ကြိုးကိုင်တတ်သော စူပါမားကက်များကို ကြိုးပြန်ကိုင်ခြင်း

ဆောင်းပါး၊ စက် ၂၂၊ သမန်းကျား

သင် စူပါမားကက်မှာ ဈေးဝယ်ပါသလား။ စူပါမားကက် တစ်ခုထဲကို ၀င်ပြီး လှည့်ပတ် ကြည့်ရှုလိုက် မိပြီ ဆိုရင်ကိုပဲ လိုချင်တဲ့ ပစ္စည်းတွေ ဟောတစ်ခု၊ဟော တစ်ခုတွေ့ တာမျိုး ကြုံဖူးပါသလား။ စူပါမားကက် တွေ ဟာ ဈေးဝယ်သူကို သူတို့ ရောင်းချင်တဲ့ ပစ္စည်းတွေ မ၀ယ်၊ ၀ယ်အောင် ဥာဏ်ဆင်ပြီး ဆွဲဆောင် ထားတယ်ဆို တာကို သင်သိပါသလား။

စူပါမားကက်တွေရဲ့ ဒီဝသီကို သတိထားမိတဲ့ နိုင်ငံတကာအစိုးရနဲ့  အစားအစာနှင့် အာဟာရသုတေသီတွေဟာ စူပါ မားကက်တွေအနေနဲ့  စားသုံးသူပြည်သူလူထုကို ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အစားအစာတွေဝယ်ဖို့  ဆွဲဆောင် တာထက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ၀ယ်ချင်လာအောင် ဆွဲဆောင်စေဖို့  ပြင်ဆင်မှု လေးတစ်ခုပဲ လုပ်လိုက်ပါတယ်။ အဲဒါကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာရောင်းချမှုအပေါ်မှာ အခွန်အခ လျော့ပေါ့ သတ်မှတ်ပေးခြင်းပဲ ဖြစ်ပါတယ်။

စူပါမားကက် တစ်ခုထဲကို ၀င်သွားလိုက်တဲ့အခါတိုင်း သင်ဟာကြိုးကိုင်ခံရပါတယ်။ ဥပမာ သင်အမှန်တစ်ကယ် လိုတဲ့ အခြေခံ စားသုံးကုန် ပစ္စည်းတွေဟာ တခြားအရောင်အသွေး စုံလင်လှပမွေးကြိုင်နေတဲ့ မုန့် မျိုးစုံရဲ့ နောက် ခပ်လှမ်း လှမ်းနေရာမှာ ရှိနေတတ်ပါတယ်။ သတိထားကြည့်ပါ။ ကြက်ဥ၊နွားနို့ ၊ပေါင်မုန့် အစရှိတာတွေကို နောက် က ထားပြီး မုန့် တွေ၊အထုပ်လှလှနဲ့ အာလူးကြော်တွေ၊ချိစ်အမျိုးမျိုးတွေကို ရှေ့ ကထားထားပါတယ်။ ဒီတော့ ပေါင်မုန့် ဝယ်ဖို့  လာလိုက်တယ်ဆိုပေမယ့် သိပ်လှတဲ့အာလူးကြော်ထုပ်ကလေးကို အိမ်ကသားလေးအတွက် ၀ယ်မိသွားတာပါပဲ။

လူကြီးကိုဆွဲဆောင်လို့ အားမရသေးဘူး၊ ကလေးတွေကိုလည်း ပစ်မှတ်ထားကြပါတယ်။ ကလေးတွေရဲ့ မျက်လုံး အမြင့်နဲ့ တစ်တန်းတည်းကျတဲ့နေရာမှာ သူတို့ ရဲ့ အသည်းစွဲ ကာတွန်းပုံတွေပါတဲ့ မုန့် အမျိုးမျိုးကို လှလှပပလေး စီထားကြပါတယ်။ သင်ဈေးဝယ်လှည်းနဲ့ အလုပ်ရှုပ်နေချိန်မှာ ၃၆၀ ဒီဂရီလိုက်ကြည့်နေတဲ့ကလေးတွေဟာ အဲဒီ မုန့် တွေကိုတွေ့ ပြီး ပူဆာနေပါပြီ။ 

ဒါပေမယ့် ဒီလိုကြိုးကိုင်မှုတွေကို ကောင်းကျိုးအတွက်ကော သုံးလို့ မရနိုင်ဘူးလား။ ပျမ်းမျှစားသောက်ကုန်ထုတ် လုပ်သူတစ်ယောက်အနေနဲ့  လူတွေကို အဆီ၊သကြား၊မဆလာအရသာကဲထားတဲ့ စားသောက်ကုန်တွေနဲ့  ဆွဲ ဆောင်ဖို့ ပဲ ကြိုးစားမှာပါ။ စူပါမားကက်တွေသာ ညီညွှတ်ကြမယ်ဆိုရင် ဒီလိုကျန်းမာရေးနဲ့ မညီညွှတ်တဲ့ အစား အစာတွေကို လူတွေဝယ်ချင်အောင် ခင်းကျင်းပြသထားလို့ ရသလို မ၀ယ်ချင်အောင်ထားလိုက်လည်း ရပါတယ်။

တစ်ကယ်လို့ များ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေအပေါ် ရောင်းခွန်၊၀ယ်ခွန်လျော့ချပေးမယ်ဆိုရင် စူပါ မားကက်တွေကလည်း ပူးပေါင်းဆောင်ရွက်လာနိုင်ပါတယ်။ အခင်းအကျင်း အထားအသိုကို ပြောင်းလိုက်တာနဲ့  တပြိုင်နက် အာလူးကြော်နဲ့ ချိစ်ကိတ်ပူဆာတတ်တဲ့ကလေးတွေဟာ အလိုလိုပဲ ပန်းမုန်လာကြော်စားချင်တယ်လို့  ပြောလာကြမှာပါ။

အခုလက်ရှိစတိုးဆိုင်အချို့ မှာ လူတွေကိုကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ၀ယ်ယူဖို့ ဆွဲဆောင်ကြည့်တဲ့ အခါ သိပ်မခက်လှဘူးဆိုတာကို တွေ့ ခဲ့ကြပါတယ်။ စတိုးဆိုင်ရှေ့ အ၀င်ပေါက်ကနေ ‘Healthy’ ‘Low Calorie’ အစ ရှိတဲ့ စကားလုံးတွေကို ထင်ထင်ရှားရှားရိုက်နှိပ်ထားတဲ့ ဟင်းချက်နည်းလမ်းညွှန်စာရွက်တွေ ဝေပေးတဲ့အခါ လူတွေ ဟာ အဲဒီဟင်းချက်နည်းလမ်းညွှန်ထဲပါတာတွေကို ဦးစားပေးဝယ်သွားကြပြီး မုန့် ပဲသွားရေစာဝယ်တာ နဲသွားတာကို တွေ့ ခဲ့ကြတာပါ။

လူတိုင်းကျန်းမာချင်ပါတယ်။ လူတိုင်းခန္ဓာကိုယ်အချိုးအစား မှန်ကန်လှပချင်ကြပါတယ်။ Healthy နဲ့  Low Calorie ဆိုတာတွေ့ လိုက်ရင်ကိုပဲ မသိစိတ်ထဲကနေ အဲဒီစားသောက်ကုန်ကို အလိုလိုရွေးချယ်ကြတာပါ။ ခုနက ဟင်းချက် နည်းလမ်းညွှန်တွေကို Healthy နဲ့  Low Calorie စာလုံးတွေမပါဘဲ ဝေကြည့်တော့ လူတွေရဲ့ ဈေးဝယ်ပုံဟာ အထွေအထူး ပြောင်းလဲမသွားဘဲ ခါတိုင်းလို မုန့် တွေ၊အချိုတွေ၊အငန်တွေကို ဦးစားပေးဝယ်သွားကြတာကို တွေ့ ရ ပါတယ်။

ထမင်းစားစားပွဲအလယ်မှာဖြစ်စေ၊ မြင်သာတဲ့နေရာမှာဖြစ်စေ အသီးအနှံပွဲကို လှလှပပလေး ပြင်ပြီးထားပါ။ အလယ် မှာ စာရွက်ကလေးတစ်ရွက်အပေါ် ‘ဒီအသီးအနှံတွေစားဖို့  နေရာချန်ပါ’ လို့ ရေးပြထားလိုက်မယ်ဆိုရင် လူတွေဟာ ညစာကို ပုံမှန်စားတာထက် ၂၄ ရာခိုင်နှူန်းလောက် လျော့စားကြတာကို တွေ့ ရပါတယ်ဟု စားသုံးသူ အမူအကျင့် ဆိုင်ရာ သုတေသီများက ပြောပါတယ်။

တစ်ခါ စူပါမားကက်တွေမှာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကို တစ်ပိုင်း၊ အသား၊ငါး၊တွေကိုတစ်ပိုင်း ထားပြီး ဈေးနှူန်းကို မြင်သာအောင် ခွဲခြားဖော်ပြကြည့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေက တစ်ကီလိုကို ၁ ဒသမ ၈၂ ဒေါ် လာ ကျသင့်တဲ့အခါ အသား၊ငါးက ၅ ဒသမ ၁၉ ဒေါ်လာကျတယ်ဆိုတာကို ကွဲကွဲပြားပြားဖော်ပြထားပါတယ်။ ဒီ ဈေးနှူန်းနှစ်ဆလောက်ကွာဟနေတာကို မြင်တဲ့ဈေးဝယ်သူအပေါင်းဟာ အသားကိုလျော့ဝယ်ပြီး ဟင်းသီးဟင်း ရွက် သစ်သီးဝလံတွေကိုပဲ ဦးစားပေးဝယ်သွားကြတာကို တွေ့ ရပါတယ်။

Healthy ဆိုတဲ့စာလုံး ကပ်ပေးထားရင်ကိုပဲ အဲဒီအစားအစာကို အ၀ယ်လိုက်ပါတယ်။ ဒီအခွင့်အရေးကို အရအမိ အသုံးချချင်ရင် တစ်ပါတ်ကို တစ်ရက်လောက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို ပရိုမိုးရှင်းလုပ်တဲ့ အနေ နဲ့  အထူးလျော့ဈေးနဲ့ ရောင်းပေးပါ။ လူတွေသောက်သောက်လဲ ၀ယ်ပါလိမ့်မယ်။ စူပါမားကက်ကလည်း ရောင်းအား တက်သလို စားသုံးသူပြည်သူလူထုလည်း ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှာပါ။

ညံဖျင်းသိမ်နုပ်တဲ့အစားအစာ တွေကို မလျော်တဲ့ကြော်ငြာနည်းတွေနဲ့  ဥာဏ်ဆင်ဆွဲဆောင်ပြီး ငွေမျက်နှာတစ်ခု တည်းကြည့်ပြီး ရောင်းတာမျိုးက တော့ အခန့် မသင့်ရင် ဥပဒေရဲ့  ဒဏ်ခတ်မှုကိုတောင် ခံရနိုင်ပါတယ်လို့  အစာ အာဟာရ ပညာရှင်တစ်ဦးက ပြောပါ တယ်။

လူတွေဟာ ဗယ်ဘက်ကိုအရင်ကြည့်ပါတယ်။ ဒါကြောင့် သောက်ရေသန့် ကို ဗယ်ဖက်ခြမ်း၊ မျက်လုံးနဲ့ တစ်တန်း တည်းနေရာမှာထားပေးပြီး ဘေးနားမှာဖြစ်စေ၊ သူ့ အောက်ကပ်လျက်မှာဖြစ်စေ ကယ်လိုရီနဲတဲ့ မလိုင်လွတ်နွားနို့ ၊ ပဲနို့  အစရှိတာတွေကိုထားရင် လူတွေပိုဝယ်ကြပါတာကို တွေ့ ရပါတယ်။ 

အရောင်ကလည်း လူတွေရဲ့ စိတ်ကိုစိုးမိုးပါတယ်။ မီးပွိုင့်ကနေပဲ စလိုက်ရအောင်။ အနီရောင်ကိုကြောက်တဲ့စိတ် လူတိုင်းမှာရှိပါတယ်။ အစိမ်းရောင်ကိုတော့ နှစ်သက်ကြပြီး အ၀ါရောင်ဆိုရင် သတိထားကြပါတယ်။

ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာတွေကို အစိမ်းရောင်စင်မြင့်၊အစိမ်းရောင်ကြော်ငြာ၊ အစိမ်းရောင် စက္ကူ အစ ရှိသဖြင့် အစိမ်းများများသုံးပေးရင် လူတွေပိုဝယ်ပါတယ်။ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အစားအစာ တွေကို တော့ အနီရောင်များများနဲ့  ခင်းကျင်းရောင်းချပေးခြင်းဖြင့် လွယ်လင့်တကူထိန်းချုပ်နိုင်တာကို တွေ့ ရပါ တယ်။ ဂရုပြုစား ရမယ့် အစားအစာတွေကိုတော့ အ၀ါရောင်သုံးပေါ့လို့  နောက်ထပ်သုတေသီတစ်ဦးက ပြောပြ ပါတယ်။

နိုင်ငံတကာမှာတော့ အများပြည်သူကျန်းမာရေးအတွက် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းကလည်း ဂရုတစိုက် လုပ်ကြသလို လူတစ်ယောက်ချင်းစီကလည်း ကျင့်ဝတ်တွေနဲ့ ထိန်းကြပါတယ်။

စူပါမားကက်တွေကို အစိုးရက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေအပေါ် အခွန်အခလျော့ချပေးခဲ့တဲ့ နောက်ပိုင်း ဒီအစားအစာတွေကို ပိုရောင်းရလာအောင် စူပါမားကက်တွေက ဖော်ပြခဲ့တဲ့အတိုင်း ကျွမ်းကျင်တဲ့ သုတေသီတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အခင်းအကျင်းအရောင်အဆင်းတွေကို ပြုပြင်ရောင်းချလာတဲ့အတွက် အခုလည် စူပါမားကက်ထဲကို ၀င်တိုင်း သင်ဟာ ဥာဏ်ဆင်ပြီးဆွဲဆောင်တာကို ခံနေရတုန်းပါပဲ။ ဒါပေမယ့် ဒီတစ်ခါတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစား အစာတွေကို ၀ယ်ဖို့  ဆွဲဆောင်ခံရတာမို့  မနစ်နာပါဘူးလို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။


Lashio News Diary
--------------------------------------
ကိုမျိုး(lwanmapyay.blogspot.com) လွမ်းမပြေ သုတရပ်ဝန်း | Facebook

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...