Webster University ၏ Thailand Campus မှပညာသင်ဆုနှင့် အာရှတိုက်သားများအတွက် ပညာသင်ထောက်ပံ့ ကြေးများပေးမည်

အတွဲ (၁၅)၊ အမှတ် (၁၅)


ထိုင်းနိုင်ငံရှိ အမေရိကန်ကျောင်းခွဲတစ်ခု ဖြစ်သော Webster University တွင်ပညာသင်ဆုနှင့် အာရှတိုက် သားများအတွက် ပညာသင်ထောက်ပံ့ကြေးများကို မြန်မာကျောင်းသား ၊ကျောင်းသူများ လျှောက် ထားနိုင်ကြောင်း Myanmar Search International မှ သိရသည်။

အဆိုပါ ခံစားခွင့်ကို အမေရိကန်ပညာရေးပြင်ပဘွဲ့ဒီဂရီရယူလိုသော ကျောင်းသားများ၊ ကျောင်းသူ များ လျှောက်ထားနိုင်ပြီး ၂၀၁၄ မေလနှင့် သြဂုတ်လ ကျောင်းဖွင့်ချိန်များအတွက်လျှောက်ထား နိုင် မည်ဖြစ်ကြောင်းသိရသည်။

Webster University (Thailand Campus) ၏ကျောင်းလခမှာ ဘွဲ့ဒီဂရီတန်း ၄ နှစ်အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၄၈,၀၀၀ ဝန်းကျင်ပညာသင်ဆု ခံစားခွင့်မပါ ကျောင်းလခဖြစ်ပြီး ဘွဲ့လွန်သင်တန်း ကာလ ၁၅ လမှ လ ၂၀ အတွက် အမေရိကန်ဒေါ်လာ ၁၆,၀၀၀ မှ ၂၃,၀၀၀ ဝန်းကျင် (ပညာသင်ဆု ခံစားခွင့်မပါ ကျောင်းလခ) တို့ဖြစ်ရာ ယခုပညာသင်ဆုကို ရရှိပါကမြန်မာကျပ်ငွေသိန်း ၂၄၀ ကျော် ဝန်းကျင်ဖြင့် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်မှ အမေရိကန်ဘွဲ့ကို ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

လျှောက်ထားလိုသူများသည် ပြည့်စုံသော ပညာရေးဆိုင်ရာစာရွက်စာတမ်း အထောက်အထားများနှင့်တကွ အခြားသောလူမှုရေး အကျိုးပြုလှုပ်ရှားမှု အသင်းအဖွဲ့အစည်းများမှ အသိအမှတ်ပြု လက်မှတ်များ၊ ထောက် ခံစာများ ပူးတွဲတင်ပြ လျှောက်ထားရမည် ဖြစ်သည်။

Webster University Thailand Campus (WUTC) သည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့် Cha-Am/Hua Hin မြို့တွင်တည်ရှိပြီး Intgernational Campus 90 ကျောင်းရှိသည်။ မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအပါအဝင် နိုင်ငံပေါင်း ၁၃၀ ကျော် မှကျောင်းသား၊ ကျောင်းသူများတက်ရောက် လျက်ရှိပြီး Semester အလိုက် ဘာသာရပ်ပေါ်မူတည် ရန် ပြောင်းရွှေ့သင်ကြားနိုင်သည်။ ကျောင်းခွဲ Campus များမှာ St.Louis (Missouri), Accra (Ghana), Geneva (Switzerland), Ieiden (Netherlands), London (United Kingdom), Shanghai (China), Vienna (Australia), Cham.am, Hua.Hin (Bangkok) တို့ ဖြစ်သည်။ ဘွဲ့ကြိုတန်းအတွက် PB.A (Psychology, International Relations, Media Communications, Advertising & Marketing Communications Management), B.A (Management Emphasis in International Business, Marketing Human Resource) စသောဘာသာရပ်များ လေ့လာသင်ကြားနိုင်သည်။

အသေးစိတ် အချက်အလက်များကို Myanmar Search International (MSI) ဖုန်း-၃၈၉၉၁၅၊ ၂၅၀၉၂၉၊ ၀၉-၅၁၀၃၉၁၅ တွင် ဆက်သွယ်စုံစမ်းနိုင်သည်။


Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...