University of New South Wales (Australia) မှ မြန်မာကျောင်းသူ၊ ကျောင်းသားများ အတွက် Foundation Year ပညာသင်ဆု ပေးမည်

အတွဲ (၁၅)၊ အမှတ် (၁၅)
www.universitas21.com
သြစတြေးလျရှိ University of New South Wales တွင် Foundation Year Program တက်ရောက် ပညာသင်ကြားလို သည့် မြန်မာနိုင်ငံမှ အထက်တန်း IGCSE, GCE "O" Level အောင်မြင်ထား သည့် ကျောင်းသူ၊ ကျောင်းသားများအား UNSW မှ ပညာသင်ဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း Edulink Australia မှ သိရသည်။

အဆိုပါ ပညာသင်ဆုတွင် UNSW ၏ Foundation Program ကို သင်ကြားမည့် မြန်မာကျောင်း သား၊ ကျောင်းသူများအတွက် သြစတြေးလျဒေါ်လာ ၅၀၀၀ နှင့်ညီမျှသော ပညာသင်ဆုကို ၂၀၁၃ ခုနှစ် July Intake (Standard Plus Program) နှင့် October Intake (Standard Program) တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။

ပညာသင်ဆုလျှောက်ထား လိုသူသည် တက္ကသိုလ်ဝင်တန်း ရမှတ် ၇၅ ရာခိုင်နှုန်းနှင့် အထက် (သို့) IGCSE ရမှတ် 18 Point (အနည်းဆုံး လေးဘာသာ) ရရှိထားသူ (သို့မဟုတ်) IB Program အတွက် 14 Points (အနည်းဆုံး လေးဘာသာ) (သို့မဟုတ်) SAT ရမှတ် ၁၅၀၀ ထက် မနည်းစေဘဲ High School Year 12 Result ကို ပူးတွဲတင်ပြရမည် ဖြစ်သည်။ ၎င်းတို့အပြင် IELTS 6.0 (သို့မဟုတ်) TOEFL 550 ထက်မနည်း ရရှိ ထားရမည် ဖြစ်ကြောင်း သိရသည်။

Foundation Year Program ပြီးဆုံးအောင်မြင်သူများ အနေဖြင့် University of New South Wales၏ Medicine, Business, Engineering, Architecture, Design, Health, Science, Law အစရှိတဲ့ Undergraduate Program ကို တက်ရောက်ခွင့် ရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။ပညာသင်ဆုလျှောက် ထားလိုသော ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် ၂၀၁၄ ခုနှစ်၊ မေလ ၁၅ ရက်ထက် နောက်မကျဘဲ Edulink Australia တိုက် (၄)၊ Junction Square, ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်း-၀၁-၂၃၀၅၆၉၉၊ ၀၉-၇၃၁၉၆၃၅၀ သို့ ဆက်သွယ် စုံစမ်းလျှောက်ထားနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...