University of New South Wales ၏ ပညာသင်ဆု လျှောက်ထားနိုင်

အတွဲ (၁၅)၊ အမှတ် (၁၄)
University of New South Wales (UNSW) ၏ Foundation Program ကို သင်ကြား မည့် မြန်မာကျောင်း သားများအတွက် Australia Dollar 5000 နှင့် ညီမျှသော ပညာသင်ဆုကို ယခုနှစ် July Intake (Standard Plus Program) နှင့် October Intake (Standard Program) တက်ရောက်မည့် ကျောင်း သားများ အနေဖြင့် ပညာသင်ဆု ကို လျှောက်ထားမည် ဆိုပါက မေလ ၁၅ ရက်ထက် နောက်မကျ ဘဲ လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။

Scholarship လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်း ရမှတ် ၇၅ ရာခိုင်နှုန်းနှင့် အထက် (သို့မဟုတ်) IGCSE ရမှတ်၊ 18 Points (အနည်းဆုံး လေးဘာသာ) ရရှိထားသူ (သို့မဟုတ်) IB Program အတွက် 14 Points (အနည်းဆုံး ဘာသာ) (သို့မဟုတ်) SAT ရမှတ် ၁၅၀၀ ထက်မနည်းစေဘဲ High School Year 12 Result ကို ပူးတွဲ တင်ပြရမည် ဖြစ်ပြီး IELTS 6.0 (သို့မဟုတ်) TOEFL 550 ထက်မနည်း ရရှိထားရမည် ဖြစ်သည်။

အဆိုပါ University of New South Wales တွင် ပညာ သင်ကြားလိုသည့် အထက်တန်း IGCSE, GCE "O" Level အောင်မြင်ထားသူများအနေဖြင့် UNSW ၏ Foundation Program ကို အရင် သင်ကြား ရမည်ဖြစ်ပြီး UNSW ၏ အဓိက သင်ကြားရေး ဌာနကြီးများ ဖြစ်သည့် Arts and Social Sciences, Business Built Environment, Fine Arts, Engineering, Laws, Medicine နှင့် Science တို့အောက်ရှိ မိမိ တက်ရောက်လိုသည့် Degree ကို ဆက်လက် သင်ကြားနိုင်မည် ဖြစ်သည်။

အသေးစိတ် သိရှိလိုပါက Australian Visa & Student Services (AVSS Myanmar) ဖုန်း-၀၉-၄၅၀၀၀၆၉၄၄၊ ၀၉-၄၅၀၀၀၆၉၅၅ သို့ ဆက်သွယ် စုံစမ်း လျှောက်ထားနိုင်သည်။

Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...