အပန်းဖြေခရီး ထွက်ခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ

မကြာခင် တမိုးကုန်လို့  တဆောင်း ၀င်ပါတော့မယ်။ မိုးကုန်ပြီ ဆိုရင်တော့ မိသားစုတွေနဲ့  အားလပ်ရက်မှာ အချိန်ပေးပြီးတော့ ဟိုနားဒီနား လေးတွေ လျှောက်လည်လို့  ရပါပြီ်။

" တစ်နေ့ သင် အားအင် ဆုတ်ယုတ်လို့ မကျန်းမာတဲ့အခါမှာ သင့်ကို မငြူစူ မပစ်ပယ်ဘဲ အပြန် အလှန် နားလည်မှုတွေနဲ့  စောင့် ရှောက်ပေးနိုင်တာ သင့်မိသားစုပါ ... ဒါကြောင့် သင်ချစ်တဲ့ သူတွေကို သင့်အနားမှာ ရှိနေစဉ် တန်ဖိုးထားပါ... ချစ်ခင်ပါ... လေးစားပါ...မပြစ်ပယ်ပါနဲ့ ... လစ် လှူမရှုပါနဲ့ ...လောကဓမ္မတာအရ အကြောင်းအမျိုးမျိုးကြောင့် သေကွဲ/ရှင်ကွဲ ခွဲရတဲ့ အခါမှာ နောင် မှ တတဲ့ နောင်တ မရမိပါစေနဲ့ "

တစ်ခါတစ်ရံမှာ မိမိ ချစ်ခင်ရတဲ့မိသားစု(သို့ မဟုတ်) သူငယ်ချင်း မိတ်ဆွေ များနှင့် အချိန်ပေး၍ အပန်းဖြေခရီးထွက်သင့်ပါတယ်။ ထိုသို့ အပန်းဖြေ ခရီးထွက်ခြင်းဖြင့် ပုံမှန်လည်ပတ်နေသော ဘ၀ပုံစံမှ ခေတ္တအနားရ၍ အောက်ပါ ရလဒ်ကောင်းများကို ခံစားရရှိ နိုင်ပါလိမ့်မယ်။

(၁) ခရီးမထွက်ခင် ကတည်းကပင် ကြိုတင်မျှော်မှန်း၍ ပြင်ဆင်ရတာကြောင့် ပျော်ရွှင်မှုကို ခံစားရပြီး စိတ်ဖိစီးမှု တွေကို ပြေလျော့ စေနိုင်ပါတယ်။

(၂) ခရီးအတူတူထွက်ခြင်းဖြင့် မိသားစုဝင်(သို့ မဟုတ်)မိတ်ဆွေတွေနှင့် ချစ်ခင်ရင်းနှီးမှုကို ပို လာစေပါတယ်။ (ဆယ်ကျော်သက် ခေတ်လူငယ် မြီးကောင်ပေါက် များ နှင့် ခေတ်နောက်ပြန် ဆွဲနေတဲ့ လူကြီးတို့ အကြား အပြန်အလှန် နားလည်မှုရလာကာ ဆက်ဆံ ရေးချောမွေ့ လာေ စနိုင်ပါတယ်)

(၃) ပုံမှန်မြင်တွေ နေ့ကျ မဟုတ်တဲ့ မြင်ကွင်းအသစ်များက စိတ်လှုပ်ရှားတက်ကြွစေပါတယ်။ ဒါ့ပြင် စိတ်ကြည်လင် လန်းဆန်း လာပြီး စိတ်ကျေနပ်မှုကို ခံစားရစေနိုင်ပါတယ်။(စိတ်ချမ်းသာမှု က လည်း ကျန်းမာရေးအတွက် ၁၀၀ ရာခိုင်နှုန်းပြည့်နီးပါး အ ထောက် အပံ့ဖြစ်စေပါတယ် )

(၄) သွားလာလှုပ်ရှားရတာကြောင့် ချွေးထွက်ပြီး ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။

(၅) နေရာအသစ်၏ ဘ၀နေထိုင်မှုပုံစံအသစ် နှင့်အတူ အဖိုးမဖြတ်နိုင်တဲ့ သေဒန္တ ရပတ်ဝန်းကျင် ကို လေ့လာနိုင် တာကြောင့် အသိပညာတိုးပွားစေပြီး၊ အသိအမြင်ပိုကြွယ်လာပါတယ်။

(၆) မစားဖူးသေးသော ဒေသသစ်အစားအစာတွေကို စားသုံးနိုင်ပြီး၊ ချက်ပြုတ်မှုပုံစံ ကို လေ့ လာနိုင်ပါတယ်။

(၇) ဥပမာ ကချင်ပြည်နယ်(သို့ မဟုတ်)ကယားပြည်နယ်(သို့ မဟုတ်)နိုင်ငံခြားခရီး သို့ အပန်းဖြေ ထွက်တယ် ဆိုကြပါစို့ ။ ဒေသခံ ဘာသာစကားသစ်များကို ဒေသခံကိုယ်တိုင် ပြောဆိုနေသည်ကို မြင်တွေ့ ကြားသိရတာ ကြောင့် သိမ်မွေ့ ကွဲပြားနေတဲ့ ဘာသာ စကားသစ်များ နှင့်အတူ ဘ၀လူနေမှုပုံစံသစ်များကိပါ လေ့လာနိုင်ပါတယ်။

(၈) အလုပ်အကိုင်အခွင့်အလမ်းတွေ မျက်စိပွင့်နားပွင့်သွားပြီး၊ အဆက်အသွယ်အသစ်များလည်း ရရှိနိုင်ပါတယ်။

(၉) မိတ်ဆွေသစ်များနှင့် ခင်မင်ကျွမ်းဝင်မှုကြောင့် အတွေ့ အကြုံတွေ ဝေမျှရင်း စိတ်ကြည်နူးမှုကိုရစေပါတယ်။

(၁၀) လူတွေသဘောကို လေ့လာနိုင်တာကြောင့် လူမှုပေါင်းသင်းဆက်ဆံရေး တိုးတက်လာစေနိုင်ပါတယ်။

(၁၁) ခရီးမှ ပြန်ရောက်ပြီးနောက် လုပ်ငန်းခွင်သို့ ပြန်ဝင်တဲ့အခါတွင်လည်း အလုပ်ထ်ဲမှာပိုမိုအားစိုက်နိုင်ပြီး၊ စိတ်ဖိစီးမှုမရှိဘဲ မိမိတာဝန်ကို အတွေးသစ်ဖြင့် စီမံပုံဖော်နိုင်ပါတယ်။

(၁၂) ခရီးစဉ်တလျှောက် အတွေ့ အကြုံလေးများက မိမိနှင်တကွ ခရီးဖော်ချစ်ခင်ရသူတွေအတွက် အမြဲတသသ အမှတ်တယ ရှိနေတော့မှာ ဖြစ်ပါတယ်။

မှတ်ချက်။

(က) ဥပမာ ပန်းနာရင်ကျပ်ဝေဒနာရှိသူများ၊ ၀က်ရူးပြန်ရောဂါ ရှိသူများ၊ လိပ်ခေါင်းဝေဒနာရှင်များ၊ နှလုံးရောဂါ သည်များအဖို့  ခရီးမထွက်ခင် ဆရာဝန် နှင့် ကြိုတင်တိုင်ပင်ဆွေးနွေးပါ။ (ခ) ဥပမာ သွေးတိုးရောဂါ ရှိသူများ၊ ၀မ်းချုပ်တတ်သူများအဖို့  မိမိ သောက်နေကျဆေးဝါးများကို လုံလုံလောက်လောက် ထည့်သွားပါ။ (ဂ) ပါဝါမျက်မှန် တပ်အမြဲတပ်ရသူများ က မျက်မှန်အပိုရှိရင် ယူဆောင်သွားပါ။ (ဃ) အကယ်၍ မိမိအလည်အပတ်သွားမည့် အရပ် ဟာ တုပ်ကွေး၊ ဌက်ဖျား၊ ၀မ်းရောဂါ ကူးစက်တတ်သော ဒေသဖြစ်နေပါက ထိုရောဂါများမှ ကြိုတင် ကာကွယ်ထား သည့် အနေဖြင့် ဆရာဝန်နှင့်တိုင်ပင်ကာ ဆေးထိုး၊ ဆေးသောက်ပြုပါ (သို့ မဟုတ်) ကာကွယ်ဆေးများ အပို ဆောင် သွားပါ။(င) ခရီးပင်ပန်းမှုဒဏ်ခံနိုင်ဖို့ နှင့် ကိုယ်ခံအားကောင်းစေဖို့ အတွက် အားရှိ တဲ့ အစားအစာတွေ စားရင်း ဗီတာမင်စီ ဆေးပြားလေးတွေမှီဝဲပါ။ (စ) နောက်ကျောဒဏ် နှင့် ခါးနာခြင်းမဖြစ်စေဖို့ အတွက် ဖြစ်နိုင် ရင် ဘီးပါသော ခရီးဆောင်လက်ဆွဲအိတ်တွေ ကိုသာ သုံးပါ။ (ဆ) အလှအပကိုဦးစားပေးတဲ့ ဖိနပ်မျိုးထက်၊ မိမိ ခြေထောက်နှင့် သက်တောင့်သက် သာဖြစ်စေမည့် ဖိနပ်မျိုးကိုသာ ရွေးချယ်ပါ။ (ဇ) ခရီးသွားမည့် ကာလဒေသနှင့် လျော်ညီတဲ့ အ၀တ်အထည် များကို ယူဆောင်သွားပါ။


(ဆောင်းပါးရှင်…ပေါက်ပေါက်…ရေးသားမျှဝေသည်)
promise.pauk
------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...