လက်ပတ်နာရီသဖွယ် ဝတ်ဆင် အသုံးပြုနိုင်သည့် Watch Phone (Touch Screen)

 
အတွဲ (၁၅)၊ အမှတ် (၁၄)


နာရီအနေဖြင့်သာမက ဟန်းဆက်အဖြစ်ပါ အသုံးပြုနိုင်တဲ့ Watch Phone မော်ဒယ်သစ်တစ် မျိုး နေပြည်တော်ဈေးကွက်ထဲ ထပ်မံဝင်ရောက်လာပါတယ်။ မော်ဒယ်က MQ998 Cell Phone Watch Mobile ဖြစ်ပါတယ်။ BT Headset ဖြင့် ချိတ်ဆက် အသုံးပြုနိုင်သလို မျက်နှာပြင်ကိုလည်း ထိတွေ့စေခိုင်းနိုင်တဲ့ နာရီဟန်းဆက်ဖြစ်ပါတယ်။ Mini SIM ထည့်သွင်းအသုံးပြုရမှာဖြစ်ပြီး Network ပိုင်းအနေဖြင့် Quad-Band GSM 850/900/1800/1900 တွေနဲ့ ထည့်သွင်းချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။ Memory အတွက် Micro SD Card ဖြင့် 4GB အထိ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဖုန်းပြောဆိုခြင်း၊ ဖုန်းခေါ်ခြင်း၊ SMS, MMS ဖတ်ရှုခြင်း/ပေးပို့ခြင်းတို့ ပြုလုပ်နိုင်ပါတယ်။

နာရီမျက်နှာပြင် Display ကို ထိတွေ့စေခိုင်းနိုင်တဲ့ ၁.၅ လက်မအရွယ် TFT 260K Touch Screen ကို အသုံးပြုထားပါတယ်။ Built-in Multi Language, FM, 1.3MP ရှိကင်မရာ၊ Bluetooth 2.0, USB 2.0, Media Player, MP4 စတာတွေ ထောက်ပံ့ပါဝင်ပါတယ်။ LINN IT Solution Center I, II, III (နေပြည်တော်) ဖုန်း-၀၆၇- ၂၂၈၈၄ နှင့် ၂၃၈၈၄ သို့ ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

-ကျော်ဇေယျ
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...