အဝေးသင်တက္ကသိုလ် သင်ရိုးညွှန်းတမ်းများကို ပုံမှန်လေ့လာပါက ကျူရှင်ယူစရာ မလိုဟုဆို

အဝေးသင် တက္ကသိုလ်မှ ပြဋ္ဌာန်း ထားသည့် သင်ရိုးများကို ကျောင်းသားများ တစ်ရက်လျှင် ၁၅ မိနစ်သာ လေ့လာမည် ဆိုပါက ကျူရှင်တက်စရာ မလိုဘဲ စာမေးပွဲကို ကောင်းစွာ ဖြေဆိုနိုင်မည် ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ လှတင့်က ပြောကြား လိုက်သည်။

ယင်းသို့ပြောကြားရခြင်းမှာ အဝေးသင် တက္ကသိုလ် တက်ရောက်ကြသော ကျောင်းသားများမှာ ပြဋ္ဌာန်း ထားသော သင်ရိုးများကို လေ့လာမှုမရှိဘဲ စာမေးပွဲ ဖြေခါနီးအချိန်မှသာ လပြတ် ကျူရှင်များတက် ရောက်ကြခြင်းကြောင့် သင်ရိုးများကို ကျေညက်ခြင်း မရှိကြောင်း၊ အဝေးသင် တက္ကသိုလ်တွင် လက်ရှိပြ ဋ္ဌာန်ျးထားသော သင်ရိုးများမှာ ကျူရှင်ယူစရာ မလိုသော သင်ရိုးများဖြစ်ကြောင်း ပါမောက္ခချုပ် ဒေါက် တာလှတင့်ပြောကြားသည်။

“ဆရာတို့ဘက်ကကျူရှင် ယူစရာကိုမလိုအောင် ပြည့်စုံအောင် စီစဉ်ပေးထားပြီးသားပါ။ Assignment တွေပေးထားတယ်။ ပြီးတော့စီဒီတွေပေးထားတယ်။ စီဒီတွေထဲမှာ Assignment ဖြေပုံဖြေနည်းတွေ ထည့်ပေးထားတယ်။ ပေးထားတဲ့စာအုပ်တွေကို တစ်နေ့များများ မဖတ်နဲ့ ၁၅ မိနစ်ပဲဖတ်၊ စာမေးပွဲဖြေ ရင်ကောင်းကောင်းဖြေနိုင်တယ်” ဟုပြောသည်။

လက်ရှိတွင် အဝေးသင်တက္ကသိုလ် အရည်အသွေးကို တိုးမြှင့်ရန်အတွက် ကျောင်းစည်းကမ်းများ၊ ကျောင်းအပ်ချိန်၊ Assignment တင်ချိန်များကို တင်းကျပ်မှုများ ပြုလုပ်ထားပြီး စာမေးပွဲတွင်အမှန်တ ကယ်ဖြေဆိုအောင်မြင်သူများကိုသာ အတန်းတင်ပေးသည်အထိ တင်းကျပ်မည်ဖြစ်ကြောင်း သိရ သည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် အဝေးသင်ဌာနခွဲတွင် အင်္ဂလိပ်စာမေဂျာဒုတိယနှစ်တွင် တက် ရောက်နေသော မောင်ထူးကျော်ဝင်းက ကျောင်းမှပေးလိုက်သော စာအုပ်များကိုလေ့လာမှုလုပ်သော် လည်း ကျူရှင်မယူပါက နားမလည်ကြောင်း၊ အလုပ်လုပ်ရင်းကျောင်းတက်ခြင်းဖြစ်သောကြောင့် ရုပ်သံအစီအစဉ်များကိုလည်း နားမထောင်ဖြစ်ကြောင်း၊ ကျူရှင်မယူပါက သင်ရိုးများကိုမိမိဘာသာ လေ့လာရန် မလွယ်ကူကြောင်းပြောသည်။

“တချို့သင်ခန်းစာတွေက အင်္ဂလိပ်လိုလေ့လာရတော့ ကျွန်တော်တို့အတွက် အခက်အခဲနည်းနည်းရှိ တယ်။ ကျူရှင်ကိုယူချင်လို့တော့ မဟုတ်ဘူး။ တစ်လသုံးသောင်းခွဲပေးရတာ ဘယ်တက်ချင်ပါ့မလဲ။ နားမလည်လို့သာ အကုန်အကျခံပြီး ကျူရှင်ယူနေရတာပါ” ဟုပြောသည်။

၂၀၁၃ ခုနှစ်ပညာသင်နှစ်မှစတင်ကာ အရည်အသွေးရှိသောအဝေးသင် ကျောင်းသားများကိုမွေးထုတ် နိုင်ရန် အောင်ချက်များကိုလျှော့ချခဲ့ပြီး အမှန်တကယ်စာမေးပွဲအောင်မြင်သူများကိုသာ အတန်းတင် ပေးခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ဘာသာရပ်ပေါင်းစုံအောင်ချက်မှာ ထက်ဝက်ခန့်ကျဆင်းခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း တစ်နိုင်ငံလုံးအနေဖြင့် ၇၈ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ၇၇ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း ဘာသာရပ်အားလုံးတွင် အောင်ချက်အနည်းဆုံးမှာ ဥပဒေဘာသာရပ်ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၅၉ ရာခိုင်နှုန်းသာရှိကြောင်း သိရသည်။ 


Democracy Today Daily
ဇူလိုင် (၁၇) ရက်၊ ၂၀၁၄ ခုနှစ်
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...