လူမှုကွန်ရက်(Twitter ) ရဲ့ အစွမ်းနဲ့ တစ်နှစ်ကို အမျိုးသမီး ၂၀၀ နဲ့ အိပ်တဲ့သူ



လူမှုကွန်ရက်ရဲ့ အစွမ်းနဲ့ တစ်နှစ်ကို အမျိုးသမီးရာကျော်နဲ့ အိပ်စက်ခဲ့တယ် လို့ အသက် ၂၅ နှစ်ရှိ အမျိုးသား တစ်ဦးက ၀န်ခံခဲ့ပါတယ်။

အဆိုပါ အမျိုးသားကတော့ Ben James ဖြစ်ပြီး သူဟာတစ်နှစ်ကို အမျိုးသမီး ၂၀၀ ကျော်နဲ့ အိပ်စက်ခဲ့တ ယ်လို့ သိရပါတယ်။ ယင်းအမျိုးသမီးတွေကိုတော့ တွစ်တာ မှာ စကားပြောခဲ့တာ ဖြစ်ပါတယ်။

အပြောကြွယ်တဲ့ စာသားမက်ဆေ့ခ်ျတွေကို အမျိုးသမီးများထံ ပို့ခဲ့ပြီး တစ်နေ့ကို ရာကျော်တဲ့ ပြန်စာတွေ နဲ့ ကိုယ်တိုင် ရိုက်ကူးထားတဲ့ ကိုယ်လုံးချွတ်ဓါတ်ပုံတွေပါ ကောင်မလေးတွေဆီက ပြန်ရခဲ့ပါတယ်။

သူနဲ့ အတူအိပ်ဖို့ တောင်းဆိုကြတဲ့ ကောင်မလေး နစ်ယောက် သုံးယောက် ရှိပြီး သူ့မှာလည်း တွစ်တာ ရည်းစား တစ်ပြိုင်တည်းမှာ လေးငါးယောက် ရှိတယ်လို့ ပြောပါတယ်။ လန်ဒန်တောင်ပိုင်း Croydon မှာနေ ထိုင်တဲ့ Ben ဟာ တွစ်တာမှာ ကျော်ကြားသူတစ်ယောက် ဖြစ်ပြီး သူ့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုကို ကိုယ်တိုင် ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကြောင့် ရေပန်းစားသူ တစ်ဦးလို့ ပြောနိုင်ပါတယ်။



သူ့ရဲ့ လူမှုကွန်ယက်မှာ ၇သောင်း၎ထောင်ကျော် follower ရှိပြီး မိန်းကလေးတွေကြားမှာ အောင်မြင်ရ တဲ့ သော့ချက်ကတော့ ဘယ်သူမှ သူ့လောက် စကားပြော မရဲဘူးလို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ မိန်းကလေးတွေ ကြွေအောင် ဘယ်သူ့မှ သူ့လိုမပြောရဲလို့ ဖြစ်နိုင်ပါတယ်။

သူဟာ သူ့မိခင်ဖြစ်သူ ကျန်းမာရေးစောင့်ရှောက်မှု ၀န်ထမ်းနဲ့ အတူနေထိုင်ပြီး သူ့ရဲ့ မိန်းကလေးတွေကို အိမ်ကိုခေါ်လာလေ့ရျိပါတယ်။ အဲဒီအတွက် သူ့မိခင်က ဘာမှ မပြောပါဘူးတဲ့။ ဘာကြောင့်လဲ ဆိုတော့ သူမသားမှာ ရည်းစားတစ်ယောက်ပဲ ရှိပြီး အဲဒီတစ်ယောက်ကိုပဲ အိမ်ခေါ်လာတယ် ထင်လို့ ဖြစ်ကြောင်း Benn ကပြောပါတယ်။


Bennရဲ့ လက်ရှိ ချစ်သူနဲ့အတူ

သူ့ရဲ့ ဖခင်ကလည်း သူငယ်စဉ်က ပွေရှုပ်သူတစ်ဦး ဖြစ်ပြီး သူ့ကိုတော့ ပိုစွံ ပိုသွက်တယ်လို့ ထင်နေကြောင်း ပြောပါတယ်။

သူဟာ တီဗွီ အစီအစဉ် ထုတ်လုပ်သူတစ်ဦး ဖြစ်ပြီး လောလောဆယ်မှာတော့ “it’s a London Thing” လို့ ခေါ်တဲ့ ရှိုးတစ်ခုအတွက် လုပ်ကိုင်နေကြောင်း သိရပါတယ်။

ref: dailymail
World Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...