အသည်း ကျောက်တည်တာ မဖြစ်အောင် ကာကွယ်နိုင်ဖို့

လူဆယ်ဦးမှာ တစ်ဦးနှုန်း လောက်ဟာ အသည်းမှာ ကျောက် တည်တဲ့ ဝေဒနာ ခံစားရ လေ့ရှိပြီး အဲဒီလို ကျောက်မတည်ဖို့ အတွက် အရည်များများ သောက်ပေးဖို့ လိုအပ်ပြီး သန့်စင်တဲ့ ရေများများ သောက်ပေးတာ ကတော့ အကောင်းဆုံး ပါပဲ။

ဆင်ဆင်ခြင်ခြင် စားရမှာ တွေကတော့ မြေပဲ၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ဟေဇယ်စေ့၊ ပဲပိစပ်၊ ကန်စွန်းဥနဲ့ ချောကလက် စတာ တွေဖြစ်ပြီး အသားစား တာကိုလည်း ဆင်ခြင်ရပါမယ်။ အသည်းမှာ ကျောက်တည်ပြီ ဆိုတာနဲ့ ဆရာဝန်က ဆားစားသုံးတာကို ရပ်ခိုင်းပြီး ဆား၊ ထုံးဓာတ်၊ အသားဓာတ်၊ ပိုတက်ဆီယမ်ကို သတ်မှတ် ပမာဏအတိုင်း ပဲစားဖို့ ညွှန်ကြား တော့မှာပါ။ ဒါကြောင့်မို့ အသည်း ကျောက်တည် တာတွေကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ ဖျော်ရည် လုပ်နည်းလေး အကြောင်း ပြောပြချင်ပါတယ်။

အချဉ်ဓာတ် အက်စစ်ကြွယ်ဝတဲ့ သံပရာ၊ သံပရိုသီးတွေက ကျောက်ကြေနိုင်စွမ်းရှိပြီး ဖရဲသီးကလည်း အသည်း ကျောက်တည်တာ ပျောက်ကင်းဖို့အတွက် အကောင်းဆုံး သီးနှံပါပဲ။ ရေကို နေ့စဉ်သောက်နိုင် သလောက် ဖန်ခွက်ပေါင်းများစွာ သောက်ပေးဖို့ လိုအပ်ပြီး သစ်သီး ဖျော်ရည်ကတော့ တစ်ခွက်ကနေ နှစ်ခွက်အထိ သောက်ပေးသင့်ပါတယ်။ အသည်း ကျောက်ကြေနိုင်တဲ့ ဖျော်ရည်ကိုတော့ အခွံနွှာထားတဲ့ လိမ္မော်သီး တစ်လုံး၊ ပန်းသီး တစ်လုံး၊ သံပရာသီး တစ်လုံး၊ ဖရဲသီး လေးစိတ်၊ ရေခဲတုံး လေးတုံးနဲ့ ဖျော်စပ်ရမှာ ဖြစ်ပါတယ်။ ဖျော်တဲ့ အသီးအနှံတွေ ကတော့ သဘာဝ မြေဩဇာ သုံးထားတဲ့ အော်ဂဲနစ် သီးနှံတွေဖြစ်ဖို့ပါပဲ။

—Ref: www.healthdigezt.com

7Day Daily
No.450 Friday, July 25, 2014
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...