Wirless Keyboard adapter ရောင်းချမှုကို Microsoft ရပ်ဆိုင်း

အတွဲ (၁၅)၊ အမှတ် (၁၄)


Microsoft သည်၎င်းတို့၏ Surface tablet များဖြင့် ချိက်ဆက်အသုံးပြုနိုင်သည့် wireless key board adapter ရောင်းချမှုကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါ wireless keyboard adapter သည်ဒေါ်လာ ၆၀ တန်ဖိုးရှိပြီး စလင်ဒါပုံသဏ္ဌာန်ရှိကာ သုံးစွဲသူများအနေဖြင့် Surface tablet များကို Bluetooth မှတစ်ဆင့်ချိတ်ဆက်၍ ပေ ၃၀ အကွာမှအသုံးပြုနိုင်သည်။ ယခုအခါတွင် Microsoft အနေဖြင့်၎င်း keyboard ကိုရောင်းချခြင်းရပ်ဆိုင်းကာ Microsoft ၏ Online store တွင် "out of stock" အဖြစ်ဖော်ပြထားသည်။

ကုမ္ပဏီ၏ ပြောရေးဆိုခွင့် ရှိသူကအကြောင်းကြောင်းကြောင့် မိမိတို့အနေဖြင့် Surface Wireless Keyboard Adapter ကိုဆက်လက်ထုတ်လုပ်တော့မည်မဟုတ်ကြောင်း အတည်ပြုပြောကြားသွားခဲ့သည်။ Microsoft အနေဖြင့် မည်သည့်အကြောင်းကြောင့် ၎င်းထုတ်ကုန်ကို ထုတ်လုပ်မှု ရပ်ဆိုင်းခဲ့ကြောင်းကိုမူ ပြောကြားခြင်းမရှိခဲ့ပေ။

-စိုးထက်
Ref: Engadget
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...