မွေးကင်းစ ကလေးများ၏ ရောဂါခုခံအား မူလထင်မှတ် ထားသည်ထက် အားကောင်း

ကျန်းမာရေး၊ စက် ၂၂၊ သမန်းကျား

မွေးကင်းစ ကလေးငယ်များ၏ ရောဂါခုခံ T-cell များ သည် ဘက်တီးရီးယား ရောဂါပိုးများကို ခုခံတိုက် ဖျက်နိုင်စွမ်းမှာ မူလက ထင်မှတ် ထားသည်ထက် အားကောင်းနေပြီး အရွယ်ရောက် သူများနှင့် အလွန် ကွာခြားသော ရောဂါတိုက်ဖျက် စနစ်ကို တွေ့ ရှိ၇ ကြောင်း သိရသည်။

လူ့ ရောဂါ တိုက်ဖျက်စနစ်တွင် T-cell အမျိုးမျိုးပါဝင်ပြီး ဘက်တီးရီးယား ကူးစက်မှုကို ကာကွယ်ပေးသော နျူထရိုဖီး ဆဲလ်နှင့် ပဋိဇီဝဓါတု ပစ္စည်းကို ထုတ်လုပ်ပေးသော လင်ဖိုဆိုက်ဆဲလ်များအပါအ၀င် ဗိုင်းရပ်ပိုးနှင့် မိုက်ခရို ဘက်တီးရီး ယားများ ကူးစက်ပြန့် ပွားနေသော T-cell များကို ရှာဖွေဖျက်စီးသည့် B Cell များ အပါအ၀င်ဖြစ်သည်။

မွေးကင်းစ ကလေးငယ်များတွင် ယင်း T-cell နှင့် B-cell များသည် အရွယ်ရောက် သူများကဲ့သို့  ခုခံအား မကောင်းနိုင် ဟု မူလကယူဆထားခဲ့သော်လည်း မွေးကင်းစအချိန်မှစ၍ ရောဂါပိုးမျိုးစုံကို ခုခံကာကွယ်ရသော ကလေးငယ်များ၏ T-cell သည် အံ့သြဖွယ်ကောင်းလောက်အောင် တမူထူးခြားအားကောင်းနေသည်ကို မကြာသေးမှီက တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

မွေးစအချိန်မှ ရက်သတ္တပါတ်အနည်းငယ်အတွင်း T-cell များသည် ခုခံအားပျော့နေသေးသော်လည်း ဘက်တီးရီး ယားကိုတိုက်ဖျက်နိုင်သည့် IL8 မော်လီကျူးကိုထုတ်လုပ်ပြီး ခန္ဓာကိုယ်မှ နျူထရိုဖီးလ်ဆဲလ်များကို လှုံ့ ဆော်ပေး ကာ ဘက်တီးရီးယားပိုးရန်မှ ခုခံကာကွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးတွေမှာ မွေးရာပါဘက်တီးရီးယားတိုက်ဖျက်ရေးယန္တရားကြီးပါလာတယ်။ ဒီယန္တရားကြီးက ကလေးတွေကို မွေးဖွားမှမဟုတ်ဘဲ အမေ့ဝမ်းတွင်းထဲကတည်းက ဘက်တီးရီးယားရန်ကနေ ကာကွယ်ပေးတယ်။ ကလေးငယ် တွေ ရဲ့ ခန္ဓာကိုယ်ထဲမှာ ဒီယန္တရားကြီးပါလာတာကို ကျွန်တော်တို့ အခုမှသိရလေတော့ ဘယ်အရွယ်မှာ အရွယ် ရောက် သူတွေရဲ့  T-cell လို စပြီးဖြစ်တယ်၊ ဘယ်လိုပေါင်းကူးပြောင်းလဲသွားလဲဆိုတာကို သိရအောင် ကျွန်တော်တို့  ဆက် လေ့လာနေပါတယ်ဟု ရောဂါခုခံရေးဇီဝစနစ်ဌာနမှ သုတေသီတစ်ဦးက ပြောပြသည်။

မွေးကင်းစ ကလေးငယ်များတွင် ဖော်ပြပါအတိုင်း T-cell အားမကောင်းသေး သော်လည်း ဘက်တီးရီးယား တိုက်ဖျက် ရေး သီးခြား ယန္တရားပါဝင်ခြင်းကို အသုံးပြုကာ မွေးကင်းစ ကလေးငယ်များတွင် ဖြစ်တတ်သော ကူးစက်ရောဂါများ ကို အနာဂါတ်တွင် ပို၍ထိရောက်စွာ တားဆီးကာကွယ် ကုသပေးနိုင်မည့် နည်းစနစ်များကို စူးစမ်းလေ့လာရှာဖွေ သွားကြမည်ဖြစ်ကြောင်း သိရသည်။


Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...