နှလုံးညှစ်အားနည်းသူများအတွက် UK တွင် နောက်ဆုံးပေါ်ကုထုံးဖြင့် ခွဲစိတ်ကုသခြင်း


Source of the picture BBC

နှလုံးညှစ်အားနည်းနေတဲ့ လူနာများကို နှလုံးအားကောင်းလာအောင် ခွစြိတ်တဲ့အခါနှလုံးရပ်စရာ မလိုတဲ့ နှလုံးခွဲစိတ်ကုထုံးအသစ်နဲ့ UK မှာ ပထမဆုံးအကြိမ် စတင်ကုသလိုက်ပြီ ဖြစ်ပါတယ်။ နှလုံး ညှစ်အားနည်းနေတဲ့ လူနာတွေဟာ သွေးကိုကောင်းကောင်း ညှစ်မထုတ်နိုင်တာကြောင့် နည်းနည်း ပါးပါးလှုပ်ရှားမှု လုပ်ရင်တောင် မောဟိုက်နေလေ့ ရှိပါတယ်။

နှလုံးခွဲစိတ်ဆရာဝန်တွေက နှလုံးမှာရှိတဲ့ အမာရွတ်တွေကို အပ်ချုပ်သလိုပဲ “နှလုံးချုပ်ခြင်း” နဲ့ ကြီးနေတဲ့ နှလုံးကို သေးအောင်လုပ်ပြီး နှလုံးကို ညှစ်အားကောင်းလာအောင် ချုပ်လုပ်ပါတယ်။

အဲဒီလို ခွဲစိတ်မှုကို London မြို့ King's College Hospital မှာစတင်ပြီးလုပ်ခဲ့ပါ တယ်။ နှလုံးညှစ်အား နည်းစေတဲ့ အကြောင်းရင်းတွေထဲမှာ နှလုံးသွေးကြော ရုတ်တရက်ပိတ်ပြီးရတဲ့ heart attack ပါပါတယ်။ heart attack ရတဲ့အခါ ပိတ်ဆို့ခံရတဲ့ နှလုံးသွေးကြောတွေက ပံ့ပိုးထားတဲ့ နှလုံးကြွက်သားတွေ သေ သွားပြီး အမာရွတ်တွေနဲ့ အစားထိုးပါတယ်။ နှလုံးအမာရွတ်တွေဟာ ကြွက်သားတွေလို ညှစ်အားမရှိပါဘူး။

တဖြည်းဖြည်းနဲ့ ကြာလာတဲ့အခါ အမာရွတ်တွေကြောင့် နှလုံးအခန်းဟာ ပိုပြီး ကြီးလာတာနဲ့အမျှ နှလုံးက ညှစ်ထုတ်ရတဲ့ သွေးပမာဏကလည်း များများလာပါတယ်။ နောက်ဆုံးရလာဒ်ကတော့ အားနည်းလာတဲ့ နှလုံးဟာ အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပဲ လူနာအနေနဲ့ လှေခါး တက်တာမျိုး ကိုတောင် မလုပ်နိုင်တော့ပဲ အရမ်းကို မောဟိုက်လာပါတော့တယ်။ အခုလို ခွဲစိတ်တဲ့အခါ ခွဲစိတ်ဆရာဝန် က ၀ိုင်ယာကြိုးကို အသုံးပြုပြီး နှလုံးရဲ့ ကောင်းတဲ့အပိုင်းတွေကို ပူးပြီး ချုပ်လိုက်ပါတယ်။ အဲဒီအခါမှာ နှလုံး အခန်းက ကျယ်နေရာကနေ ပုံမှန်နီးပါး ပြန်ဖြစ်သွားပါတယ်။

London အရှေ့မြောက်ပိုင်း Bromley မြို့က ၅၈ နှစ်အရွယ် Sevket Gocer ဆိုတဲ့ လုနာကတော့ UK ရဲ့  ပထမဆုံး လူနာပါပဲ။ နှလုံးခွဲစိတ်ပြီးတဲ့အခါမှာ တော့ သိသိသာသာကြီးကို နေလို့ အရမ်းကောင်း လာကြောင်း သူက ပြောပါတယ်။

အလားတူခွဲစိတ်မှုမျိုးကို ရင်ခေါင်းကိုခွဲ၊ နှလုံးကိုရပ်ပြီးတော့ ခွဲစိတ်လို့ ရပါတယ်။ ဒါပေမဲ့ လူနာတွေကို အန္တရာယ်များတဲ့အတွက် အဲဒီခွဲစိတ်မှုတွေကို မသုံးကြတော့ပါဘူး။

ခွဲစိတ်ဆရာဝန်တွေကတော့ အခုလို နှလုံးကိုမရပ်ပဲ ခွဲစိတ်တဲ့ အန္တရယ်နည်းပါးတဲ့ ခွဲစိတ်မှုမျိုးကတော့ လူနာတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ကြပါတယ်။

a professor of cardiac surgery at King's College Hospital က နှလုံးခွဲစိတ်ပါမောက္ခတစ်ဦးဖြစ်တဲ့ Mr Olaf Wendler က BBCကိုပြောတာကတော့ “ဒီလိုခွဲစိတ်တဲ့ ကုထုံးမျိုးကို UK မှာ ပထမဆုံးအနေနဲ့ ကျနော်တို့ စလိုက်ပါပြီ၊ လူနာကို နှလုံးရပ်ဖို့ မလိုတော့ဘူး၊ heart-lung machine လို့ခေါ်တဲ့ နှလုံး-အဆုတ်စက်ပေါ် လူနာရဲ့ အသက်ကို အပ်ထားစရာ မလိုတော့ဘူး” လို့ သူက ဆိုပါတယ်။

“ဒီခွဲစိတ်ကုထုံးဟာ ခွဲတဲ့ဝန်ပိတာနည်းပြီး အန္တရာယ် နည်းပါတယ်”

သူက “ဒီခွဲစိတ် ကုထုံးကို ဥရောပတစ်ခွင်က ဆေးရုံတွေမှာ စပြီးသုံးနေပြီ၊ လူနာတွေအတွက် အတော်ကို အကျိုးရှိလိမ့်မယ်”လို့ပြောပါသေးတယ်။

သူက ထပ်ပြီးတော့ “ခွဲစိတ်မှု အောင်မြင်ရင် လူနာတွေရဲ့ သွားလာ လှုပ်ရှားမှုကိုတိုးတက်စေပြီး သွားသွား လာလာလုပ်နိုင်မယ်၊ သာရေးနာရေးတွေလည်း သွားလာနိုင်မယ်” လို့ ပြောလိုက်ပါတယ်။
British Heart Foundation ရဲ့ တွဲဘက်ဆေးပညာညွှန်ကြားရေးမှုးတစ်ဦးဖြစ်တဲ့ Prof Jeremy Pearson ကပြောတာကတော့ “ဒီသုသေသနလုပ်ပြီးရင်တော့ ဒီလိုခွဲစိတ်ကုထုံးဟာ လူနာတွေအတွက် အန္တရာယ်ကင်းမကင်း သိရပါလိမ့်မယ်” တဲ့။

“ဒီသုသေသနက အောင်မြင်တယ် ဆိုရင်တော့ ခွဲစိတ်ဆရာဝန်တွေ အတွေ့အကြုံပိုပြီးရလာတာနဲ့အမျှ ဒီကုထုံးကို ပိုပြီးတော့ သုံးလာကြလိမ့်မယ်၊ ဒီကုထုံးနဲ့ လူနာတွေပိုပြီး အကုခံလာကြတာနဲ့အမျှ လူနာတွေ အတွက် ကောင်းကျိုးရှိမရှိ ပိုပြီး သိလာကြပါလိမ့်မယ်”

ကျန်းမာရွှင်လန်းကြပါစေ

မြန်မာနှလုံးဖောင်ဒေးရှင်းရဲ့ စာမျက်နှာ https://www.facebook.com/pages/Myanmar-Heart-Foundation/560619810651716 ကို Like လုပ်ဖို့ Invite လုပ်ပေးခြင်း၊Share လုပ်ခြင်းများဖြင့် အကုအညီပေးပါရန် ပန်ကြားအပ်ပါသည်။)

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...