HUAWEI G610 no power နှင့် vibrate တုန်ခြင်း


G 610 No power

ဂိမ်းကစားရင်း ပါဝါသေသွားတာ။ အားကုန်တယ် ထင်ပြီး အားသွင်း၊ vibrate တောက်ရှောက် တုံနေပြီး စက်မနိုးတော့ဘူး။ supply တပ်တယ်။ ရှော့မရှိဘူး။ ဒါပေမယ့် vibrate တောက်ရှောက် တုန်နေတယ် power နိုးတဲ့ connector မှာ volt တိုင်းတယ်။ 3.5v ပြတယ်။ ပါဝါနိုးရင် supply မှာ 0.2 နဲ့ 0.3 amp။အဲ့ဒီအတိုင်း ပြန်ရော့မသွားဘူး၊ တိုးလဲ မတိုးဘူး။ အဲ့ဒီလိုအချိန် battery connector အနား volt ပြန် တိုင်း ကြည့်တယ်။ volt မညိမ္ဘူး။ 0.2voltn လောက် တက်လိုက်ကျလိုက် ဖြစ်နေတယ်။ ဒါဆိုရှော့ နဲနဲ ရှိနေတာပေါ့။ 

power ic နား volt တွေ လိုက်တိုင်းတော့ 1.0,1.1,1.2 နဲ့ ပေးသွင်း volt3.7 ကို တွေ့ ရတယ်။ ပူလဲ မပူဘူး။ power ic ကို ထည့် မတွေးဘူး။ service အပိုင်းနဲ့  wlan, bluetooth, gps အပိုင်းကို စဉ်းစား မယ်။ vibrate တောက်ရှောက် တုန်နေခြင်းသည် signal တခုခုကြောင့် လို့ တွက်ကြည် ပါတယ်။ အဲဒီ တော့  signal လာရာ လမ်းကို စဉ်းစားရင် service အပိုင်းနဲ့ wlan, bluetooth, gps အပိုင်းပဲ ရှိမယ်။အဲ့ဒိတော့ service အပိုင်းကို ခနချန်ထားမယ်။ wlan, bluetooth, gps အုပ်စုကို စစ်ပါတယ်။ ဘာမှ ထူးထူးခြားခြား မတွေ့ ရဘူး။ 


MT6628QP ကို အပူပေးကြည့် ပါတယ်။ 


ကောင်းသွားပါတယ်။ ဒါပေမယ့် backlight မှိန်ရင် စက်ပြန်မနိုးဘူး။ အသေးစိတ် ပြန်စစ်ပါတယ်။ PA အောက်က ခဲတွေ ပူးနေတာကို တွေ့ ရတယ်။ PA ကို ခနဖြုတ်၊ ခဲရှင်း PA ကိုပြန်တပ်။ 




Credit to ဆရာကိုမောင်နိုင်

ref;kalawthar.com
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...