အိပ်စရာနေရာ ရရန် မိန်းကလေးများနှင့် ညတိုင်းတွဲသည့် အိမ်ယာမဲ့


နယူးယော့ခ် မြို့ တော် မန်ဟတ်တန်ရှိ အိမ်ခြေယာမဲ့ တစ်ဦးသည် ညတိုင်းလိုပင် မိန်းကလေးများနှင့် အတူလိုက် အိပ်ကာ အိပ်စရာ အခက်အခဲကို ဖြေရှင်းလျှက် ရှိသည်ဟု Mirror သတင်းဌာနက ဖော်ပြသည်။

အသက် ၂၁ နှစ်ရှိ ရုပ်ဖြောင့်သော ဂျိုးဆိုသည် အိမ်ခြေယာမဲ့က ခြေသလုံးအိမ်တိုင် ဘဝပင် ဖြစ်သော်လည်း ယောက်ျား အများစု အားကျယူရ လောက်အောင် မိန်းများကို ဆွဲဆောင်နိုင်သည်ဟု mirror သတင်းကရေးသား သည်။

ဂျိုးက နေ့ ခင်းချိန်များတွင် အလှဆီများ ခေါင်းလိမ်းဆီများကို နမူနာ အခမဲ့သုံးနိုင်သော ဆိုင်များသို့ သွားရောက် ယူကာ သူ့ ရုပ်ရည်ရူပကာ အတွက် ပြင်ဆင်သည်။ တောင်းရမ်း ရသော ငွေကြေး အချို့ ကိုလည်း အသုံးသည်။

"နယူးယော့ခ် မြို့ တော်ကြီးက အံ့သြစရာ အပြည့်ပါ။ ၈၉ သန်း ရှိတဲ့ လူဦးရေမှာ မိန်းကလေး တွေကို စိတ်တိုင်းကျ တွဲနိုင်တယ်" ဟု ဂျိုးကပြောသည်။

"မိန်းကလေးတွေကို အရောဝင်တယ်။ နောက် အတူသောက်စား ကြပြီး အတူအိပ်ခွင့် ရတော့တာ ပါပဲ"ဟုလည်း ဂျိုးက ဆက်၍ ပြောသည်။

ဂျိုးသည် နေ့ စဉ် အလွန်အကျွံ့  သောက်စားသူ တစ်ဦး ဖြစ်ကြောင်း ကိုယ်တိုင် ဝန်ခံထားသည်။ ၎င်းအိမ်ခြေယာမဲ့ ဘဝသို့ ရောက်ရှိခဲ့ သည်မှာလည်း မူးယစ် ဆေးဝါးများ ဖွက်ထားသည်ကို မိခင် ဖြစ်သူက တွေ့ ရှိသွား၍ အိမ်မှ နှင်ချ ခံခဲ့ရခြင်း ဖြစ်သည်။


Mizzima News
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...