အင်ဂျင် အမျိုးအစားများ အပိုင်း (၆)

Diesel Engine

အခု တစ်ပတ်မှာတော့ ကျွန်တော်က ဒီဇယ် အင်ဂျင်တွေ အကြောင်းကို ပြောပြချင်ပြီးတော့ ဗဟုသုတ ရအောင် အနေနဲ့ ကားတွေမှာ တပ်ဆင် ထုတ်လုပ်တတ်တဲ့ ဒီဇယ် အင်ဂျင်တွေ အကြောင်းတင် မဟုတ်ပဲ အားလုံး သော ဒီဇယ်အင်ဂျင်တွေ အကြောင်းကို ချုံပြီးတော့ လည်ပတ် ပုံတွေနဲ့ သိကောင်းစရာ အချက်တွေကို ပြောပြချင်ပါတယ်နော်။ သူတို့က တစ်ချိန်တုန်းက မော်တော် ကားတွေမှာ ဆိုရင် စက်သံဆူညံမှု၊ စက်ချေး အထွက်များ မှုတွေကြောင့် အသုံးနည်း သွားခဲ့ပေမယ့် Audiရဲ့ နည်းပညာပိုင်း တီထွင်မှုတွေနဲ့ အတူ လက်ရှိ ကားလောက မှာတောင်မှ ဒီဇယ် အင်ဂျင်ကားတွေ ပြန်လည် နေရာယူလာပြီ ဖြစ်သလို တစ်ဖက်ကလည်း ဓါတ်ဆီအင်ဂျင်တွေထက်စာရင် စွမ်းအင် ထုတ်လုပ်မှု ပိုမိုကောင်းမွန်တာကြောင့် ဒီဇယ် အင်ဂျင်စနစ်တွေက Sportကားတွေမှာ တပ်ဆင်ထုတ်လုပ်မှု များတာ တွေ့ရ သလို ၀န်တင် ကုန်တင် ယာဉ်ကြီးတွေမှာလည်း ဒီဇယ် အင်ဂျင်တပ် မော်ဒယ်တွေကို တွေ့ရတာ ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ကျွန်တော်တို့ ဒီဇယ် အင်ဂျင်တွေ အကြောင်းကို ဆက်ကြည့်ရအောင်ပါနော်။

ဒီဇယ် အင်ဂျင်တွေကို Compression Ignition Engineတွေရယ်လို့လည်း ခေါ်ပြီးတော့ သူက အတွင်းဖက် ပေါက်ကွဲခန်း ထည့်သွင်းတည်ဆောက်ထားတဲ့ အင်ဂျင် အမျိုးအစား ဖြစ်ကာ အင်ဂျင်ရဲ့ အတွင်းဖက်မှာ ပေါက်ကွဲမှု မဖြစ်ခင် ပေါက်ကွဲစေမယ့် ဆီကို အပူနဲ့ ဖိအားအရင်ပေးပြီးမှ ပေါက်ကွဲစေတာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အဆိုပါ ဖိအားပေးထားတဲ့ စက်သုံးဆီကို ပေါက်ကွဲစေဖို့ အတွက် ပုံမှန် တောက်လောင်နေမယ့် မီးစလည်း လိုအပ် မှာ ဖြစ်သလို အဆိုပါ ပုံစံမျိုးက ဓါတ်ဆီသုံး အင်ဂျင်တွေနဲ့ ဂတ်စ်သုံး အင်ဂျင်တွေမှာ တောက်လောင်စေတဲ့ နည်းလမ်းနဲ့ ဆင်တူတာ တွေ့ရပါတယ်။

ဒီနေရာမှာ ဒီဇယ် အင်ဂျင်တွေက ဘာကြောင့် စွမ်းအင် ထွက်နှုန်း ကောင်းမွန်တာလဲ ဆိုတာကိုလည်း ပြောချင် ပါသေးတယ်။ အကြောင်းကတော့ စက်သုံးဆီ စနစ်ကြောင့် ဖြစ်ပြီး ဒီဇယ်ဆီစနစ်က ဖိအား အများကြီး အပေးခံနိုင် တာကြောင့် ပေါက်ကွဲအား ကောင်းမွန်သလို စွမ်းအင် ထွက်နှုန်းလည်း များတာ ဖြစ်ပါတယ်။ ဆိုလိုတာက ဓါတ်ဆီကို ပေးနိုင်တဲ့ ဖိအားနှုန်းနဲ့ ဒီဇယ်ဆီကို ပေးနိုင်တဲ့ ဖိအားနှုန်း ကွာခြားမှု ရှိသလို ဒီနေရာမှာ ဖိအား များများ ပေးနိုင်လေ ပေါက်ကွဲအား ပိုမို ကောင်းမွန်လေ ဖြစ်သလို တစ်ဖက်ကလည်း ပေါက်ကွဲအား ကောင်းလေလေ စွမ်းအင် ထွက်ရှိမှုနှုန်း ကောင်းလေလေ ဖြစ်လာတာပါပဲ။ ဒါကြောင့်လည်း အရင်က မော်ဒယ်နိမ့် ဒီဇယ် အင်ဂျင် တွေမှာ ပေါက်ကွဲအား ကောင်းမွန်တာကြောင့် ဆူညံသံ ထွက်ရှိမှုနှုန်း များပြားတာဖြစ်ပြီး လူကြိုက်နည်းသွား ရတာလည်း ဖြစ်ပါတယ်။

အလွယ်ဆုံး နှိုင်းယှဉ်ပြရမယ်ဆိုရင် ဒီဇယ် အင်ဂျင်စနစ်တွေထဲမှာကိုပဲ စွမ်းဆောင်ရည်မြင့် အင်ဂျင်စနစ်နဲ့ စွမ်းဆောင်ရည်နိမ့် အင်ဂျင် စနစ်ရယ်လို့ နှစ်မျိုးခွဲနိုင်မှာ ဖြစ်ပြီး စွမ်းဆောင်ရည်မြင့် အင်ဂျင်စနစ်တွေကတော့ မော်တော်ကားတွေမှာ တပ်ဆင်မှုများပြီးတော့ စွမ်းဆောင်ရည်နိမ့်(ပုံမှန်) အင်ဂျင်စနစ်တွေကတော့ သင်္ဘောတွေနဲ့ အခြား မြန်နှုန်းမြင့်မြင့် မလိုတဲ့ စက်ပစ္စည်းစနစ်တွေမှာ တပ်ဆင်လေ့ရှိတာ တွေ့ရပါတယ်။ ဒီနေရာမှာ စွမ်းဆောင် ရည်နိမ့် အင်ဂျင်စနစ်တွေက မြန်နှုန်း ကောင်းဖို့လည်း မလိုသလို ဆီစားနှုန်းလည်း ချွေတာနိုင်အောင်လို့ ပေါက် ကွဲနှုန်းနဲ့ အင်ဂျင် အရွယ်အစားကို အတတ်နိုင်ဆုံး သေးငယ်အောင် ဖန်တီးလေ့ရှိပြီးတော့ အဲဒီလို စွမ်းဆောင်ရည် နိမ့်(ပုံမှန်) အင်ဂျင်စနစ်တွေမှာကိုပဲ စွမ်းအင်ထုတ်လုပ်နိုင်မှုနှုန်းက တခြား ပုံမှန် အင်ဂျင်စနစ်တွေထက်စာရင် ရာခိုင်နှုန်း ၅၀လောက်ထိအောင် စွမ်းအင်ထုတ်လုပ်နိုင်မှု ပိုမို ကောင်းမွန်တာ တွေ့ရပါတယ်။

ဒီဇယ်အင်ဂျင်စနစ်မှာတော့ အဓိက အမျိုးအစား ပြန်ခွဲမယ်ဆိုရင် Two-Strokeနဲ့ Four-Strokeဆိုပြီး နှစ်မျိုး ခွဲခြား နိုင်မှာ ဖြစ်ပြီးတော့ မော်တော်ဆိုင်ကယ်တွေမှာလိုပဲ တစ်ချက်ပေါက်ကွဲ တစ်ခါစွမ်းအင်ထုတ်တဲ့ ပုံစံနဲ့ နှစ်ချက် ပေါက်ကွဲ တစ်ခါစွမ်းအင်ထုတ်ပုံစံတွေ ဖြစ်ပါတယ်။ ဒါက ရှေးခေတ်က ရေနွေးငွေ့စက်ခေါင်းတွေကို ဖယ်ထုတ် လိုက်နိုင်တဲ့ စမ်းသပ်အောင်မြင်မှု တစ်ခု ဖြစ်ပြီးတော့ ၁၉၁၀ပြည့်နှစ်လောက်မှာကိုပဲ ဒီဇယ် အင်ဂျင်စနစ်တွေက မော်တော်ကားတွေမှာ တပ်ဆင်ခြင်း နည်းနေသေးတာတောင်မှ မော်တော်အငယ်လေးတွေနဲ့ သင်္ဘောတွေ ထိအောင် ဒီဇယ် အင်ဂျင်စနစ်တွေ ဖြစ်နေပါပြီ။ ပြီးတော့ တစ်ဆက်တည်းမှာ ဒီဇယ် အင်ဂျင်တွေကို အသုံးပြုမှု ဆိုင်ရာ ရည်ရွယ်ချက်တွေကိုလည်း ပြောပြချင်ပါသေးတယ်။ မော်တော်ကားနဲ့ သင်္ဘောတွေမှာလို အရွေ့စွမ်းအင် လိုအပ်လို တပ်ဆင်တဲ့ အပိုင်းမှာလည်း ဒီဇယ် အင်ဂျင်စနစ်တွေကို အသုံးပြုတာ တွေ့ရသလို ကုန်တင်ကားကြီး တွေ၊ ၀န်ချီစက် အကြီးစားကြီးတွေနဲ့ လျှပ်စစ်စွမ်းအင်ထုတ် မီးစက်တွေမှာလည်း ဒီဇယ် အင်ဂျင်စနစ်ကို အသုံးပြု ကြပါတယ်။

မော်တော်ကားတွေမှာ ဆိုရင်တော့ ၁၉၃၀ပြည့်လွန်နှစ်တွေရဲ့ နောက်ပိုင်းလောက်အရောက်မှ ဒီဇယ် အင်ဂျင် စနစ်တွေ တပ်ဆင် ထုတ်လုပ်မှု များလာတာ တွေ့ရပြီး ၁၉၇၀ပြည့်လွန်နှစ်တွေမှာတော့ ဒီဇယ် အင်ဂျင်တပ် ကားတွေ ကြီးစိုးတဲ့ ခေတ်လို့ ဆိုရလောက်အောင် လမ်းတိုင်း၊ နေရာတိုင်းမှာ ဒီဇယ် အင်ဂျင်တပ် မော်တော် ကားတွေနဲ့ ပြည့်ခဲ့ပါတယ်။ အထူးသဖြင့် အဲဒီအချိန်က ကားလောကရဲ့ ရောင်းအားအကောင်းဆုံးနဲ့ ဈေးကွက် အကြီးဆုံး အမေရိကန်နိုင်ငံမှာ ဖြစ်ပြီးတော့ အဆိုပါ အချိန်က အမေရိကန်ရဲ့ ကားကုမဏီတွေပဲ ကားဈေးကွက်ကို ချုပ်ကိုင်ထားနိုင်ခဲ့တာ ဖြစ်သလို မော်တော်ကား ၀ယ်လိုအား အများဆုံး နိုင်ငံကလည်း အမေရိကန်ပဲ ဖြစ်နေခဲ့တာ ပါ။ 

ပြီးတော့ အခုချိန်ထိအောင်လည်း ဓါတ်ဆီစနစ်သုံး အပါအ၀င် ဂတ်စ်သုံး မော်တော်ကားတွေ ဈေးကွက်မှာ နေရာ ယူလာတာ မှန်ပေမယ့် အရင်ကတည်းကနေ ခုထိအောင် ဒီဇယ် ကားတွေကို နှစ်နှစ်ခြိုက်ခြိုက်ရှိနေသေးတဲ့ နိုင်ငံ နှစ်နိုင်ငံရှိပြီးတော့ အဆိုပါ နိုင်ငံတွေကတော့ ပြင်သစ်နဲ့ အင်္ဂလန် ဖြစ်ပါတယ်။

အကြောင်းကတော့စာရင်းများအရ ပြင်သစ်မှာ ရောင်းချရတဲ့ မော်တော်ကားတွေရဲ့ ရာခိုင်နှုန်း ၇၀ခန့်နဲ့ အင်္ဂလန်မှာ ရောင်းချရတဲ့ ဈေးကွက်ရဲ့ ၃၈ရာခိုင်နှုန်းလောက်ကို ဒီဇယ် အင်ဂျင်စနစ်သုံး မော်တော်ကားတွေက ပိုင်ဆိုင်ထား တာ ဖြစ်ပြီးတော့ ကျန်တဲ့ စက်သုံးဆီစနစ်သုံး မော်ဒယ်တွေကတော့ ဈေးကွက်နေရာရရှိမှု နည်းပါးတာ တွေ့ရပါ တယ်။ လက်ရှိမှာတော့ ကမ္ဘာ့အကြီးဆုံး ဒီဇယ် အင်ဂျင်အဖြစ်နဲ့ ရပ်တည်နေတာက မီးရထား စက်ခေါင်းအင်ဂျင် တစ်လုံး ဖြစ်ပြီးတော့ အင်ဂျင်ရဲ့ အမည်က Wartsila-Sulzer RTA96-Cဖြစ်ပြီးတော့ အဆိုပါ စက်ခေါင်းကနေ တစ်မိနစ်ကို အင်ဂျင်လည်ပတ်နှုန်း အပတ်ရေ ၁၀၂ပတ်ကနေ စွမ်းအင် အနေနဲ့ မြင်းကောင်ရေ ၁၁၃၂၁၀ ကောင် အားထိအောင် ထုတ်လုပ်ပေးနိုင်တာလည်း ဖြစ်ပါတယ်။


လင်းလင်း (IA)
TechSpace Journal
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...