ဓါတ်ပုံကောင်းတစ်ပုံ ဆိုသည်မှာ

စကားဦး

ဤ မှတ်စုကို ရေးသားရာတွင် ဓါတ်ပုံ ကောင်းတစ်ပုံ ဆိုတာ ဘာလဲ ( What is considered a Good Photograph? ) ဆိုသည့် ခေါင်းစဉ်ကို မူကွဲ အမျိုးမျိုး ဖြင့်ရေးသားထားသည့် OneslidePhotography, Vinny O'Hare and John Enman တို့ ၏ ဆောင်းပါး များကို ပင်မအဖြစ် အခြေပြုကာဆီလျှော် သကဲ့ သို့ ဘာသာပြန် ၍ စုစည်း ရေးသားထား ခြင်း ဖြစ်ပါသည်။

နမူနာ ပုံ များ မှာ လည်း အဆိုပါ ဆောင်းပါး များတွင် ဖေါ်ပြထားသည့် ပုံအများစုကိုပင် နမူနာအဖြစ် ပြန် လည် ဖေါ် ပြထားခြင်း ဖြစ်ကြောင်း ဖေါ်ပြ အပ်ပါသည်။

ဤမှတ်စု တွင် ဖေါ်ပြထားချက် များသည် ပုံကောင်းတစ်ပုံ ပေါ်ထွက် လာရေး အတွက် ရေးသား ထားစေ ကာမူ ဓါတ်ပုံသည် အနုပညာ ခံစားချက် ကိုတင်ပြ သည့် အရာ ဖြစ်သောကြောင့် “ ကောင်းခြင်း ၊ မကောင်း ခြင်း “ ဆိုသည်မှာ ပကတိ အမှန် သဘော မဟုတ်မူဘဲ ပညတ် သဘော ၊ တစ်နည်းအားဖြင့် ပုဂ္ဂိုလ် တစ်ဦး ခြင်းစီ၏ သတ်မှတ် ချက် သာဖြစ် ပါသည်။

ထို့ ကြောင့် မှတ်စု၏ ပထမ ပိုင်း တွင် ကပင် “ ပုံ တစ်ပုံ ကို အုပ်စု တစ်စု က ပုံကောင်း တစ်ပုံဟု ဆိုစေကာမူ အခြားသော အုပ်စု တစ်စု က ပုံကောင်း တစ်ပုံဟု လက်ခံ ခြင် မှ လက်ခံ ပေလိမ့် မည် “ ဟု ဆောင်းပါး ရှင်များ က ဖေါ်ပြထားခြင်း ဖြစ် ပါသည်။

အချို့ သော အသုံး အနှုံး များကို မြန်မာဘာသာ သို့ပြန်သည်ထက် မူရင်း အင်္ဂလိပ် ဘာသာ ဖြင့် ဖေါ်ပြ သည်က ပို၍ ကျစ်လစ် သဖြင့် မူရင်း အင်္ဂလိပ် ဘာသာ ဖြင့် ပင် ဖေါ်ပြထားပါသည်။

ဓါတ်ပုံ ကောင်းတစ်ပုံ ဖန်တည်းခြင်း။

မည်သို့သော ပုံမျိုးကို ဓါတ်ပုံကောင်း တစ်ပုံဟု ခေါ်သနည်း၊ ဓါတ်ပုံ ကောင်းတစ်ပုံ ရဘို့ မည်ကဲ့သို့ ရိုက်ရမည် နည်းဆိုသည့် မေးခွန်းများ မကြာမကြာ ကြားရလေ့ ရှိပါသည်။

ဤ မေးခွန်းကို မဖြေ မှီ ပြော လိုသည်မှာ ဓါတ်ပုံသည် မိမိ တင်ပြလိုသည်ကို စာရေးသကဲ့ သို့ ပင် လူထု အကြားတင်ပြသည့် Media Communication တစ်ခု ဖြစ် ကြောင်း သိရှိထားရန် လိုပါသည်။

စာရေးရာ တွင် မိမိတင်ပြ လိုသည်များကို စာလုံးများ ဖြင့် ဖွဲ့ နွဲ့ ရေးသား သီကုံး ခြင်း ဖြစ်သည်။ ဓါတ်ပုံ မှာမူ လက်တွေ့ မျက်စေ့ ဖြင့် မြင်နိုင်သော အရာ များ ဖြစ်သည့် ( Line, Shape, Pattern, Colour, Light ) စသည်တို့ဖြင့် သီကုံး ဖွဲ့ နွဲ့ ထား ခြင်း ဖြစ်သည်။

စာတစ်ပုဒ် ကောင်းသည်ဟု ဆိုရာတွင် လိုရင်းကို ထိမိစွာ ဖေါ်ပြနိုင်ခြင်း ၊ မိမိရေးသားသည် ကို ဖတ်သူ က လွယ်ကူ ကောင်းမွန်စွာ သိရှိခြင်း၊ တင်ပြ ပုံ စိတ်ကူးကောင်းခြင်း၊ စိတ်ဝင် စားဖွယ်ရာ တင်ပြနိုင်ခြင်း၊ ရေးသားရာ တွင် ပြေပြစ် ကာ သ ဒ္ဒါ မှန်ကန် ခြင်း တို့ အပေါ် မူ တည်နေပါသည်။

ထို့ အတူပင် ဓါတ်ပုံ တစ်ပုံ ရိုက်ကူးရာ တွင် မိမိပြလို သည့် အကြောင်းအရာ ( Subject ) သည် ရှင်း လင်း သဲ ကွဲ ရန် လိုသည်။ ကြည့် သူအတွက် အာရုံ ဒွိဟ ဖြစ်မနေ စေရန် လိုသည်။ ပြ လိုသည်ကို ဒက်ကနဲ မြင်နိုင်ရမည် ဖြစ်သည်။ အခြားအရေးကြီးသည့် အချက် တစ်ရပ်မှာ ပုံ အတွင် Main Subject ကို နေရာချ သည့် ဖွဲ့ စည်းမှု ( Composition ) သည် များစွာ အရေးကြီးသည်။ ကြည့် သူ၏ အာရုံ စိုက်ရောက် မည့် နေရာ တွင် Subject ရှိ နေစေရန် မှာ အလွန် အရေး ကြီးသည်။



အထက်ပါ နမူနနာ ပုံ ကိုကြည့်လျှင် အားနှင့်မာန် နှင့် ရုံးကန် နေကြသည် ကို လွှင့်ပျံနေသည့် မြေစာ များ နှင့် ပြိုင် နွားလှည်း မောင်းနေသူ၏ မျက်နှာမူ အရာ ( Facial Expression ) တို့ က ထင်းကနဲ နေ အောင် ပြ နေသည်။ ၀ိဝါဒ မည်သို့ မျှ ကွဲပြားမှု မရှိနိုင်သည့် ပုံကောင်း တစ်ပုံ ဖြစ်သည်။

နောက် အရေးကြီး သည့် အချက်တစ်ရပ်မှာ မိမိစိတ် ထဲ တွင် ရှိသော တင်ပြ လိုသည့် အကြောင်းအရာ Subject ကို အားပြု ပေးမည့် အနေအထားများ ကို ပုံ အတွင်း ဖန်တည်း ပေးရန် လိုသည်။ ဥပမာ အားဖြင့် ထူးခြား ဆန်းပြား ခြောက်ခြား ဖွယ်ရာ ပုံ တစ်ပုံ ကို တင်ပြလိုပါလျှင် ထိန်လင်းသည့် အနေ အထားထက် အမှောင်စိုးမိုး နေသည့် အနေ အထားမျိုး ၊ အရိပ် စိုးမိုးနေသည့် အနေအထားမျိုး စသည့် ခွင် ကို တည် ရန် လိုသည်။ မိမိ တင်ပြလိုသည့် စိတ်ကူး ကို ပံ့ ပိုးပေးမည့် ပတ် ၀န်း ကျင်ကို ပုံ ထဲ တွင် ခွင် ချရမည်ကို ဆိုလိုသည်။



အထက်ပါ ပုံ မှာ မိခင် နှင့် သားငယ် တို့ ၏ မျက် လုံးများ ၏ Contact ကို ကြည့် ခြင်းဖြင့် ၄င်း တို့ နှစ်ဦး အကြားရှိ သမုဒယ မေတ္တာ ကို ရုတ်ချဉ်း ပင် ပီပြင် ထင်ရှားစွာ မြင်သာ အောင် ရိုက်ထားသည့် ပုံ ဖြစ်ပါသည်။

ပုံကောင်း တစ်ပုံ ရရှိရန်အတွက် မရိုက်မှီ အောက်ပါအချက်များကို ကြိုတင် ဆန်းစစ်ရန် လိုပါသည် -

၁။ ပုံ ရိုက်ရန်အတွက် Idea, Story,or meaning စသည့် စိတ်ကူး ပုံ ရိပ် များ ရှိပြီလား။

၂။ မိမိရိုက် မည့် အကြောင်းအရာနှင့် လိုက်လျှော ညီထွေ ရှိသည့် Brightness, Exposure တို့ ရှိရဲ့ လား။

၃။ မိမိ လိုအပ်သည့် Composition ကို ရော ဖွဲ့ စည်း နိုင်ရဲ့ လား။

၎။ မိမိ ရွေးချယ် ထားသည့် Light သည် မိမိ တင်ပြ လိုသည့် အကြောင်း အရာ အတွက် လုံလောက်မှု ရှိရဲ့ လား။

၅။ မိမိ ရိုက်ရာ တွင် တင်ပြမည့် Story နှင့် လိုက်လျှော ညီထွေ ရှိသည့် Right Moment အချိန် တွင် ရော ဟုတ်ရဲ့ လား ။ စသည့် အချက်များကို ပြန်စစ်ရန် လိုသည်။

မည်သို့ ပင် ကိုယ်ပိုင် စိတ်ကူးဖြင့် သီဖွဲ့ ရိုက်ကူး စေကာမူ ရိုက်သူ ၏ စိတ်ကူး နှင့် အတွေး ၊ တင်ပြ မှု သည် ကြည့်သူ ၏ စိတ်ကူး နှင့် အတွေး နှင့် တူ ခြင်မှ တူပေလိမ့်မည်။ အချို့ သော အုပ်စု က ပုံတစ်ပုံ ကို ပုံကောင်း တစ်ပုံဟု သတ်မှတ်စေကာမူ။ အခြားသော အုပ်စု က ကောင်းသည်ဟု မြင်ကောင်းမှ မြင်ပေ လိမ့်မည်။

ထို့ ကြောင့် ဤ ကဲ့ သို့ အကောင်း အဆိုး သတ်မှတ် မှု များကို စိတ်ပူ နေရန် မလိုဘဲ မိမိ ၏ ကိုယ်ပိုင် မူ တစ်ခု ကို စွဲ ကိုင်ထား ကာ ထို မူ ရှင်သန် လာသည် အထိ ဆက်တိုက် လေ့ ကျင့် ရန် လိုပါသည်။

ပုံ တစ်ပုံတွင် စိတ်၏ ထင်ဟပ်မှု Emotion ရှိ ရမည်။

အောက် တွင် ဖေါ်ပြထားသည့် ပုံ ကို မည်ကဲ့ ခံစား ရိုက်ကူး ခဲ့သည် ဆို သည်နှင့် ပတ်သက်၍ ဆောင်းပါးရှင် Vinny O'Hare က အောက်ပါ အတိုင်း ဖေါ်ပြထား ပါသည်။ အောက်တွင် သုံနှုံးထားသည့် “ ကျွန်တော် “ ဆိုသည့် အသုံး အနှုံးသည် ဆောင်းပါးရှင် Vinny O'Hare ကို ကိုယ်စားပြု ပါသည်။

ကျွန်တော် World Trade Center တွင် ပြု လုပ်သည့် မီး ရောင်စုံ ထိုးပွဲ ကို ဓါတ်ပုံ ရိုက်ရန် မသွား မှီ Battery Park သို့ ခေတ္တ မျှ ၀င်လိုက် ပါသည်။ အချိန် က နေ၀င် ဖြိုးဖြ အချိန် ဖြစ်ပါသည်။

ထိုအခိန်တွင် အမျိုးငယ် တစ်ဦးသည် နေ၀င်စပြုနေသည့် Ellis Island ကို ဓါတ်ပုံရိုက်နေသည်ကို တွေ့လိုက်ရပါသည်။ နေ၀င်လု ဆဲဆဲ အချိန် တွင် ကျွန်တော် သူ့ ကို ဓါတ်ပုံ တစ်ပုံ ရိုက်လိုက်ပါသည်။

အဆိုပိါမန်းခလေးသည် နေ၀င် နေသည်ကို ဓါတ်ပုံ ရိုက်နေသည်ဆိုသော် လည်း သော် လည်း သူ သည် နေ ကို မကြည့် ။ တစ်ဘက် ကမ်းက Ellis Island ကိုသာ တွေဝေ ငေးမော ကာ ကြည့်နေသည်။ ကျွန်တော် သည် သူကို ဓါတ်ပုံ ရိုက်စေကာမူ ဓါတ် ပုံထက် သူ ဘာတွေများ စဉ်းစားနေပါလိမ့်၊ သူ့ ဘိုးဘွား မိဘ ဆွေမျိုး တွေများနေခဲ့သည့် နေရာ လေလား ၊ သို့ တည်း မဟုတ် မည် သို့သော အဆွေး ဓါတ်ခံ ရှိနေ သလား စသည်ဖြင့် အတွေး များ က စိုးမိုး လျှက်ရှိပါသည်။ ပုံ အတွင်းရှိ Subject ၏ အသွင် အပြင် က ကြည့် သူ ဖြစ်သော ကျွန်တော့် ကို ခံစား မှု အတွေး များ ပေးနေပါသည်။



ကျွန်တော် ဖေါ်ပြလိုသည်မှာ ပုံ အသက် ၀င်လာစေရန် ပုံ အတွင်းရှိ Subject အနေနှင့် ကြည့်သူအား ခံစား မှု တစ်ခုခု ကိုပေးသည့် အသွင်သဏ္ဍန် ( Emotion ) တစ်ခုတော့ ရှိနေရ မည်ကို ဆို လိုခြင်း ဖြစ်ပါသည်။

နိုင်ငံတကာ အမြင့်တန်း အမေရိကန် ဓါတ်ပုံ ဆရာ တစ်ဦး ဖြစ်သူ Justin Mott က လည်း “ ဓါတ်ပုံ တစ်ပုံ ကို ကြည့် လိုက် သည်နှင့် ပုံ တွင် မည်သို့ သော “ ဒေါသ ၊ ပူဆွေးခြင်း၊ ပျော်ရွှငိခြင်း၊ ကြည်နူး ဘွယ်ကောင်းခြင်း “ စသည့် Emotion တို့ ရှိသနည်း ဆိုသည့် စူးစမ်း လာလိုစိတ် ဖြစ်အောင် နှိုးဆွ နိုင်စေရမည် “ ဟု အစဉ် ပြော လေ့ ရှိ ပါသည်။

Justin Mott သည် နိုင်ငံ တကာ ဓါတ်ပုံဆု ပေါင်းများစွာ ရှိထားသည့် အမေရိကန် အမြင့်တန်း ( Professional ) ဓါတ်ပုံ ဆရာ တစ်ဦးဖြစ်သည်။ မြန်မာနိုင်ငံ အပါအ၀င် အရှေ့တောင်အာရှနိုင်ငံ များသို့ မကြာ ခန လာရောက် ဓါတ်ပုံ ရိုက်သူတစ်ဦး လည်း ဖြစ်သည်။ ဗီယက်နမ် တွင် လည်း အနေများသူ ဖြစ်သည်။

Justin Mott ၏ နမူနာပုံ အချို့-

ပုံများ နျင့်ပတ်သက်၍ Justin Mott က သေးစိတ်ရှင်းလင်း ထားခြင်မရှိသည့်အတွက် ပုံ များနှင့်ပတ်သက် သော ဝေဘန်ချက်များကို ဖေါ်ပြနိုင်ခြင်း မရှိပါ။ ပုံအမှတ် (၁)၊ (၃)၊ (၅)တို့ မှာ မြန်မာနိုင်ငံတွင် ရိုက်ကူး ထားသည့် ပုံများ ဖြစ်ကြောင်းသိရှိရပါသည်။











ပုံ ကောင်း တစ်ပုံ ဖန်တည်းရာ တွင် ဓါတ်ပုံ ဆရာ တစ်ဦး နှင့် တစ်ဦး အယူအဆများ တူကြမည် မဟုတ် ကြပါ။ သို့ ရာ တွင် ပုံ ကို ကြည့်၍ လှပ နေစေရန် နှင့် ပုံ ကိုကြည့် လိုက်သည်နှင့် ပုံက ကြည့်သူ ၏ ခံစား မှု တစ်ခုခု ( Emotion ) ကိုနှိုး ဆွ ပေးရန် ကိုတော့ အဆင့်မြင့် ဓါတ်ပုံဆရာတိုင်း ဖန်တည်းကြ သည် သာ ဖြစ်သည်။

ပုံကောင်း တစ်ပုံသည် ချက်ခြင်း အာရုံကို ဆွဲယူ နိုင် စွမ်းရှိရမည်။

ပုံတစ်ကို မီတာ ပေါင်း များစွာ အကွာ က ကြည့် လိုက်သည်နှင့် ထင်းကနဲ ဖြစ်နေ စေလောက် သည့် Structure ရှိနေရမည်။ Strong Compositional Order ရှိနေရမည်။ ပုံ တစ်ပုံ သည် အဆိုပါ အချက်များ မရှိပါက အတွင်း၌ မည်သို့ သော Details များ ထည့် ထားစေကာ မူ Story မရှိသော ပုံ ဖြစ်နေပေ လိမ့်မည်။

Structure ဆိုသည်မှာ ပုံတစ်ပုံ အား မှန်ကန်စွာ ဖေါ်ဆောင်ထားသည့် အရောင်၊ ပုံစံ ( Shape) နှင့် အလင်း- အမှောင် တို့ ၏ Contrast တို့ ဖြစ်ပင်ဖြစ်သည်။



အထက်ပါ ပုံသည် နိုင်ငံ တကာ ပြိုင် ပွဲ များတွင် ဆုများစွာ ရခဲ့ သော ပုံ တစ်ပုံ ဖြစ်သည်။ အရောင်၊ ပုံစံ ၊ အလင်းအမှောင် တို့ ကို သာသာကဲကဲ ဖြင့် ဖွဲ့ စည်းထားသည့် Strong Structure ပုံ တစ်ပုံ ဖြစ်သည်။

ပုံကို အလယ် တွင် အနီရောင် အချွန်း ကိုထားပြီး ဘေး မှ အပြာ ရောင် ၊ မီး ခိုးရောင် များဖြင့် ရံထား သည်။ အနီရောင်မှာ Subject ၏ ပင်မ အရောင် ( Positive Space) ဖြစ်ပြီး အပြာ နှင့် မီးခိုးရောင်တို့ မှာ ရံ ထားသည့် (Negative Space ) အရောင် ဖြစ်သည်။ အပြာ နှင့် မီးခိုး ရောင်များ အကြားတွင် ထည့် ထားသည့် အနီရောင် သည် ကြည့်သူ၏ မျက်စေ့ အတွင်းသို့ ခုန် ကာ ၀င်လာလိမ့် မည်။

ဤ ပုံ ကို Ultra-Wide angle Lens ဖြင့် ရိုက်ထားသည်။ Ultra-Wide angle Lens ဖြင့် ရိုက်ထားသည့် အတွက် ပုံ၏ ထောင့်နေရာ များ တွင် အနည်းငယ် မှောင် နေသည်။ ယင်းကို Falloff ဟု ခေါ်သည်။ ဤ Falloff သည် အလယ် ပိုင်းရှိ လင်းနေသည့် နေရာ ကို အာရုံ ရောက်အောင် ပို့ ပေးသည်။ ဤကဲ့သို့ အလယ် အထူးပြု သောအနီရောင် ( Central emphasis Red) ပုံ မျိုးမှာ တစ်မိုင် ခန့် အကွာ မှ ကြည့်သူ၏ အာရုံ ကိုပင် ဆွဲယူ နိုင်လောက်သည့် ပုံ မျိုး ဖြစ်ပါသည်။

အထက်တွင် ဖေါ်ပြသကဲ့သို့ ပုံ အား ကြိုက်သည် မကြိုက်သည် ကို အပထား ၊ ဖြတ်သွားရာတွင် ရုတ်တ ရက် ကြည့်လိုက်သည် နှင့် နောက်ပြန်လှည့်ကာ ကြည့် ရ လောက် သည့် ပုံ မျိုး၏ နမူနာ ပုံ ဖြစ်သည်။ ပုံ ကောင်း တစ်ပုံ ကိုဖွဲ့ စည်း ရာ တွင် ဤ ကဲ့ သို့ Strong Structure ရှိရန်မှာ အဓိက အချက်ဖြစ်သည်။ ကြည့် သူ၏ အာရုံ ကို ကနဦး ဖမ်းပြီး မှ ကျန်သည့် Detailed Story ကို ဆက်ခံစား စေရမည်။

အထက်ပါ နမူနာပုံ တွင် ပါသည့် Less Details များမှာ အနီရောင်၏ အနောက် မှ ထိုးထွက်နေသည့် အ၀ါရောင်၊ ပုံ၏ အလယ်တွင် ထိုးထွက်နေသည့် တိမ်တိုက်၊ ကြမ်းပြင် ပေါ် ရှိ ဆီကွက် များ အနီရောင် နံရံ များပေါ် တွင် စီးကျနေသည့် မိုးရေ စီးကြောင်း များ ဖြစ်ကြသည်။

ဤပုံ ၏ အဓိက ဖွဲ့ စည်း မှု မှာ Shape, Colour and Balances တို့ ဖြစ်သည်။ စင်စစ် အားဖြင့် ဤ ပုံသည် အမိုးပင် မရှိသည့် စွန့် ပစ်ထားသော ပစ္စည်း သိုလ်လှောင် ရုံ အဟောင်း ကို ရိုက်ထားခြင်း သာ ဖြစ်သည်။

ဓါတ်ပုံ ရိုက်ရာ တွင် မိမိ စိတ်ဝင်စားသည့် အကြောင်းအရာ ကို စွဲမြဲ စွာ ဆုတ်ကိုင်၍ ရိုက်ရ ပါမည်။ မိမိ Excitement ဖြစ်သည်ကို ခံစား ရိုက်ကူး ခြင်း ဖြင့် အဆိုပါ ခံစားချက်သည် ပုံကို ကူးစက် လာကာ ပုံ ကောင်း ရလာပါလိမ့်မည်။

ပုံကောင်း တစ်ပုံရဘို့ အဓိကအချက်မှာ ကြိုတင်ပြင်ဆင်ရေးပင် ဖြစ်သည်။

ပုံကောင်း ရသည်မှာ တစ်ခါတစ်ရံ ကံ ကောင်း ထောက်မစွာ ရသည် လည်း ရှိနိုင်ပါသည်။ သို့ သော် အစဉ် မျှော် လင့် ၍ မရပါ။ ကြိုတင်ပြင် ဆင်ခြင်းကသာ လျှင် သေခြာ မှု ရနိုင်ပါသည်။

ဥပမာ အားဖြင့် ကျွန်တော်သည် Space Shuttle သည် နယူးယောက် JFK Airport သို့ ရောက် လာ မည် ဆိုသည့် သတင်း ကို Google News မှ ရရှိသည်။ ရှားရှား ပါပါး ရ နိုင်ခဲ သည့် ထိုပုံ ကို ရလိုသည်။ မည်သည့် အချိန် ရောက်မည်၊ မည်သည့် နေရာ က ရိုက်လျှင် Angle ကောင်း ရနိုင်သည် ကို ကြို တွက် ရသည်။ အဆိုပါ နေရာ သို့ မည်သို့ ချဉ်း ကပ် နိုင်မည် ကို စဉ်းစားရသည်။ ထိုနေရာ သို့ ရောက်နိုင်ရေး အတွက် လမ်းစရှာရသည်၊ စသည့် ပြင် ဆင် မှု များကို ကြိုတင် ဆောင်ရွက်ရသည်။



JFK Control Tower.

JFK Control Tower ကို Download လုပ်ကာ မည်သည့် ပြေး လမ်းကို ဆင်းမည် ဆိုသည် ကို လေ့လာ ရ သည် ထိုနောက် အဆိုပါ နေရာ သို့ သွားရသည် ။ ထိုနေရာ တွင် ကျွန်တော် ကဲ့ သို့ ကျားကုတ် ကျားခဲ နေရာ ရှာ သူ (၃) ဦးသာ တွေ့ ရသည်။ Space Shutter သည် Boeing 747 ပေါ် တွင် တင်ကာ ပျံ လာသည် မှာ ကွန်တော် တို့ နှင့် ခဲ တစ်ပစ် ခန့် သာ ဝေးသည်။ ထို့ ကြောင့် လိုခြင်သော ပုံ ကောင်း ရရှိ ခဲ့ သည်။


Space Shuttle

တစ်ချိန် တွင် မူ နောက်တစ်နေ့ ညနေ ( ၄ ) နာရီ အချိန် တွင် လေပြင်း တိုက် လိမ့် မည် ဟူသော သတင်းရသည်။ လေပြင်း တိုက်လျှင် လှိုင်းကြီး မည်။ လှိုင်းကြီး လျှင် Surfing စီးသူတွေ များလိမ့် မည်။ အောက်ပါပုံကဲ့သို့ Surfing ပုံကောင်း များရနိုင်သည်။



အထက်ပါပုံ မှာ အဆို ပါအချိန် ကို ကိုက် ကာသွားရောက် ရိုက်ကူးခဲ့သည့် ပုံ ဖြစ်သည်။

ဤကဲ့သို့ ရာသိဥတု ၏ နောက် တစ်နေ့ နံ နက် ခင်း တွင် ကောင်းကင်သည် နီ နေလေ့ရှိ သည်ကို သတိထားမိသည်။ သို့ နှင့် နောက် တစ်ရက် နံန ( ၄.၃၀) နာရီတွင် အဆိုပါနေရာ သို့ ထပ် သွားကာ နီနေသည့် Sunrise ကို ထပ်ရိုက်သည်။



Sunrise at Rockaway Beach

ယင်းနောက် Google Sunrise-Sunset Calendar ကို လေ့လာခြင်း ၊ နေ လုံး ၀င်သည် အထိ အတား အဆီး မရှိ မြင်နိုင် မည့် နေရာ များ ကို လေ့လာ ခြင်း တို့ ခြင့် အောက်ပါ ပုံကဲ့သို့ Sunrise-Sunset ပုံများကို ရိုက်ကူး နိုင်ခဲ့ပါသည်။



ယခု ကဲ့ သို့ အခြေ အနေ တစ်ခု ပေါ် တွင် မှီ တည် ကာ ရိုက် ရမည့် ပုံ မျိုး အတွက် သတင်း စနည်း နာခြင်း ၊ ၀ိရိယ စိုက်ကာ သွားရောက်ခြင်း များ စသည့် ၀ါယမ စိုက်ထုတ်မှု များ ရှိရန် လိုပါမည်။

ပျံသန်းနေသည့် ငှက်များရိုက်ကူးရာ တွင်ကြိုတင်ပြင်ဆင်မှု များ။

ဤ အပိုဒ်မှာ မူ ပျံ နေသည့် ငှက် များကိုရိုက်ကူးရာ တွင် ပုံကောင်း တစ်ပုံ ရရန် အတွက် ငှက် ရိုက်ကူး သည့် ၀ါရင့် ဓါတ်ပုံဆရာ များကြိုတင် ပြင်ဆင်ကြ သည်ကို တွေ့ ခဲ့ ရသည့် ကျွန်တော် ၏ အတွေ့ အကြုံကို ပြန် လည် မျှဝေခြင်း ဖြစ်ပါသည်။

ဝါရင့် ဓါတ်ပုံ သမားများသည် ပထမ နေရာ ယူစဉ် က ပင် နေရောင် မည်သည့် ဘက်က ထိုးသလဲ၊ ငှက်က ဘယ် ဘက် ကို ဦးတည် ပျံ နိုင်သလဲ၊ မိမိ က ဘယ်လို Angle မျိုး ရိုက်မလဲ ၊ ဘေးတိုက် ပုံလား ၊ မိမိ ဘက်ကို တောင်ပံ ဖြန့် ကာ ပျံ လာမည့် ပုံ လား၊ စသည်ဖြင့် အမျိုး မျိုး တွေးပြီး မှ နေရာယူ ကာ ရိုက်ခြင်း ဖြစ်သည်။ နောက် ကျော ပေး ကာ ပျံ နေ သည့် ပုံ ကိုမူ မည်သူမှ မရိုက် လိုကြပါ။ ပုံ ထင်ရင် ပြီးရော သဘော မျိုး မဟုတ်ကြပါ။



ဘေးတစ်စောင်း Angle အနေအထားအရ ရိုက်ထားသည့် နမူနာပုံ။


ရှေ့ တည့်တည့် မှ ရိုက်သည့် Angle။

အရောင် စုံ နေသည့် ငှက် ကို Against the Light မရိုက်ဘဲ အလင်းရောင် ထိုး သည့် ဘက် ၊ ငှက် ဘေးတိုက် တောင်ပံ ဖြန့် သည်ပုံ ရနိုင်မည့် နေရာ မှ နေရာယူ ကာရိုက်ကြသည်။ ဆွတ်ဆွတ်ဖြူနေသည့် အဖြူရောင် Egret လိုငှက်မျိုး မှာမူ တိုက်ရိုက်ထိုးသည့် အလင်း ရောင်အောက်တွင် ပုံသည် ကြွ တက်မ လာဘဲ Flat ဖြစ်သွား တတ် သဖြင့် ပုံ ရုပ်လုံး ကြွ လာစေမည့် Light Contrast ရရန် အတွက် Against the Light ဆန်ဆန် ရိုက် လေ့ ရှိကြသည်။



အရောင်စုံနေသည့် Stork billed Kingfisher ကဲ့သို့ ငှက်ကို မူ အရောင်များ အားလုံး ပေါ် နိုင်သမျှ ပေါ် စေရန် အလင်းရောင် ထိုးသည့်ဘက်မှ ရိုက်ထားသည့် နမူနာ ပုံ ဖြစ်ပါသည်။



အဖြူ ရောင် ဆွတ်ဆွတ် Egret ကို Light Contrast ရစေရန် Against the Light ဆန်ဆန် အလင်းရောင် တစ်စောင်း ပေးကာ ရိုက်ထားသည့် ပုံ။

ဤ သည်မှာ ပုံကောင်း တစ်ပုံ ရစေရန် ကြိုတင်ပြင်ဆင် မှု များ မည်သို့ ဆောင်ရွက် ရသည်ကို အညွှန်း သဘော မျိုး ဖေါ်ပြ ခြင်း သာ ဖြစ်ပါသည်။

ကင်မရာ နည်းစနစ် ပိုင်းဆိုင်ရာ ပြင်ဆင်မှု များ။

မည်သည့် အနပညာ ပိုင်းဆိုင်ရာ တွင်မဆို နည်း စနစ် ပိုင်းဆိုင်ရာ နှင့် အနုပညာ ပိုင်း ဆိုင်ရာ ( Technical and Artistic ) ဟူ၍ နှစ်ပိုင်း ရှိသည်။ ဤ အပိုင်း သည် ဓါတ်ပုံ နှင့် ပို ဆိုင်ပါသည်။ အကြောင်း မှာဓါတ်ပုံသည် ကင်မရာ ဆိုင်ရာ ပစ္စည်း ပစ္စယ များ ကိုအခြခံ သုံးစွဲ ရသည့် အတွက် ဖြစ်ပါသည်။

ပုံကောင်း တစ်ပုံ ရ ရန် အထက်တွင် ဖေါ်ပြ ခဲ့သကဲ့ သို့ ရိုက်ကူးသူ၏ အနုပညာ ဖန်တည်း မှု ပါသကဲ့ သို့ ပစ္စည်းကိရိယာ များ၏ အထောက် အကူ လည်း ပါ နေ သည်။ ကင်မရာ ဆိုင်ရာ ပစ္စည်းကိရိယာ များ၏ အထောက် အကူ ပစ္စည်း များကို ထိရောက်စွာ သုံး နိုင်ရပါမည်။ အောက်ပါတို့ ကို ဆောင်ရွက်ရန် John Enman ကအကြံပြု ထားပါသည်-

၁။ အရေးအကြီးဆုံးမှာ မိမိ ကင်မရာ ကို ကောင်းစွာနားလည် ရပါမည်။ ကင်မရာ လက်စွဲ Manual ကို သေခြာစွာ ဖတ်ပါမည်။

၂။ ကင်မရာ Resolution ကို အမြင့် ဆုံးတွင် တတ် နိုင်သမျှထားပါ။

၃။ ကင်မရာ ကိုင်တွယ်မှု ၌ အကျွမ်း တ၀င် မရှိသေးပါက အမှား မခံ သည့် ပုံ များအတွက် အလင်းရောင် လည်း လုံလောက်ပါမူ Automatic ဖြင့် ရိုက်ပါ။

၎။ White Balance ကို ရိုက် သည့် ပုံ သဘာဝ နှင့် လိုက်လျှော ညီထွေ မှု ရှိအောင် သုံးပါ။ ကင်မရာ များတွင် Auto-White Balance ရှိစေကာမူ တစ်ခါ တစ်ရံ အရောင် အဆင်မပြေမှု များရှိတတ်သည်။ White Balance setting အရောင်များကို သဘောပေါက်ပါက ပုံ ကို ပို၍ အသက်ဝင်စေမည့် White Balance ကို သုံး နိုင်မည် ဖြစ်သည်။



အထက်ပါပုံမှာ အနီရောင် လွှမ်းနေသော under tungsten (incandescent) lighting အခြေအနေမှ အပြာရောင် သို့ ပြောင်းလာသည်အထိ White Balance ချိန် ထားသည်ကို နမူနာ ပြ ထားသည့် ပုံ ဖြစ်ပါသည်။

၅။ ISO ကို တတ်နိုင်သမျှ အနည်း ဆုံး တွင် Set လုပ်ပါ။

၆။ ရိုက်ရန် ပြင်ဆင် ထည်းက View Finder တွင် Subject ကို သေချာ စွာ Composition ချပေးပါ။

· Composition ချရာ တွင် အခြေခံ အားဖြင့် မမှား နိုင်သည့် Rule of Third ကို သုံးပါ။

· ပုံ ၏နောက်ခံ အနှောက် အယှက် ( Background Distraction )များ Foreground distraction များ ကို အောက်ပါပုံ တွင် ပြထားသကဲ့သို့ တတ် နိုင်သမျှ ဖယ်ရှားပါ။



· သို့ ရာ တွင် မည်သည့် Rule ကိုမှ ပုံသေ မမှတ်ယူဘဲ Rule များကို ချိုးဖေါက် နိုင်သည်ကိုလည်း သတိပြုရပါမည်။ Main Subject နှင့် သဟဇာတ ဖြစ်စေ ဖြစ်စေ နိုင်ငည့် နောက်ခံ ( Background) ရှိ အရာဝတ္တု များကို Focus လုပ်ထားခြင်း အားဖြင့် ပုံ၏ Context, Contrast, and Colour တို့ သည် အနုပညာ မြောက် လာသည့် အခြေအနေမျိုး ရှိလာသည် များလည်း ရှိပါသည်။

၇။ အောက်ပါနမူနာ ပုံ ကဲ့ သို့ တတ်နိုင်သမျှ Subject ကို Frame တွင် ဖြည့် ပေးပါ။



၈။ စိတ်ဝင်စားဘွယ်ရာ ဖြစ်မည့် Angle ကို ရွေးပါ။ အောက် တွင် သာမန် ရိုက် ရိုးရိုက်စဉ်မှ ခွဲ ထွက် သည့် Angle ယူ ထားသော ပုံ များ ကို ပြထားပါသည်။ Angle သည် မူသေ ဟူ၍ မရှိပါ။ စိတ်ကူး ကွန့် မြူး နိုင်သလို ကွန့်မြူး နိုင်သည့် ကိစ္စ ရပ် ဖြစ်ပါသည်။





၉။ Focuing တိကျ ပြတ်သားရန် လိုပါသည်။ Shutter Release Button ကို တစ်ဝက် နှိပ်ထားကာ Focus Lock လုပ် ရိုက်ပါ။ Focus ကြိမ်းသေမှ အဆုံး နှိပ်ပါ။ သာမန် အခြေအနေ များတွင် Autofocus ကိုသုံးပါ။

၁၀။ ကင်မရာ Shutter Speed, Aperture, ISO တို့ ကို မျှ နေစေရန် ချိန်ဆ ထားပါ။ သာမန်အားဖြင့် တစ်ခုခု သော Setting သည် နည်းလွန်း ခြင်း များလွန်း ခြင်း မရှိသည်က ပိုကောင်းသည်။

၁၁။ ပုံ မ၀ါး ဘဲ ပြတ်သားနေစေရန် အတွက် ကင်မရာ ကို ငြိမ်နေပါစေ။ ဖြစ်နိုင်ပါက Monopod, Tripod စသည် တို့ သုံးပါ။

၁၂။ ရိုက်ထားသမျှ ကို ပြန် ကြည့် ပါ၊ ပြန် သုံးသပ်ပါ၊ ကောင်းသည့် အချက် ကို ဆောင်ပါ၊ အားနည်းချက်များကို ရှောင်ပါ။

၁၃။ သုံးသပ် ချက် များကို အခြေ ပြု ကာ လေ့ကျင့်ပါ၊ အကြိမ်ကြိမ် လေ့ ကျင့်ပါ။ Angle အမျိုး ၊ နေရာ အမျိုးမျိုး၊ Focal Length အမျိုးမျိုး တို့ ဖြင့် ရိုက် ကြည့်ကာ လေ့ ကျင့်ပါ။

အမှန် တကယ် ရိုက်တော့ မည်ဆိုလျှင် ဦးစွာ စဉ်းစားရမည်မှာ မိမိ မည်သို့ အကြောင်း အရာ ကို တင်ပြ လိုသည် ကို အရင် စဉ်းစားပါ။ ယင်းနောက် မည်သည့် Subject ဖြင့် တင်ပြ ကာ ပုံပြင် ( Story) ကို ပြော လိုသနည်း စဉ်းစားပါ။

ထို့နောက် ခရီးထွက်ပါ၊ လူထု နှင့်တွေ့ ဆုံပါ ၊ လူ တိုင်း တွင်ပြောရမည့် ပုံပြင် ကိုယ်စီ ရှိကြပါသည်။ ပုံ ပြင် လည်း အမျိုးမျိုး ရှိပါ လိမ့်မည်။ ယင်းတို့ ကို ဓါတ်ပုံ ဖြင့် ပြန်လည် မျှဝေ ရပါမည်။

ယင်းတို့ အနက်မှ မိမိ စိတ်ဝင် စားသည့် ပုံပြင် အကြောင်းအရာကို စိတ် ထဲ သို့ နှစ်ကာ သွင်း လိုက် ရပါမည်။ ထိုကဲ့သို့ ရိုက်သည့် အခါ မိမိ၏ passion and affinity တို့ သည် ဓါတ်ပုံတွင် ပေါ်လာပါလိမ့် မည်။

အောက်တွင် ပုံပြော ကောင်းသည့် ပုံ အချို့ ကို နမူနာ ပြထားပါသည်။ ပုံ များ နှင့် ပတ်သက်၍ ရှင်းလင်း ချက် များကို ဆောင်းပါးရှင်များက ဖေါ်ပြထားခြင်း မရှိဘဲ နမူနာ ပုံ အဖြစ်သာ ပြထားပါသဖြင့် ကြည့် သူများ ကိုယ်တိုင်ပင် ခံစားသုံးသပ် ကြပါရန် ဖေါ်ပြ လိုပါသည်။









အချုပ်အားဖြင့် ထပ်မံဖေါ်ပြပါလျှင် ပုံကောင်း တစ်ပုံ ဆိုသည်မှာ လက်ရှိအခြေအနေ အရ အများစု လက်ခံ ထားကြသည့် စံ များအရ တိုင်းတာခြင်းပင် ဖြစ်ပါသည်။ ပကတိ အမှန် သဘော ဟု ဆို၍ မရပါ။ အထက်ပါ ဖေါ်ပြချက်များ မှာ လည်း ဆောင်းပါး ရှင်များက ၄င်း တို့ ၏ အမြင် ၊ ရှု ထောင့် များကို ရေးသားထား ခြင်းသာ ဖြစ်ပါသည်။ မကြာ ခဏ ဖေါ်ပြ ခဲ့ သလို ဓါတ်ပုံ သည် အနုပညာ ရပ် တစ်ခု ဖြစ်သောကြောင့် မိမိ၏ ခံစားမှု ကို အတိုင်းအဆ မရှိ လွတ်လပ်စွာ တင်ပြ နိုင်ခွင့် ရှိကြောင်း ဖေါ်ပြ လိုပါသည်။

PDF file ကို ဒီနေရာမှာ ရယူပါ..

Credit: ဆရာဦးစိုးလှိုင် (Country Road)
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...