တောင်အာဖရိကတွင် ၉ နှစ်သားအရွယ်နှင့် ၆၂ နှစ်အရွယ် အမျိုးသမီ မင်္ဂလာဆောင်

တောင်အာဖရိကနိုင်ငံက မင်္ဂဆောင် အခမ်းအနား တစ်ခုပါ။ သတို့သားက ဆန်နီလီလို့ အမည်ရပြီး ၉နှစ်အရွယ် ကျောင်းသားလေး တစ်ဦးပါ။သတို့သမီး ကတော့ အသက်၆၂ နှစ်ရှိပြီး ဟယ်လင် လို့ခေါ်ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ
ဒုတိယအကြိမ်မြောက် တရားဝင်အဖြစ် ထပ်မံ မင်္ဂလာပွဲပြုလုပ် ခဲ့တာဖြစ်ပြီး ဧည့်သည် ၁၀၀ နီးပါး မင်္ဂလာပွဲကို တက်ရောက် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။

တောင်အာဖရိကမှာ ယခုလို အသက် ကွာဟလွန်းတဲ့ မင်္ဂလာပွဲဟာ ပထမအကြိမ်တော့ မဟုတ်ပါဘူး။ အသက် ၁၁၇ နှစ်ရှိပြီဖြစ်တဲ့ ဆိုမာလီ အဘိုးအိုတစ်ဦးနဲ့ အသက် ၁၇ နှစ်သာ ရှိသေးတဲ့ မိန်းမပျိုတစ်ဦး တို့ရဲ့မင်္ဂလာပွဲအပြင် အခြား အသက် ကွာဟလွန်းတဲ့ အတွဲခြောက်တွဲ ဟာလည်း တောင်အာဖရိက အစဉ်အလာအရ မင်္ဂဆောင် လက်ထပ်ခဲ့ကြတယ်လို့ သိရပါတယ်။

သတို့သား ဆန်နီလီ မိဘများက မင်္ဂလာပွဲအတွက် ပေါင် ၁၀၀၀ အကုန်အကျ ခံခဲ့ပြီး သတို့သမီး ဟယ်လန်ရဲ့ ဘ၀နောင်ရေး အတွက်လည်း ပေါင် ၅၀၀ လက်ဖွဲ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဖော်ပြထားတဲ့ ပုံက သတို့သမီး ဟယ်လင်က သတို့သားလေး ဆန်နီလီကို လက်ထပ်လက်စွပ် ၀တ်ဆင် ပေးနေချိန် ရိုက်ကူးထားတဲ့ ပုံပါ။


Mirror
Yangon Media Group
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...