Web Design လေ့လာလိုသူများအတွက် ဝက်ဘ်ဆိုက် အသစ်လွှင့်တင်

အတွဲ (၁၅)၊ အမှတ် (၁၅)


အင်တာနက်အတွင်း Web Design&Development ရေးသာရန်နှင့် Graphic Design များရေးသားရန် စိတ်ဝင်စားသူများအတွက် လွယ်ကူစွာလေ့လာနိုင်ရန် ဝက်ဘ်ဆိုက်အသစ်တစ်ခု လွှင့်တင်လိုက်ကြောင်း infodias computer center သင်တန်းကျောင်းမှ သိရသည်။

ဝက်ဘ်ဆိုက်လိပ်စာမှာ www.infodias.com ဖြစ်ပြီး Joomla 2.5 ကိုအသုံးပြု တည်ဆောက်ထားသည့် CMS (Contact Mangement System) ဝက်ဘ်ဆိုက်ဖြစ်သည်။

အဆိုပါ ဝက်ဘ်ဆိုက်တွင် ဝက်ဘ်ဆိုက်အတွင်းတွင် HTML, CSS, PHP, CMS တို့ကိုလေ့လာနိုင်ရန် အတွက် Resource Link များ ၊ Photos Resource Link များ၊ Clip Art နှင့် Font အလှ, Logo Resource Link များ၊ မြန်မာဘာသာနှင့် Photoshop Tutorial သင်ခန်းစာများ ၊ ကျောင်းသား၊ ကျောင်းသူများ၏ ဝက်ဘ်ဆိုက်နှင့် PHP & MySQL project များကိုထည့်သွင်း ထားကြောင်းသိရှိရပြီး ဆက်လက်၍ မြန်မာ ဘာသာနှင့် သင်ခန်းစာမျာကို ဆက်လက်လွှင့်တင်သွားမည် ဖြစ်ကြောင်းသိရသည်။

သင်တန်းကျောင်းအနေဖြင့် Web Site Onjob Training အတန်းကို လုပ်ငန်းခွင်ပုံစံ ဖွင့်လှစ်သင်ကြား လျှက်ရှိပြီး အခြားသင်တန်းများအဖြစ် Graphic Designသီးသန့်၊ Special Web Design, Joomla CMS သင်တန်းများကိုလည်း သင်ကြားလျှက်ရှိသည်။ ရုံးချိန်လွတ်တန်းခွဲများ ဖွင့်လှစ်လျက်ရှိပြီး သင်တန်းကြေး များကို အရစ်နှင့်ပေးသွင်းနိုင်မည်ဖြစ်သည်။ အသေးစိတ် အချက်အလက်များကို ဖုန်း- ၀၉၇၃၂၁၉၀၉၀၊ ၅၂၆၁၂၅ တိုက်(၅) အခန်း (၁၉) တတိယထပ် ၊ လှိုင်ရတနာအိမ်ရာ၊ ရန်ကုန်-အင်းစိန်လမ်းမကြီး၊ လှိုင်မြို့နယ်သို့ ဆက်သွယ်စုံစမ်းနိုင်သည်။


Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...