကန့်အသက်မရှိကို ထိန်းချုပ်ထားနိုင်တယ်လို့ Telenor Myanmar က ပြောဆိုခဲ့ပါတယ်။ ၎င်းတို့အနေနဲ့ မြန်မာနိုင်ငံမှာ Data Center နှစ်ခုကို တည်ဆောက်သွားမှာ ဖြစ်ပြီးတော့ ဒုတိယမြောက် Data Center ကိုတော့ မန္တလေးမြို့မှာ လာမယ့် တစ်လအကြာ ကာလအတွင်း ထပ်မံတည်ဆောက်သွား မယ်လို့ သိရပါတယ်။ စက်တင်ဘာလအတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ကို စတင်ရောင်းချပေးရန် ကတိပေးထားတဲ့ Telenor Myanmar ဟာဆိုရင် တစ်နှစ်တာအတွင်း တာဝါတိုင်ပေါင်း ၂၄၀၀ ကို တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ Telenor ရဲ့ Core Network ကို Huawei က တည်ဆောက်ပေးခြင်းဖြစ်ပြီး စက်ပိုင်းဆိုင်ရာများကိုတော့ Ericsson နဲ့ Wipro က ဖြည့်ဆည်းပေး ထားတာပါ။ ဒါ့အပြင် ၎င်းအတွက် တာဝါတိုင်တည်ဆောက်မှုကိုတော့ Apollo Towers နဲ့ Irrawaddy Green Technology တို့က လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ တည်ဆောက်ထား တဲ့ Telenor ရဲ့ Data Center ဟာ နှစ်လအကြာကာလအတွင်း တည်ဆောက်နိုင်ခဲ့ တာဖြစ်လို့ ကမ္ဘာပေါ်မှာ အမြန်ဆုံးတည်ဆောက်နိုင်ခဲ့တဲ့ Data Center ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီ Data Center ဟာ Telenor တည်ဆောက်ခဲ့တဲ့ Data Center တွေထဲမှာ အကြီးမားဆုံး Data Center ဖြစ်တယ် လို့လည်း ဆိုပါတယ်။ Telenor ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ Ooredoo ကတော့ ၎င်းရဲ့ကွန်ရက်အတွင်းမှာ အသံပေးပို့ခြင်း ၊ စာတိုပေးပို့ခြင်းနဲ့ အင်တာနက်အသုံးပြုခြင်းကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ မတ်လ ပထမအပတ်အတွင်းက ထုတ်ပြန်သွားပါတယ်။ ဒါပေမယ့် Telenor လိုတော့ Data Center တွေနဲ့ အသုံးပြုနိုင်တဲ့ စွမ်းဆောင်ရည်တွေကို ထုတ်ဖော်ပြသခဲ့ခြင်းမရှိပါဘူး။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...