ကိုယ်လွှင့်ထားတဲ့ Wi-Fi ကို ခိုးသုံး မသုံးကြည့်ရအောင်… ခိုးသုံးထားရင် Ban ကြမယ်



ကျွန်တော်တို့ တစ်တွေ internet ဆိုင်လုပ်တာပဲဖြစ်ဖြစ်…..ကိုယ့် Wi-fi ကိုအခြားသူတွေ ဆီကိုလွှင့်ချင် တယ်ဆိုပါစို့ ဗျာ…ကိုယ်ယူထားတဲ့ line ကလည်းကောင်းတယ်ဆိုပါစို့ … အခြား user တွေကိုလည်း ခွဲပေးချင်တယ်…တစ်ခုကိုယ်စိုးရိမ်တာက ကိုယ့် wi-fi ကို မဆိုင်တဲ့ သူတွေခိုးသုံးကြမှာကိုပေါ့ဗျာ…

ဒီနေ့ ခေတ်နည်းပညာတွေကလည်းအံ့မခန်းတိုးတက်လိုက်တာများ…wireless security password ကိုဖောက်တဲ့နည်းပညာတွေကော…အထောက်အကူပစ္စည်တွေကောဟာ…. online မှာတင်ပျံ့ နှံ့ နေ သလို မြန်မာပြည်ကလူတွေစိတ်အ၀င်စားဆုံးဒုတိယကိစ္စတစ်ခုလည်း ဖြစ်လာလို့ နေပါတယ်….(ပထမကတော့ gmail password ကိုဖောက်တာပေါ့ဗျာ) နိုင်ငံခြားမှာကတော့ free wi-fi , wi-fi hotspot တွေလည်းတော်တော်များများရှိလေတော့ သူတို့ အနေနဲ့ ဒါမျိုးကို စိတ်လည်းမ၀င်စားကြပါဖူး…. သူတစ်ပါးပိုင်ဆိုင်မှုကိုဒါဟာလည်း တစ်နည်းအားဖြင့်ချိုးဖောက်မှုတစ်ခုပေါ့လေ….(ဥပဒေကြောင်းအရပြော တာပါ) သို့ သော်လည်း ကိုယ်လွှင့်တော့မယ်ဆိုရင် အဲလိုအကြောင်းတရားတွေကိုလည်း ထည့်သွင်း
စဉ်းစားထားရမယ်… ဒါမှပဲကိုယ့် wi-fi ကိုကိုယ်မသိပဲနဲ့ ကိုယ့်ခွင့်ပြုချက်မရပဲနဲ့ အသုံးပြု နိုင်တာကို ကာကွယ်ဖို့ နည်းလမ်းတွေလည်း ရှိထားသင့်တယ်လေ…..

ခုပြောမယ့်နည်းလမ်းကတော့ အရမ်းအထူးအဆန်းကြီးမဟုတ်ပါဖူး…..ဒါပေမယ့်သိထားရင် ကာကွယ်ဖို့  အကျိုးရှိမယ်ထင်လို့ ပါ….ကျွန်တော်တို့ Network မှာ Service ပေးတဲ့ devices တိုင်းပေါ့( Router,Server, Access Point,….) စတာတွေမှာ သူတို့ ကိုလာရောက်ချိတ်ဆက် တဲ့ devices တွေရဲ့ ကိုယ်ပိုင်နံပါတ်( MAC Address )တွေရှိတတ်ပါတယ်…..လူတစ်ဦးနဲ့ တစ်ဦး နာမည်မတူသလိုပဲ…Network Adapters (Wire/Wireless) တွေမှာလည်းမတူညီတဲ့ မှတ်ပုံတင် MAC Address တွေဆိုတာရှိပါတယ်…..အဲဒီ MAC တွေကိုခုနကပြောတဲ့ Service ပေးတဲ့ devices တွေက မှတ်သားထားလေ့ရှိပါတယ်… ဥပမာတစ်ခု ကတော့ဗျာ…Router တစ်လုံးကို 3G-handphone တစ်လုံးနဲ့ Ipad တစ်လုံးကလာချိတ်တယ်ဆိုပါစို့ ….. အဲဒီ device နှစ်ခုလုံးရဲ့ MAC တွေဟာ Router ထဲကိုရောက်သွားတယ်……ပြီးတော့ အဲဒီ devices တွေက IP ပေးပါ… ပေးပါဆိုပြီး Router( dhcp service) ကို request လုပ်တယ်……

Router ကနေ ပြီးတော့မင်းသုံးဖို့ အတွက် IP Address ကဒီလောက်…sub-net mask ကဒီလောက် default gateway ကဒီလောက်….Alternate DNS ကဒီနံပါတ်…..Preferred DNS ကဒါဆိုပြီး IP assign လုပ်ပေးပါတယ်။သူ့ ကို အင်ထုပြီး IP တောင်းမှာစိုးလို့ MAC နဲ့ မှတ်ထားပြီးတော့ IP ကိုချပေးတာဖြစ်ပါ တယ်………ဒါကတော့ Router ကနေပြီးတော့ စက်တွေကို IP assign လုပ်ပေးတဲ့ DHCP ဖြစ်ပါတယ်……

အဟဲ…MAC နဲ့ ပတ်သက်လို့ စိတ်ထဲမှတ်မှတ်ရရတစ်ခုဖြစ်ဖူးတယ်ဗျ….တကယ်လည်းပညာရခဲ့တဲ့ ဟာပါ…အရင်တုန်းကကျွန်တော်က Follow Me , Ta Fa Trading Co.,Ltd မှာ service သွားလုပ် တုန်းကပေါ့ဗျာ……လိုအပ်ချက်အရ Wireless N Router တစ်လုံးနဲ့ ထပ်ချိတ်ရတာပါ….. MPT Adsl modem တစ်လုံးချိတ်ထားတယ်…အဲဒါကနေခွဲသုံးမှာပေါ့….Modem-to-Router Router-to-Switches , Switches-to-Client PC ပေါ့….အဲဒီမှာ Router installed လုပ်ပြီးတော့ အင်တာနက်ကမရဖူး…… မဟုတ်သေးပေါ့ဗျာ…… လူလည်းချွေးတွေပြန်နေပြီ. .နောက်တော့မှ မသင်္ကာလို့ MAC ကို clone လုပ်ပြီးတော့မှ Router ထဲထည့်လိုက်တော့မှ အဆင်ပြေသွားတာပေါ့… သူကသုံးမယ့် MAC ကိုပါ Assign ထပ်လုပ်ပေးရတဲ့ သဘောပေါ့…..


MAC filtering လုပ်ထားပုံ

ကဲ…ဒါဆိုရင် MAC ရဲ့ အလုပ်လုပ်ပုံကိုအကြမ်းဖျင်းတော့နားလည်လောက်ပြီထင်ပါတယ်…..ခုပြောမယ့်
နည်းစနစ်လည်းဒီ MAC နဲ့ ပဲအဓိကထားပြီးလုပ်မယ့်လုပ်ဆောင်ချက်ဖြစ်ပါတယ်….ကျွန်တော်တို့ Router တို့ Access Point တို့ ကိုကျွမ်းကျွမ်းကျင်ကျင်ကိုင်တတ်ရင်ပိုအဆင်ပြေတယ်…..


MAC Filtering လုပ်ပုံ

အရင်ဆုံး ကျွန်တော်တို့ Router ရဲ့ setting ကို Web Page ကနေ setting ၀င်တယ်…နောက်ပြီးတော့
ပုံထဲကအတိုင်း MAC_Filtering ဆိုတာလေးကိုရှာတယ်…ကျွန်တော်တို့ လုပ်မှာက Wireless ဆိုတော့ Wireless Mode ထဲမှာပဲရှိပါတယ်…..Router တိုင်းမတူညီပေမဲ့ Wireless Router တိုင်းရဲ့ Wireless Mode ထဲမှာအဲဒါလေးရှိတယ်ဗျ…ခုကျွန်တော်ပြထားတာကတော့ AZtech N Wireless Router လေးပါ… အဲဒီထဲမှာ လာချိတ်ထားတဲ့ Device ရဲ့ MAC ကိုထည့်ပြီးတော့ အပေါ်က Policy ကို Reject လုပ်လိုက် ပါတယ်……အဲဒါကြောင့်အဲဒီ Device ကအင်တာနက်သုံးလို့ မရတော့ပါ….. အခြားသောကိုယ်တွေခွင့် ပြု ထားတဲ့ စက်တွေကတော့ သုံးလို ရတယ်…ထိခိုက်မှုမရှိပါ……..တကယ်လို့ ကိုယ့် wireless က security နည်းနည်းအားနည်းတယ်ဆိုရင်ဒါလေးနဲ့ ဆို ကိုယ့် Wi-Fi ကိုကိုယ်မသိပဲသုံးနေတဲ့ MAC တွေ နဲ့ IP တွေ ကိုသိနိုင်ပြီး MAC Filter နဲ့ ကန့် သတ်လို့ ရတယ်ဆိုတာလေးကို share ပေးလိုက်ပါတယ်..

TRC Tech Group

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...