GPG EMMC Box နဲ့ Deadboot ပြန်နှိုးနည်း



ဒီတစ်ခါ တော့ GPG EMMC Box နဲ့ Deadboot ပြန်နှိုးတဲ့ အကြောင်းလေး ပေါ့နော် အရင်ဆုံး လိုအပ် တာတွေ ကတော့ GPG EMMC Box နဲ့ ကိုယ်ပြန်နှိုးချင်တဲ့ Model အတွက် Boot.bin ဖိုင်လေးပါ GPG EMMC Box ကိုတော့ အဲဘောက်တွေ ရောင်းတဲ့ ဆိုင်တွေ ကနေ ၀ယ်ရမှာပေါ့နော်၊ Boot.bin ဖိုင်လေး ကိုတော့ ဒီလင့်ကနေ သွားဒေါင်းလို့ရပါတယ်..


လိုအပ်တာလေးတွေ ပြည့်စုံပြီ ဆိုရင်တော့ စလိုက်ကြ ရအောင်နော် ကျွန်တော် နမူနာ အနေနဲ့ Huawei C8810 Model လေးနဲ့ ပြပေးထား ပါတယ်၊ ကဲစမယ်ဗျာ PC နဲ့ GPG EMMC Box ကိုချိတ်ပြီး PC ကနေ GPGeMMC ဆော့ဝဲ လေးကို ဖွင့်လိုက်ပါ ဆော့ဝဲ ပွင့်လာပြီဆိုရင် ဘယ်ဘက် အပေါ်ဆုံးဒေါင့်က JTAG အကွက်လေးကို တစ်ချက်နှိပ်ပြီး ပုံထဲမှာပြထားတဲ့ အမှတ်စဉ် (1) နေရာမှာ မိမိလုပ်မဲ့ ဖုန်း အမျိုးအစား ကိုရွှေးရပါမယ်၊ (2)နေရာမှာတော့ Model ကိုရွှေး လိုက်ရင်(3)နေရာမှာ ပြထားတဲ့အတိုင်း မိမိရွှေး လိုက်တဲ့ အမျိုးအစား ရဲ့ JTAG ကြိုးခဲဆော်ရမဲ့ နေရာကိုပြပေးတဲ့ ပုံလေး ပေါ်လာပါမယ် အဲပုံလေး အတိုင်း လုပ်မဲ့ဖုန်းမှာ JTAG ကြိုးကို ခဲအရင်ဆော်ရ ပါမယ် ပြီးရင် GPGeMMC Box နဲ့ ချိတ်ပြီး အဲဖုန်းနဲ့ PC ကို လဲ USB ကြိုးနဲ့ ချိတ်ဆက် ပေးထားရပါမယ်။ ပြီးရင် PC မှာ Run ထားတဲ့ GPGeMMC Box ဆော့ဝဲ့ ရဲ့ (4) နေရာမှာ ပြထားတဲ့ မှန်ဘီလူးလေးကိုနှိပ်ပြီး ဒေါင်းထားတဲ့ မိမိလုပ်မဲ့ ဖုန်းရဲ့ Boot.bin လေးကို သွားရွှေးပေးပါ။ (5) နေရာမှာတော့ ပြန်ရေးမဲ့ Boot ဖိုင်ဆိုဒ်လေးကို ရွှေးပေးပြီး (6) နေရာက GPGJtag Default pinouts နေရာလေးကို တစ်ချက်နှိပ်ပေးပြီး ဘေးကအဖြူရောင် အကွက်ကြီးမှာ Device Ready…ok! လို့ ပေါ်လာပြီဆိုရင် Deadboot ပြန်နှိုးဘို့ အဆင်သင့်ဖြစ်ပြီပေါ့ဗျာ …….. ကဲ စမယ်နော် Run ထားတဲ့ ဆော့ဝဲကနေ Write >> Ok ပြီးရင် ဘေးက အဖြူရောင် အကွက်ထဲမှာ ပေါ် လာတဲ့ စာအတိုင်း သူပြောသလို Power ခလုပ်လေးကို နှိပ်ပေးထားလိုက်ပါ ဆော့ဝဲ က ဖုန်းရဲ့ CPU ID နဲ့ Flash ID ကို စစ်ပြီး (7) မှာပြထားတဲ့ အတိုင်းပေါ်လာပြီ ဆိုရင်တော့ သူပြောသလို လက်ရှိ လုပ်နေ တဲ့ အလုပ်ကို ဆက်လုပ်မယ်ဆိုရင် နှိပ်ထားတဲ့ Power ခလုပ်ကို လွှတ်ပေးပါဆိုရင် လွှတ်ပေးလိုက်ပေါ့ နော် (7) မှာပြထားတဲ့ အတိုင်းမပေါ်ဘဲ CPU ID & Flash ID နေရာတစ်ခုခု မှာ အနီရောင်စာတွေ နဲ့ ပေါ်လာပြီး မသိဘူးဆိုရင် ပြန်ရေးလို့ မရပါဘူး ) ဒါဆိုရင် Boot ဖိုင်လေးကို ပြန်ရေးခြင်းလုပ်ငန်း စပြီပေါ့နော် အောက်က ဘားတန်းလေးမှာ 100% ပြည့်ပြီး Write succeed!ဆိုရင်တော့ Deadboot ပြန်နှိုးခြင်း ကိစ္စ ပြီးပြီ ပေါ့နော် ဖုန်းမှာ ခဲဆော်ထားတဲ့ Jtag ကြိုး လေးတွေကို ဖြုတ်ပြီး ဖုန်းကိုBattery ထည့် Power ဖွင့်ကြည့်လိုက် လို့ Logo လေးပေါ်လာပြီဆိုရင် အမောပြေပြီပေါ့နော် ……… ဒါပေမဲ့ မပြီးသေးဘူးနော် အဲဖုန်းရဲ့ Firmware ကို အစအဆုံး ပြန်တင်ပေးဘို့ တော့ လိုအပ်သေးတယ်နော် ……(သိသလောက် ပြန်မျှဝေတာဖြစ်လို့ အမှားမယွင်းနဲ့ လိုအပ်တာလေးများရှိရင် ခွင့်လွှတ်ပေးကြ ပါအုံးနော် ) အားလုံးဘဲ အဆင်ပြေကြပါစေဗျာ………။

KoNayla(Myanmar Mobile App Store & Myanmar Mobile Users Group)

ref;MMAS
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...