တရုတ်စစ်သား တွေရဲ့ ခေါင်းပေါ်မှာ ရေဗူးတွေ ဘာကြောင့် တင်ထားသလဲ

အေသင်အောင်

တရုတ်နိုင်ငံ မှာရှိတဲ့ အလုပ်သင် ဗိုလ်လောင်းတွေဟာ စစ်ချီတက်ရာမှာပဲ ဖြစ်ဖြစ်၊ တန်းစီရမှာ ပဲဖြစ်ဖြစ် သူတို့ရဲ့ ခေါင်းပေါ်မှာ ရေဗူးတွေ တင်ရှိ ထားတာ တွေ့ရှိရမှာ ဖြစ်ပါ တယ်။ Zheng Zhou လေတပ် သင်တန်းကျောင်းမှာ တက်ရောက် ပညာသင်ယူနေ ကြတဲ့ အလုပ်သင် ဗိုလ်လောင်း တွေကို တရုတ် စစ်တပ်က တင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ပြီး သင်ကြားပေးနေရာ ရေဗူးမှာ ရေထည့် ပြီး ခေါင်းပေါ်မှာ တင်ရှိစေတဲ့ စည်းမျဉ်းက တော့ ထူးခြားနေခဲ့ ပါတယ်။ ဒီလိုပြုလုပ်ခြင်းကြောင့် သင်တန်းသား တွေဟာ အာရုံစူးစိုက်မှု အပြည့်ထားရှိ နိုင်မှာ ဖြစ်တယ်လို့ တရုတ် စစ်တပ် တာဝန်ရှိ သူတွေက ယုံကြည်နေကြပါတယ်။ တရုတ်နိုင်ငံ တစ်ဝန်းရှိ လေ့ကျင့်ရေးတပ်တွေမှာ ဒီလိုပြုလုပ် သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ပထမနှစ် သင်တန်းသား ဘ၀မှာ စတင်ပြုလုပ်ပေး သွားမှာ ဖြစ်ပြီး ရေဗူးကို ခေါင်းပေါ်တင် ထားစဉ် ပြုတ်ကျပါက အရေးယူ အပြစ်ပေးခံရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ရေးမှူး လီယာအိုက ရေဗူးကို ခေါင်းပေါ်တင် ထားစဉ် လက်နဲ့ ကိုင်ခွင့် မပေးကြောင်း၊ ရေဗူး ပြုတ်ကျပါက အရေးယူခံရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရေဗူးပြုတ်ကျတဲ့ သင်တန်းသားတွေဟာ ခရီးရှည် ပြေးရခြင်း၊ အိမ်သာဆေးခြင်း စတဲ့ ပြစ်ဒဏ်တွေကို ချမှတ်ခံရမှာ ဖြစ်ပါတယ်။ Zheng Zhou ဒေသမှာ ဖွင့်လှစ်ထားတဲ့ သင်တန်းကျောင်းဟာ စစ်ပညာထက် စစ်သားတွေရဲ့ ကြံ့ခိုင်မှုနဲ့ စည်းမျဉ်းကို အဓိကထား သင်ကြားပေးလေ့ရှိ တယ်လို့ သိရပါတယ်။


The Messenger
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...