ကမ္ဘာကြီးရဲ့ နောက်ဆုံးနေ့

အာကာသနှင့် စကြ၀ဠာသို့ မေးမြန်း ထားတဲ့ "ကမ္ဘာကြီး လုံးဝ ပျတ်သွားတဲ့ အချိန် " ကို ပြန် လည် ဖြေကြား လိုက်ပါတယ်။

ကမ္ဘာကြီးရဲ့ နောက်ဆုံး အသက်ရှင်မယ့် နေ့ဟာ လာမယ့်နှစ်ပေါင်း ၂.၈ ဘီလီယံမှာ ဖြစ်ပါတယ်။ ဒါဟာ သုတေသန ပြုလုပ်ထားချက် တစ်ခုမှ ရရှိတဲ့ အချက် ဖြစ်ပါတယ်..။

ကမ္ဘာကြီးဟာ အခုဆိုရင် သက်တမ်းအားဖြင့် ၄.၅ ဘီလီယံကျော် ရှိနေပါပြီ.။ နေအဖွဲ့အစည်းမှာ နေကို မှီခိုအားထားပြီး ဖြစ်ခဲ့ရတဲ့ ကမ္ဘာဂြိုဟ် အဖို့ နေရဲ့ ပျက်စီးမှု၊ ပြောင်းလဲမှုတို့နှင့် အတူ ပြောင်းလဲပျက်စီးသွားရမှာ ဖြစ်ပါတယ်..။ နောက်ထပ် နှစ်ပေါင်း ၅ ဘီလီယံအတွင်းမှာဘဲ နေဟာ သူ့အတွင်းမှာရှိတဲ့ ဒြပ်အားတွေ ကုန်ဆုံးပြီး အနီရောင် ကြယ်ကြီး ("red giant") အဖြစ်ကို စတင်ပြောင်းလဲမှာဖြစ်ပါတယ်။ အဲ့ဒီ့အခါမှာ နေရဲ့ အနီးမှာရှိတဲ့ မာကျူရီ၊ ဗီးနပ်စ် နဲ့ ကျနော်တို့ ကမ္ဘာကိုပါ ၀ါးမျိုသွားမှာဖြစ်ပါတယ်..။ သေချာတာတစ်ခုကတော့ အဲ့ဒီ့လို နေက ကမ္ဘာကို ၀ါးမမျိုခင်မှာဘဲ.. ကမ္ဘာပေါ်မှာ သက်ရှိတွေ ရှိနေကြတော့မှာ မဟုတ်ပါဘူး..။

သက်ရှိတွေ မရှင်သန်နိုင်တော့မယ့် အပူချိန်..

အခုဆိုလျှင် ရာသီဥတုဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုပူပြင်းလို့ လာနေပါပြီ..။ ဒါပေမယ့် ဘယ်အချိန်မှာ သက်ရှိတွေအကုန် ပျောက်ကွယ် သွားလောက်အောင် ပူပြင်းလာမှာလဲဆိုတာ စိတ်ဝင်စားစရာပါ..။ သိပံ္ပပညာရှင်များကတော့ ထိုအချိန်ကို တွက်ချက်ထားပြီးကြပါပြီ..။ အဲ့ဒါကြောင့်လဲ သက်ရှိလူသားတွေ နေထိုင်နိုင်မယ့် ဂြိုဟ်တစ်ခုကို စကြ၀ဠာအတွင်းမှာ အပူတပြင်း လိုက်လံရှာဖွေနေကြတာဖြစ်ပါတယ်..။

အပင်တွေ အရင်သွားမယ်..

အပင်တွေဟာ သက်ရှိ (လူသား)တွေအတွက် မရှိမဖြစ်လိုအပ်သော အရာတစ်ခုဖြစ်ပါတယ်..။ အပင် တွေဟာ လေထဲက ကာဗွန်ဒိုင် အောက်ဆိုဒ် ဓါတ်ငွေ့များကို ရှူသွင်းပြီး အောက်ဆီဂျင်များကို ပြန်လည် ထုတ် လွှတ်ပေးနေတယ်ဆိုတာ လူတိုင်းသိပါတယ်..။ အပင်ကြောင့် ကျနော်တို့ အောက်ဆီဂျင် ရှူလို့ ရတယ်၊ အပင်ကို စားသုံးလို့ရတယ်၊ ဆေးဝါးတွေ ဖော်စပ်လို့ရပါတယ်..။

အပူချိန်မြင့်တက်လာမှုဟာ ရေခိုးရေငွေ့များကို လေထုထဲကို ပိုမိုရောက်ရှိစေပါတယ်။ အဲ့ဒီ့ရေခိုးရေငွေ့ များဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လေထုထဲမှာ တဖြည်းဖြည်းချင်း ဖယ်ရှားလာပါတယ်..။ နောင်နှစ် သန်းပေါင်း ၅၀၀ ကြာရင်တော့ ကမ္ဘာကြေီးမှာ အပင်တွေအသက်ရှင်စရာ ကာဗွန်ဒိုင်အောက်ဆိုဒ်များ မကျန်တော့ဘဲ အပင်များ ပျောက်ကွယ်သွားမှာ ဖြစ်ပါတယ်..။

အပင်တွေပျောက်ကွယ်သွားရင်တော့ အပင်ကိုမှီခိုနေရတဲ့ ကျနော်တို့ သက်ရှိတွေ ဒုက္ခရောက်ပြီ ဖြစ်ပါ တယ်။ အောက်ဆီဂျင် ပြတ်လပ်တော့မယ်..။ စားစရာတွေ၊ ဆေးဝါးတွေ မရှိတော့အောင်ဖြစ်လာ တော့မယ်..။ နောက်နှစ်ပေါင်း တစ် ဘီလီယံအတွင်းမှာ သက်ရှိတွေ ပျောက်ကွယ်သွားပါတော့မယ်..။

ဆိုတော့.. အနှစ်ချုပ်ဖော်ပြရလျှင်.. နောက်နှစ် သန်း ၅၀၀ မှာ အပင်တွေ ကုန်မယ်၊ အပင်တွေကုန်ပြီး တစ်ဘီလီယံ နှစ်မှာ လူအပါအ၀င် သက်ရှိသတ္တ၀ါတွေ ကုန်မယ်၊ အပင် နဲ့ သက်ရှိတွေ ကုန်ပြီး ၁.၃ ဘီလီယံနှစ်မှာ (လာမယ့်နှစ်ပေါင်း ၂.၈ ဘီလီယံမှာ) ကြီးထွားလာမယ့် နေမင်းကြီးနဲ့အတူ ကျနော်တို့ ကမ္ဘာကြီး ဟာလည်း ပျက်စီး ပျောက်ကွယ်သွားတော့မှာ ဖြစ်ပါတော့တယ်..။


ref;အာကာသနှင့် စကြ၀ဠာ
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...