တက္ကသိုလ်များမှ ကျောင်းသားများအား ယူအိုဘီက ပညာသင်ဆုပေးမည်

surfky.com
ရန်ကုန် တက္ကသိုလ်နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ် နှစ်ခုတို့ရှိ ထူးချွန်ကျောင်းသား ကျောင်းသူများအား စင်ကာပူနိုင်ငံရှိ United Overseas Bank (ယူအိုဘီ)က တက္ကသိုလ် ပညာသင်ဆု ချီးမြှင့် သွားမည်ဖြစ်ကြောင်း စီမံခန့်ခွဲမှု ဒါရိုက်တာ မစ္စတာ အိုင်ရန်ဝမ်းက ပြောသည်။

အဆိုပါ အစီအစဉ်အတွက် ဘွဲ့ကြို ကျောင်းသား ၄၅ ဦး၏ ပညာရေးဆိုင်ရာ ရလဒ်ကောင်းများကို အခြေခံကာ ပါမောက္ခများက လူတွေ့စစ်ဆေးရွေးချယ် သွားမည် ဖြစ် သည်။

ထိုသို့ရွေးချယ်ရာတွင် မိသားစုအတွင်း ငွေကြေး အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများ
အား ဦးစားပေး ရွေးချယ် သွားမည်ဖြစ်သည်။

"ဒီပညာသင်ဆု အစီအစဉ်ကတစ်ဆင့် ဘဏ်လုပ်ငန်းတွေမှာ အရည်အချင်းရှိသူတွေ အများအပြား ပေါ်ထွက် လာ ဖို့ ရည်ရွယ်ပါတယ်"ဟု အိုင်ရန်ဝမ်းက ပြောသည်။

ပညာသင်ဆုကို ဘဏ်လုပ်ငန်းနှင့်ငွေ ကြေးဆိုင်ရာနယ်ပယ်တို့၌ အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်လိုစိတ် ရှိသော ကျောင်းသား၊ ကျောင်းသူများကို ပေးအပ်သွားမည်ဖြစ်သည်။

ပညာသင်ဆုအတွက် ရွေးချယ်ခံရသူများသည် သက်ဆိုင်ရာဘာသာရပ်အလိုက် သုံးနှစ် တက်ရောက်ရမည် ဖြစ်ကာ ၎င်းတို့အတွက် ယူအိုဘီက အမေရိကန်ဒေါ်လာ ၁၇၈,၀၀၀ ရင်းနှီးမြှုပ်နှံ သွားမည်ဖြစ်သည်။

ပညာသင်ဆု အစီအစဉ်အတွက် လျှောက်လွှာများကို အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်လက်ခံ သွားမည်ဖြစ် သည်။


Myanmar Times
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...