ကျောင်းနေ့ လည်စာတွင် အာဟာရဓါတ် ပြည့်ဝအောင် ထည့်ပေးရန်လိုအပ်

ကျောင်းသွား ကလေးငယ် အများစုသည် နေ့ လည်စာ ကို ချိုင့်ဖြင့် ထည့်ယူ သွားလေ့ရှိရာ ယင်းထမင်း ချိုင့်ကို ပြင်ဆင် ပေးရာဝယ် များသောအားဖြင့် အာဟာရ အားဖြင့်စုံလင်မှု မရှိသည့်အတွက် မိဘများသည် ကလေးများ၏ နေ့ လည်စာ ထမင်းချိုင့်ကို အာဟာရ ပြည့်ဝအောင် ပြင်ဆင် ထည့်ပေးတတ်ရန် လိုအပ် ကြောင်း သိရသည်။

ကလေးတွေကို ထမင်းချိုင့် ထည့်ပေးတဲ့ အတွက် ငွေကုန်ကြေးကျ သက်သာသလို ကျောင်းမှာ မတည့် တာတွေ ၀ယ် မစားအောင်လည်း ကာကွယ်ပေး ထားပြီးသား ဖြစ်သွားပါတယ်။ ဒါပေမယ့် ကိုယ်ပြင်ပေးလိုက်တဲ့ ထမင်းချိုင့်မှာ အာဟာရ စုံစုံလင်လင်ပါရဲ့ လားဆိုတာကိုလည်း တွက်ချက်တတ်ဖို့ လိုပါသေးတယ်။ ကျွန်တော်တို့ ရဲ့ သုတေသနအရ ဒီထမင်းချိုင့်တွေ ကျောင်းနေ့ လည်စာဆိုင်ရာစံချိန်စံညွှန်းနဲ့ ကိုက်ညီမှုမရှိတာကို တွေ့ ရပါတယ်ဟု အစားအစာနှင့် အာဟာရ သုတေသီတစ်ဦးက ပြောပြသည်။

အမေရိကန်ပြည်ထောင်စု၌ ကျောင်းနေ့ လည်စာတွင် ထည့်သွင်းကျွေးမွေးရန် သတ်မှတ်ထားသော အစားအစာ အုပ်စု ငါးမျိုးရှိပြီး အသီးအနှံ၊ အသီးအရွက်၊ ပဲအမျိုးမျိုး၊ ပရိုတိန်းနှင့် နို့ ထွက်အစားအစာများဖြစ်သည်။ သို့ သော် ၄တန်း အရွယ် ကျောင်းသား ၆၀၀ ခန့် က အိမ်မှယူဆောင်လာသောနေ့ လည်စာကို စစ်ဆေးကြည့်ရာဝယ် မည်သူ့ တွင်မှ ဖော်ပြပါ အာဟာရ ငါးမျိုးလုံးပြည့်စုံအောင် ပါဝင်ခြင်းမရှိသည်ကို တွေ့ ရသည်။

သို့ ဖြင့် ကျောင်းတစ်ကျောင်းလုံးကို ဆက်လက်စစ်ဆေးခဲ့ရာ သတ်မှတ်ထားသော အစားအစာအုပ်စုငါးခုအနက် အများဆုံး သုံးမျိုးသာပါဝင်သောနေ့ လည်စာမှာပင် ၂၇ ရာခိုင်နှူန်းသာရှိသည်ကို တွေ့ ရသည်။ နေ့ လည်စာအများ စုတွင် ဆင်းဒွစ်၊ အာလူးကြော်နှင့်ရေသာ ပါဝင်ပြီး သကြားပါဝင်မှုများပြားသော အချိုရည်က ဒုတိယလိုက်နေကာ ကယ်လစီယမ်ပေါကြွယ်ဝသော နွားနို့ ပါဝင်မှုနှူန်းမှာမူ မရှိသလောက်ဖြစ်နေသည်။ အမှတ်တမဲ့ဖြစ်ခြင်း၊ ကြိုက်နှစ် သက်မှု မရှိခြင်း၊ နွားနို့ တွင်ပါဝင်သော လက်ကတို့ စ်နှင့်ဓါတ်မတည့်ခြင်းတို့ ကြောင့် နွားနို့ မသောက်လိုသူများ ရှိ နိုင်သော်လည်း တစ်ကျောင်းလုံးတွင် နွားနို့ သောက်သူမရှိခြင်းက ထူးခြားနေသည်။

ထို့ ကြောင့် နွားနို့ မသောက်လည်း ကယ်လစီယမ်ဓါတ်ပေါကြွယ်ဝသည့် အခြားအစားအစာများစာရင်းကို အစား အစာနှင့် အာဟာရစောင့်ကြည့်ရေးအဖွဲ့ ကထုတ်ပြန်ခဲ့ရာ မုံလာထုပ်ကြော်၊ ကိုက်လန်ကြော်၊ ပန်းမုန်လာ၊ လိမ္မော်သီး၊ ဗာဒံစေ့၊ နေကြာစေ့ အစရှိသည်တို့ ဖြစ်ကြောင်း သိရသည်။

မုန်လာထုပ်ကြော်သည် ကယ်လစီယမ်၊ ဗီတာမင်အေ၊အိုင်းရွန်းနှင့်ပိုတက်ဆီယမ်ဓါတ်တို့ ပေါကြွယ်ဝပြီး လိမ္မော်သီး တစ်လုံးတွင် ကယ်လစီယမ်အနဲဆုံး ၇၄ မီလီဂရမ်ပါရှိပြီး နေ့ စဉ်လိုအပ်သောကယ်လစီယမ်ပမာဏ၏ ၇ ရာခိုင်နှူန်း နှင့် ညီမျှသည်။ ဗာဒံစေ့တစ်ခွက်တွင် ကယ်လစီယမ် ၂၄၃ မီလီဂရမ်ပါဝင်ပြီး နွားနို့ ပျစ်ပျစ်တစ်ခွက်နှင့် ကယ်လစီ ယမ် ပမာဏညီမျှပြီး နေ့ စဉ်လိုအပ်သော မက်ဂနီစီယမ်ပမာဏ၏ ၆၁ ရာခိုင်နှူန်းပါဝင်သည်။ 

နေကြာစေ့တစ်ခွက်တွင် ကယ်လစီယမ် ၁၀၉ မီလီဂရမ်ပါဝင်ပြီး ဖိုင်ဘာဓါတ် ၁၂ ဂရမ်ပါဝင်ကာ ပန်းမုန်လာကို ဟင်းအဖြစ်စားသုံးလျင်ပင် ကယ်လစီယမ် ၇၀ မီလီဂရမ်ပါဝင်ပြီး ဗီတာမင်စီလည်း ပေါကြွယ်ဝစွာ ပါဝင်ကြောင်း သိရသည်။


Lashio News Diary
-------------------------------------- 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...