သင့်ကလေးရဲ့ ဖုန်းအသုံးပြုမှုကို ထိန်းချုပ်နိုင်တဲ့



ကွန်ပြူတာတွေ စပေါ်လာတဲ့ အချိန်မှာ ကလေးတွေ တစ်ချိန်လုံး ဂိမ်းဆော့၊ အင်တာနက် သုံးမှာကို မိဘ တွေ စိတ်ပူကြရပါတယ်။ ဒီနေ့ခေတ် စမတ်ဖုန်းတွေကလည်း အတူတူပါပဲ။ စမတ်ဖုန်းတွေဟာ ကွန်ပြူတာ အသေးလေးတွေ ဖြစ်ပြီး စွမ်းဆောင်ချက် များစွာ၊ Apps များနဲ့ ဂိမ်းများစွာကို အသုံးပြုနိုင်ပါတယ်။ ကလေး တွေရဲ့ စမတ်ဖုန်း အသုံးပြုမှုကို ထိန်းချုပ်ဖို့ ဆိုတာ မိဘတွေအတွက် လိုအပ်လာပါတယ်။ ဒီလို ထိန်းချုပ်ပေးနိုင်တဲ့ Android App အသစ်က TimeAway ဖြစ်ပါတယ်။ TimeAway က သင့်ကလေး ဘယ် App ကို အချိန်ဘယ်လောက် အသုံးပြုလဲဆိုတာကို ဖော်ပြပေးနိုင်သလို ကလေးရဲ့ တည်နေရာ ကိုလည်း မြေပုံမှာ ခြေရာခံနိုင်ပါတယ်။ ကလေးရဲ့ ဖုန်းကို Lock ပြုလုပ်ပေးနိုင်ပါတယ်။

TimeAway ကို Google Play Store ကနေ အခမဲ့ ရယူနိုင်ပါတယ်။ အင်စတော လုပ်ပြီးရင် ပထမဆုံး Activate လုပ်ပေးရမှာပါ။ ပြီးရင် TimeAway Account တစ်ခုကို Register လုပ်ရမှာပါ။

TimeAway က အလုပ်အားလုံးကို အင်တာနက်ကနေ ပြုလုပ်ပေးမှာ ဖြစ်တဲ့အတွက် App ကို သင့်ဖုန်းနဲ့ သင့်ကလေးရဲ့ ဖုန်း နှစ်လုံးစလုံးမှာ အင်စတော လုပ်ရမှာပါ။ Sign Up လုပ်တဲ့အခါမှာ ဂဏန်းငါးလုံးပါတဲ့ Password ကို သတ်မှတ်ပေးရမှာပါ။ ဒါမှသာ ကလေးက App ကို ဖုန်းကနေ Uninstall ပြုလုပ်လို့မရမှာ ဖြစ်ပါတယ်။ သင့်ရဲ့ အီးမေးလိပ်စာနဲ့ Password ကို ရိုက်ထည့်ပြီးရင် Register ကို နှိပ်ပါ။ Application Mode မှာ သင့်ဖုန်းမှာ အင်စတောလုပ်ရင် Parent ၊ ကလေးဖုန်းမှာ အင်စတော လုပ်ရင် Kid ကို ရွေး ချယ် ပေးရမှာပါ။ TimeAway ကို အခမဲ့ အသုံးပြုရင် ကလေးခြောက်ယောက်ကို ထိန်းချုပ်နိုင်ပါတယ်။ Register လုပ်ပြီးရင် App က စွမ်းဆောင်ချက်များကို Tutorial အနေနဲ့ ပြသပေးမှာပါ။

သင့်ရဲ့ ဖုန်းကနေ ကလေးရဲ့ ဖုန်းကို ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။ သင့်ဖုန်းမှ TimeAway ကို ဖွင့်ပါ။ App ရဲ့ Home ကဏ္ဍမှာ ကလေးရဲ့ ဖုန်းအသုံးပြုမှုကို နေ့ရက်၊ အချိန်များနဲ့ ပြသထားပါတယ်။ အများဆုံး သုံးတဲ့ App, Game တွေကိုလည်း ပြသပေးထားပါတယ်။ Schedule ကဏ္ဍမှာ Bedtime, School Time စတဲ့ အချိန်များ သတ်မှတ်ပြီး အဲဒီအချိန်များမှာ ဖုန်းကို အလိုအလျှောက် Lock ပြုလုပ်ထားနိုင်ပါတယ်။ School Time ထဲဝင်ကြည့်ရင် မနက်ရှစ်နာရီကနေ ညနေ သုံးနာရီကို ကျောင်းချိန်အဖြစ် သတ်မှတ်ထား တာကို တွေ့ရပါတယ်။ အချိန်ကို တစ်ချက်နှိပ်ပြီး ပြင်ဆင်နိုင်ပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့ အထိ သတ်မှတ်ထား ပါတယ်။ နေ့ရက်တွေကို တစ်ချက်ထိနှိပ်ပြီး ဖယ်ရှားတာ၊ ထည့်သွင်းတာ ပြုလုပ်ရ မှာပါ။ ပြီးရင်တော့ Off ခလုတ်ကို တစ်ချက်နှိပ်ပြီး On အဖြစ်ပြောင်းပေးရမှာပါ။ App Time Limit မှာ App များကို ကလေးအသုံးပြုလို့ မရအောင် ပိတ်ထားနိုင်ပါတယ်။ ပိတ်ချင်တဲ့ App ကို အမှန်ခြစ်ပေးပြီး အောက်ခြေမှ Add ကို နှိပ်ပါ။

Lock ကဏ္ဍမှာ ကလေးရဲ့ ဖုန်းကို အချိန်မရွေး Lock ပြုလုပ်နိုင်ပါတယ်။ Lock ပြုလုပ်လိုက်ရင် ကလေးဟာ ဖုန်းကို သုံးလို့မရတော့ဘဲ သင်သတ်မှတ်ထားတဲ့ Passcode ငါးလုံးနဲ့ မှသာ Unlock လုပ်နိုင်မှာဖြစ်ပါတယ်။ နောက်ထပ် ကောင်းမွန်တဲ့ စွမ်းဆောင်ချက်က ကလေးရဲ့ တည်နေရာကို Google Maps မှာ ခြေရာခံနိုင်တာပါ။ ဒီလို ခြေရာခံဖို့ Map ကဏ္ဍကို သွားရမှာပါ။ အများဆုံးသုံးတဲ့ App, Game တွေကိုလည်း ပြသပေးထားပါတယ်။

အချုပ်အားဖြင့် TimeAway ဟာ အလွန်အသုံးဝင်ပြီး အခမဲ့ အသုံးပြုနိုင်ပါတယ်။ သူ့လို Apps များစွာ Google Play Store မှာ ရှိပေမယ့် အများစုက အခပေး App များဖြစ်ပြီး အခမဲ့ App များဆိုရင်လည်း စွမ်းဆောင်ချက် အချို့ကို အခပေး ၀ယ်ယူအသုံးပြုရတာ ဖြစ်ပါတယ်။ TimeAway ကို Android 2.2 နဲ့ သူ့အထက်မှာ သုံးနိုင်ပါတယ်။

http://goo.gl/CU6hXF

ref;Myanmar Digital Life Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...