လှုပ်ရှားမှု မှတ်တမ်းတင် နှလုံးခုန်နှုန်း စောင့်ကြည့်နာရီ (Wellograph Watch) ပေါ်လာပြီ



ဝဲလိုဂရပ်ဖ် နာရီ၏ နောက်ကျောဘက် နူးညံ့သော မျက်နှာပြင်တွင် Tri-LED Heart Rate Sensor နှလုံးခုန်နှုန်းတိုင်း ကိရိယာကို တပ်ဆင်ထားသည်။ ဆရာဝန် တစ်ဦးက လူနာတစ် ယောက်ကို လက်ဖျားလေးနှင့် ဖိပြီး သွေးခုန်နှုန်းကို စမ်းသပ်သလိုမျိုး ဖြစ်အောင် ပြုလုပ်ထားသည်။ ဤတစ်မူ ထူးခြားသော ကိရိယာပုံစံ ဒီဇိုင်းက နှလုံးခုန်နှုန်းကို တိကျ သေချာစွာပင် တိုင်းတာနိုင်သည်။
မိမိ၏ လှုပ်ရှားမှုကို လိုက်၍ နှလုံးခုန်နှုန်း ပြောင်းလဲမှုကို ကြည့်နေခြင်းဖြင့် မိမိ၏ ကျန်းမာကြံ့ခိုင် မှု ပြောင်းလဲချက် သို့မဟုတ် တိုးတက်မှု အခြေအနေတို့ကို သိရှိနိုင်သည်။

နှလုံးက သွေးညှစ်ထုတ် လိုက်သော မျက်နှာပြင်နှင့် ဒီဇိုင်းကို လိပ်ခုံးပုံ နီလာခရစ္စတယ် နာရီစက် အလူမီနီယံဘေး ခလုတ်နှင့် အလူမီနီယံ နာရီအိမ် နောက်ကျောဘက်တို့ကို အဆင်ပြေအောင် လုပ်ထားသည်။ နာရီအိမ်ကို ခပ်ပါးပါး အပေါ်ဘက်နှင့် အောက်ဘက် ခွဲခြား ထားသည်။

နီလာ ခရစ္စတယ်သည် မြင်ကွင်း အကျယ်ဆုံး အနေအထားဖြင့် အလှရသ ခံစားနိုင်သော အနေအထား ဖြစ်သည်။ စတိန်းလက်စ်စတီး အပေါ်ဘက် နာရီအိမ်ကို ပါးပါးနှင့် ခံနိုင်ရည် ရှိအောင် လုပ်ထားသည်။ အောက်ဘက် အလူမီနီယံအိမ်ကို နီကယ်သတ္တု သုံးမထားပါ။

ပေါ့ပါးမှုအတွက် လူ၏ အရေပြားနှင့် ထိတွေ့မှု အကောင်းဆုံး အနေအထား ဖြစ်အောင် ပြုလုပ်ထားသည်။

မာကျောမှု အဆင့်တွင် နီလာသည် စိန်ပြီးလျှင် ဒုတိယအမာ ကျောဆုံးဖြစ်၍ Screen Cover အတွက် ရည်ရွယ်ခြင်း ဖြစ်သည်။

ဓာတုဗေဒနည်းဖြင့် မာကျောအောင် ပြုပြင်ထားသော ဖန်ထက် ပို၍မာကျောသဖြင့် အစင်းရာ အခြစ်ရာများ မထင်စေဘဲ နှစ်ပေါင်းများစွာ လှပစွာ ဝတ်ဆင်နိုင်သည်။

ဝဲလိုဂရပ်ဖ် နာရီကို ကျန်းမာရေး အပြေးလေ့ကျင့်ရာတွင် Stop Watch အဖြစ်လည်း သုံးနိုင်သည်။ အပြေး လေ့ကျင့်မှု ပြီးဆုံးပါကလည်း ဝဲလိုဂရပ်ဖ်က သင်မည်မျှခရီး ရောက်အောင် ပြေးခဲ့သည်၊ သင့်နှလုံးခုန်နှုန်း ဘယ်လောက်ရှိသည်၊ သင့်အနေဖြင့် ကယ်လိုရီ ဘယ်လောက်ကို သုံးပစ်လိုက်သည် စသည်တို့ကို ဖော်ပြပေးသည်။

တစ်နေ့လုံး ပတ်ထားလျှင်လည်း တစ်နေ့တာ သင်၏နှလုံးကို ဘယ်လောက် အလုပ်လုပ်ခိုင်း လိုက်သည်ကို နှလုံးရုပ်ပုံ၊ ရက်စွဲ၊ နာရီနှင့်တကွ ဖော်ပြသည်။ သင်ဘယ်လောက် ကြာကြာ ထိုင်နေသည်၊ အထိုင်လျှော့၍ လှုပ်ရှားမှု ပိုလုပ်ရန်၊ တက်တက်ကြွကြွ နေထိုင်ရန် စသည်ကိုလည်း နာရီက သတိပေးသည်။

သင်စ၍ လမ်းလျှောက်သည်နှင့် ခြေလှမ်းများကို အလိုအလျောက် မှတ်တမ်းတင်ထားမည်။ တစ်ပတ်ပြည့် လျှင် အကျဉ်းချုပ် မှတ်တမ်းပြန်ကြည့် နိုင်သည်။ သူငယ်ချင်း မိတ်ဆွေများနှင့် စကားဖလှယ် နိုင် သည်။ နှလုံးခုန်နှုန်းကိုပါ မှတ်တမ်း တင်ထားသည်။ ios, Android, Window Phone များနှင့် ဝဲလိုဂရပ်ဖ်က ရင်းနှီးသည်။ အထောက်အကူ ပြုသည်။ သင်၏ လှုပ်ရှားမှု အားလုံးကို လက်ကောက်ဝတ်မှ အကုန်အကဲ ဖြတ်နိုင်သည်။ စမတ်ဖုန်းနှင့်လည်း တွဲဖက်သုံးနိုင် သေးသည်။

Screen - ၁ ဒသမ ၂၆ လက်မရှိ၍ ပါဝါနည်းနည်း သုံးသော LCD ဖြစ်ပြီး နောက်မီးလည်း ပါသည်။

ပစ္စည်းများ - နီလာခရစ္စတယ်၊ စတိန်း လက်စ်စတီးနှင့် အလူမီနီယံ

လက်ပတ်ကြိုး - ရာသီမရွေးခံသော သားရေအစစ်၊ နေတိုး လက်ပတ်ကြိုး

အရွယ်အစား - ယောက်ျားများ လက်ကောက်ဝတ် အတွက် ကြိုးကျယ်ကျယ်၊ မိန်းမများ အတွက် ကြိုးခပ်ကျဉ်းကျဉ်း (၇လက်မမှ ၈ ဒသမ ၅ လက်မ) ကြိုးအရှည် ရှိသည်။

အာရုံခံ Sensors များ - Tri-LED နှလုံးခုန်နှုန်းတိုင်း အာရုံခံ ကိရိယာနှင့် 9-axis motion Sensor တို့ပါသည်။

ချိတ်ဆက်နိုင်မှု - Bluetooth 4.0 LE

အချက်အလက် ၀င်ဆံ့မှု - လေးလတောက် လျှောက်သုံး၍ မှတ်တမ်း တင်နိုင်သည်။

ရေစိုခံနိုင်မှု - 5ATM water resistance (မီတာ ၅ဝ အထိ သို့မဟုတ် ပေ ၁၅ဝ အထိ)

ဘက်ထရီ ဓါတ်ခဲသက်တမ်း - ရက်သတ္တ နှစ်ပတ်လျှင် တစ်ကြိမ် အားသွင်းရန်လို

ဘက်ထရီအား - 250 mAH

အားသွင်းကိရိယာ - မိုက်ခရိုယူအက်စ် ဘီပါဝါေိစေအသမ နှင့် သံလိုက်ဓာတ်ပါသော အားသွင်းကိရိယာ

နာရီအတိုင်းအတာ - 42_33_12.5 mm (၁.၆၅x၁.၃၉xဝ.၅ လက်မ)

နာရီအလေးချိန် - ၃.၅၂ အောင်စ (၅.၅ဂရမ်)

လက်ပတ်ကြိုး - မဲညိုရောင် သားရေကြိုး(ခံ)၊ အမဲရောင် သားရေကြိုး (စိတ်ကြိုက် ရွေးချယ်မှု)၊ အမဲရောင် နေတိုးကြိုး (စိတ်ကြိုက်ရွေးချယ်မှု)

အားသွင်းခြင်း - တစ်ြကိမ်အား အပြည့်သွင်းထားလျှင် ရက်သတ္တ နှစ်ပတ်ခံသည်။

နာရီကို ချွတ်ထားလျှင် ဝဲလိုဂရပ်ဖ် Display သည် ချစ်စရာ ကောင်းသော ရိုးရိုးနာရီကဲ့သို့ အလုပ်လုပ်သည်။ ဒေါင်လိုက်ထားရန် သံလိုက်တင်စရာ ပါသည်။ နာရီမှ ဘာကယ်ကွင်း များက နာရီကြိုးကို တည့်တည့်နေအောင် ထိန်းထားသည်။

ဝဲလိုဂရပ်ဖ်ကို အလိုရှိသူများ ထံသို့ ဇူလိုင်လတွင် စတင်၍ ပို့ပေးမည်။ DHL စနစ်သုံးမည်။ Global Mail သုံးလျှင် ရက်သတ္တ နှစ်ပတ်ထက် မကျော်ဘဲ လူကြီးမင်းထံ ရောက်လာမည်။ ပိုမြန်လိုလျှင် ရုံးဖွင့်ရက် နှစ်ရက်၊ သုံးရက်အတွင်း ရောက်ရှိလာမည်။ ကာလီဖိုးနီးယားက ပို့ပေးခြင်း ဖြစ်သည်။

အာမခံ Warranty တစ်နှစ်ပေး၍ ဖုန်းနှင့် တွဲသုံးနိုင်သည်။ ios, Android Phones နှင့် Bluetooth ချိတ်ဆက်နိုင်သည်။

Window Phone app လည်း ထိုအချိန်လောက်ဆို ထွက်လာ လောက်ပါပြီ။ ဝဲလိုဂရပ်ဖ်ကို လက်မှာပတ်၍ ရေထဲတွင် အသုံးပြုလျှင် ရေအနက်မီတာ ၅ဝ မှ ပေ ၁၅ဝ အထိ ငုပ်သွားသည့် တိုင်ရေမဝင်ပါ။ ရေငုပ်လျှင် စပို့နေတိုးကြိုးနှင့် တွဲ၍ ဝတ်ဆင်ရမည်။ ဝဲလိုဂရပ်ဖ်ပတ်ထားသူ အနေဖြင့် လှုပ်ရှားလျှင် လက်ကောက်ဝတ်မှာ အနေတော် ဖြစ်အောင်၊ လျော့မကျအောင်၊ မလှုပ်အောင် ဝတ်ရမည်။ သွေးကြောပိတ်သည် အထိလည်း မကျပ်စေရပါ။

ဝဲလိုဂရပ်ဖ်က နှလုံးခုန်နှုန်း၊ လှုပ်ရှားမှု ခြေလှမ်းများနှင့် သာမန်နာရီ၏ လုပ်ငန်းများကို လုပ်ဆောင်သည်။ ဝဲလိုဂရပ်ဖ်သည် ဆေးရုံသုံးကိရိယာ မဟုတ်ပါ။ သို့သော် ဆေးကုသရန် အတွက် စောင့်ကြည့်ရန်လည်း မသုံးသင့်ပါဟု တင်ပြလိုက် ရပါသည်။ ။

သိပ္ပဟန်
မြ၀တီ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...