Terminal ပေါ်ကနေ အင်တာနက် ကွန်နက်ရှင်အမြန်နှုန်း စမ်းသပ်ခြင်း

အတွဲ (၁၅)၊ အမှတ် (၁၅)


Ubuntu အသုံးပြုသူတွေအတွက် Terminal ကနေ ကိုယ်အသုံးပြုနေတဲ့ အင်တာနက်လိုင်းရဲ့ အမြန်နှုန်းကို စမ်းသပ်ချင်တယ်ဆိုရင် အလွယ်တကူနဲ့ စမ်းသပ်နိုင်မှာဖြစ်ပါတယ်။ ကိုယ်အသုံးပြုနေတဲ့ အင်တာနက်ကွန်နရှင်ရဲ့ အမြန်နှုန်းက ဘယ်လောက်ရှိတယ်၊ Dodwnload Speed က ဘယ်လောက်ရှိတယ်၊ Upload Speed က ဘယ်လောက်ရှိတယ်ဆိုတာကို သိရှိနိုင်ဖို့အတွက်သာမက ကိုယ်အသုံးပြုနေတဲ့လိုင်းရဲ့ IP Address တွေကိုပါ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Ubuntu OS ရဲ့ Terminal ကနေ အင်တာနက်ကွန်နက်ရှင်ကို စမ်းသပ်ဖို့အတွက်ဆိုရင် Speed Test ကို ထည့်သွင်းအသုံးပြုရမှာ ဖြစ်ပါတယ်။ ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို ပထမဦးဆုံး Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီးဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ အရင် Package တွေ ကို Update ပြုလုပ်ရမှာဖြစ်ပါတယ်။ Update ပြုလုပ်ပြီးပြီဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံလုပ်ပေးရပါ မယ်။

နောက်တစ်ဆင့်ကတော့ Speed Test ကို Download Install ပြုလုပ်ဖို့အတွက် Terminal မှာ ဖော်ပြပါ Command ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမထည့်သွင်းခင်မှာ ပထမဆုံး Terminal ကနေ Root Access ရဖို့အတွက် sudo su ဆိုတာကို ရိုက်ထည့်ပေးပါ။ Password တောင်းရင် Root Account ရဲ့ Password ကို ရိုက်ထည့်ပေးရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ပြီးသွားပြီဆိုရင် Speed Test ကိုထည့်သွင်းဖို့အတွက်-

wget https://raw.github.com/sivel/speedtest-cli/master/speedtest_cli.py -O /usr/bin/speedtest-cli

ဆိုတဲ့ Command ကို ထည့်သွင်းပေးရမှာဖြစ်ပါတယ်။ ပြီးသွားရင် chmod +x /usr/bin/speedtest-cli ဆိုတဲ့ Command ကို ထပ်ထည့်သွင်းပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ ကိုယ့်ရဲ့ အင်တာနက်ကွန်နက်ရှင်ကို Terminal ကနေ စစ်ဆေးမယ့် Command ကတော့ speedtest-cli –share ဆိုတဲ့ Command ကို အသုံးပြုရမှာပါ။

ဒါဆိုရင် Terminal မှာ ကိုယ်အသုံးပြုနေတဲ့ အင်တာနက်ကွန်နက်ရှင်က ဘယ်နိုင်ငံကနေ အသုံးပြုနေတယ်။ IP နံပါတ်က ဘယ်လောက် ဆိုတာတွေကို ဖော်ပြမှာဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင် Download Speed, Upload Speed အစရှိတာတွေကိုပါ ကြည့်ရှုပြီး စစ်ဆေးပေးမှာဖြစ်ပါတယ်။ ဒါ့အပြင် Result ကို .png ဖိုင်နဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...