Windows 8.1 update ကိုဧပြီ ၈ ရက်တွင် Microsoft အခမဲ့ဖြန့်ချိမည်

အတွဲ (၁၅)၊ အမှတ် (၁၅)


Microsoft onf Windows 8.1 ပထမဆုံး update ကိုဧပြီလ ၈ ရက်နေ့တွင် သုံးစွဲသူများသို့ အခမဲ့ဖြန့်ချိပေး သွားမည် ဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်က ဆန်ဖရန်စစ္စကိုမြို့တွင် ကျင်းပခဲ့သည့် ကုမ္ပဏီ၏နှစ်စဉ် ကျင်းပသည့် ကွန်ဖရင့်တွင် Windows Phone ဒုဥက္ကဋ္ဌ Joe Belfiore က feature အသစ်များအကြောင်း ရှင်းလင်းခဲ့ပြီး ယခု update ၏ရည်ရွယ်ချက်သည် mouse နှင့် Keyboard တို့ဖြင့်သုံးစွဲရန် စိတ်ပျက်နေသူများ Windows 8.1 သို့ပြန်လည် ဆွဲဆောင်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ အဆိုပါ update တွင် keyboard, mouse တို့ဖြင့်အသုံးပြုနိုင်ကာ ၎င်း function များကိုချုံ့ရန် user interface update များလည်းပါဝင်သည်။ ၎င်း update သည် အသုံးပြုနေသည့်ကိရိယာကို OS က ဖော်ပြပေးကာ စွမ်းဆောင်ရည်ကို ပြသပေးသည်။ Tablet ဖြင့်အသုံးပြုပါက 8.1 တွင် Metro mode ပါဝင်လာပြီး PC ပေါ်တွင်မူ desktop ပေါ်တွင်အလို အလျောက် ဖော်ပြပေးသွားမည်ဖြစ်သည်။

8.1 update တွင် taskbar ပြန်လည်ပါဝင်ဖွယ် ရှိနေပြီး Windows Store app များသည် Metro app များတွင် အလိုအလျောက် ပြသပေးသည့် feature နှင့်အတူ ပါဝင်လာနိုင်ကြောင်း သိရသည်။

-စိုးထက်
Ref: CNET
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...