တစ်ပတ်စာ သင်၏ကံဇာတာ

၂၀၁၄ ဩဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ 

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ 

မိတ်ဆွေကောင်းနှင့် သဟာယဖွဲ့ နိုင်မည်။ လုပ်ငန်းစီးပွား အငြင်းပွားပြဿနာကို မျှတစွာ ဖြေရှင်းနိုင်မည်။ ပုဂ္ဂိုလ်ရေး သံသယကို ပယ်နိုင်ပြီး အပြန်အလှန် ကောင်းကျိုးအတွက် နားလည်မှု မြှင့်တင်နိုင်မည်။ အကြံဉာဏ်ကောင်းများ ပေါင်းစပ်ပြီး တီထွင်ဆန်းသစ်မှုကို ထင်ရှား စေနိုင်မည်။ နှလုံးသား ရင်ခုန်ရကိန်း ရှိသည်။ 

* စေတနာထား မေတ္တာပွားလော့။ 

မိန်ရာသီဖွား (Pisces) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ 

ကောင်းမှုမြတ်နိုး ကောင်းအောင် ကြိုးစားခြင်းဖြင့် ဘုန်းတန်ခိုး ဆတက်တိုးကိန်းရှိမည်။ အတိုက်အခံများကို လေးစားမှုဖြင့် တုံ့ပြန် စည်းရုံးနိုင်မည်။ လူမှုစီးပွားဟန်ချက်ကို အတ္တ ပရ မျှတစေခြင်းဖြင့် ရေရှည်တည်တံ့ စေနိုင် ပါမည်။ နှလုံးသားရေးရာမှာ ကြည်လင်ထင်ရှားစွာ ပီတိဖြာရမှုများ ရှိလာမည်။ 

* စိတ်ထားကောင်းမှုကို သက်သေပြုနိုင်ပါစေ။ 

မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ 

မထင်မရှား နေထိုင်ခြင်းဖြင့် မကောင်းမှုများ ပြုလုပ်ဖြစ်နေမည်။ ကိလေသာ အပျော်အပါးကို နှစ်သက်နေတတ် သောကြောင့် ထွက်ငွေများပြီး စီးပွားဆုတ်ယုတ် နေတတ်သည်။ ဆရာသမား မိတ်ဆွေကောင်းများကို အထင် အမြင် လွဲမှားနေတတ်သည်။ နှလုံးသားရေးရာမှာ အဆင်းနှင့် အချင်းကို ခွဲခြားသုံးသပ် တတ်ရမည်။ 

* ဆင်ခြင်တုံတရား လက်ကိုင်ထားပါ။ 

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁

တည်ငြိမ် ရင့်ကျက်လာသော်လည်း ဖြောင့်မတ်မှန်ကန်မှု လျော့နည်းနေမည်။ ပုဂ္ဂိုလ်ရေး တန်ဖိုးထားမှု လွဲနေ သောကြောင့် မိတ်ဆွေကောင်း ဆုံးရှုံးရတတ်ပါသည်။ အခွင့်အရေးကို မှန်ကန်စွာ သုံးသပ်နိုင်အား နည်းနေ တတ်သည်။ ငွေဝင်ငွေထွက် ဟန်ချက် မမှန်တတ်ပါ။ အချစ်ကို ဈေးတွက် မတွက်မိပါစေနှင့်။ 

* သမာသမတ်စိတ်ဓာတ်ကို မွေးပါ။ 

မေထုန်ရာသီဖွား၊(Gemini) မေ ၂၂ မှ ဇွန် ၂၂ 

အမြင်ကောင်းဖို့ထက် အသွင်ကောင်းရေး အလေးအနက်ထားရပါမည်။ မုသားစကားကြောင့် ပုဂ္ဂိုလ်ရေး ယုံကြည်မှု ကျဆင်းတတ်ပါသည်။ ရင်းနှီးမြှုပ်နှံမှုများ မှားတတ်ပါသည်။ မိတ်ဆွေကောင်းနှင့် အဆက်အသွယ် ပြတ်နေတတ် သည်။ အမှန်စကားကို သံသယပွားမိသောကြောင့် မေတ္တာရသ ပျက်တတ်သည်။ 

* ပုဂ္ဂိုလ်ရေးရာကို တန်ဖိုးထားတတ်စေ။ 

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ 

လူမှုဆက်ဆံရေးမှာ သံသယ၀င်စရာများ ရှိလာတတ်သည်။ ငွေကြေး တာဝန်ခံ အပ်နှံမှုနှင့် ရင်းနှီးမြှုပ်နှံမှုကို သတိထားရပါမည်။ ချိုသာစကား လှည့်ဖြားတတ်သူများ၏ မာယာစက်ကွင်းမှ ရှောင်ထွက်ရန် ခက်နေတတ်သည်။ မိမိ၏ ဓနသဟာယ အင်အားဖြင့် ပါးနပ်စွာတုံ့ပြန် တတ်ရပါမည်။ ခံစားမှုကို ဦးစားမပေးမိပါစေနှင့်။ 

* စိတ်ဓာတ်အင်အား ကစဥ့်ကလျား မဖြစ်စေနှင့်။ 

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ 

ထင်ရှားသောဝိသေသဖြင့် ပုဂ္ဂိုလ်ရေး ဂုဏ်သရေ ကျော်ကြားကိန်းရှိသည်။ မိတ်ဆွေကောင်းများ အမာခံကျောရိုး အဖြစ် ရှိနေသင့်သည်။ ရေရှည်လုပ်ငန်းကြီးအတွက် စနစ်တကျညှိနှိုင်းမှု အောင်မြင်မည်။ ခေတ်စနစ်၏ ကန့်သတ် ချက်ကို ပါးနပ်စွာ ထိုးဖောက်ကျော်ဖြတ်နိုင်လိမ့်မည်။ အားကိုးထိုက်သူနှင့် တွေ့ရကိန်းရှိသည်။ 

* လူမှုစည်းကမ်းများကို လေးစားပါ။ 

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ 

ယုံကြည်မှုဖြင့် လူမှုဘ၀ကို ရှင်သန်စေရပါမည်။ ကံ၊ ဉာဏ်၊ ၀ီရိယ ဟန်ချက်မျှပြီး ကာလဒေသကို သုံးသပ်တတ်ရ ပါမည်။ အမြင်အကြားကို ခွဲခြားစိတ်ဖြာမှု အားနည်းနေတတ်ပါသည်။ ငါစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ဆရာစွဲ၊ တပည့်စွဲများကြောင့် လုပ်ငန်းစီးပွား အပြန်အလှန် အငြင်းပွားမည်။ နှလုံးသားရေးရာ မတွေဝေပါစေနှင့်။ 

* မာနနှင့် မခံချင်စိတ်များကို ထိန်းချုပ်။ 

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှ အောက်တိုဘာ ၂၃ 

ဆန္ဒရာဂ လွန်ကဲနေမှုကို ရပ်တန့်ဖို့ လိုပေမည်။ သင့်မသင့် သုံးသပ်မှု အားနည်းနေသောကြောင့် အမှားများ ပြုလုပ်နေမိတတ်သည်။ ဆရာ နှင့် မိတ်ဆွေကောင်းများကို အထင်လွဲမှားနေခြင်းမှာ မဟာအမှားကြီးဖြစ်လိမ့်မည်။ လုပ်ငန်းစီးပွားတူများနှင့် သဘောထား ကွဲတတ်သည်။ အချစ်ခံစားမှု အစွဲအလမ်း မကြီးနှင့်။ 

* ဘယ်သူမပြု မိမိမှု ဆိုတာကိုသိ။ 

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ 

လုပ်ငန်းစီးပွားမှာ လုံ့လအားနည်း နေတတ်သည်။ ယုံကြည်အားကိုးမှု မှားသော် ကံအကြောင်း မကောင်းနိုင်ပါ။ ဆုံးဖြတ်ချက် ပြတ်သားပြီး ယုံကြည်ချက်ခိုင်မာရပါမည်။ ငွေကြေးခက်ခဲနေတတ်သော်လည်း မိတ်ဆွေကောင်းများ ထံမှ လိုအပ်သော အကူအညီများ ရမည်။ ချစ်ကံကောင်းပါလိမ့်မည်။ 

* အချိန်ကိုသုံး မဖြုန်းနှင့်။ 

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၂ 

မိမိ၏ တည်ကြည်ဖြောင့်မတ်မှုကို အဂတိလေးပါး ကင်းရှင်းခြင်းအားဖြင့် ထင်ရှားစေရပါမည်။ ဩဇာအာဏာ ကြီးမားသူများ၏ ချီးမြှင့်မြှောက်စားခြင်း ခံရမည်။ တန်ဖိုးရှိသော သတင်းကောင်းများ ကြားနာရမည်။ အမှတ်မထင် ကံကောင်းအောင်မြင်မှုများ ရှိမည်။ အချစ်ရေးမှာ နီးလျက်နှင့် ဝေးနေရတတ်သည်။ 

* စာရိတ္တမဏ္ဍိုင် ကြံ့ခိုင်ပါ။ 

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ 

နားလည်ပေးနိုင်မှုဖြင့် လူမှုဘ၀ သဟဇာတဖြစ်မှုကို ရှင်သန်စေရပါမည်။ သာမညနှင့် အဓိက ခွဲခြားပြီး လူမှုစီးပွား အခွင့်ကောင်းကို အသုံးချနိုင်ရပါမည်။ မိတ်ဆွေကောင်းနှင့် ဆုံစည်းပြီး ၀န်းကျင်ချဲ့ထွင်နိုင်ပါမည်။ တည်ငြိမ် ရင့်ကျက်မှုဖြင့် ဘ၀ရပ်တည်မှုကောင်းကို ဖန်တီးနိုင်မည်။ မေတ္တာကို သစ္စာဖြင့် ခိုင်မြဲစေလိမ့်မည်။ 

* မိတ်ဆွေကောင်းများကို တန်ဖိုးထားပါ။ 

ကံသုံးပါးကို ပညာသိဖြင့် ပြုလုပ်ခြင်းမှာ တိုက်ရိုက်မူလ 'ယတြာ' ဖြစ်သည်။ 


ဆရာ အောင်မြင်ကျော်
အမှတ် (၁၀၃)၊ ၃ လွှာ၊ သမိန်ဗရမ်းလမ်း၊ 
တာမွေမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၀၉ ၇၃၁၃ ၅၆၃၂၊ ၀၉ ၄၅၀၀ ၂၉၁၈၃။

ref;Myanmar Times
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...