အပျိုစင်ဘ၀ကို လေလံတင် ရောင်းချခဲ့ သူများ

By အေသင်အောင်

အမျိုးသမီး တစ်ဦး အတွက် အပျိုစင် ဆိုတဲ့ ဂုဏ်ပုဒ် ဟာ ဘာနဲ့မှ လဲလှယ်လို့ မရတဲ့ တန်ဖိုးကြီး ရတနာ အဖြစ် တင်စားလေ့ရှိ ကြပါတယ်။ ငွေကြေးကြောင့် အပျိုစင် ဘ၀ကို စွန့်လွှတ်ရ သူတွေ အများအပြားရှိခဲ့ ပါတယ်။ ဒါပေမဲ့ အချို့ အမျိုးသမီး တွေဟာ နောက် ဆုံး အချိန်မှာ ငွေကြေးနဲ့ အပျိုစင်ဘ၀ကို မလဲနိုင် ကြောင်း ငြင်းဆိုတာ မျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် အပျိုစင် ဘ၀ကို ရောင်းချမှုတွေဟာ မကြာခဏ ဖြစ်ပွား နေဆဲ ဖြစ်ပါ တယ်။ အင်တာနက် အသုံးပြုမှု ကျယ်ပြန့်လာ ပြီးတဲ့နောက်မှာ အပျိုစင် ဘ၀ကို အွန်လိုင်း ကနေ ရောင်းချ မှုတွေ ရှိလာပါတယ်။ ဒီလို ရောင်းချရာမှာ အချို့က ငွေကြေး အခက် အခဲကြောင့် လည်းကောင်း၊ အချို့က ထင်ရှားလို သောကြောင့် လည်းကောင်း အမျိုးမျိုး ဖြစ်နေ တာ တွေ့ရှိ ခဲ့ရ ပါတယ်။ အပျိုစင် ဘ၀ကို လေလံတင် ရောင်းချရာမှာ ထင်ရှားတဲ့ အဖြစ်အပျက်တွေ ထဲက အချို့ကို ပြန် လည် ဖော်ပြပေး လိုက်ပါတယ်။

၁။ ကေသီကော့ဘ်ဘလာဆန်

အမေရိကန် ပြည်ထောင်စု၊ တက္ကဆက် ပြည်နယ်မှာ နေထိုင်တဲ့ ကေသီကော့ဘ်ဘလာဆန်ဟာ ၂၀၀၄ ခုနှစ်မှာ တုန်းက သူ့ရဲ့ အပျိုဝင် ဘ၀ ကို e Bay ၀က်ဘ်ဆိုက်မှာ ဒေါ်လာ (၁၀၀၀၀၀) နဲ့ လေလံတင်ခဲ့ တာမို့ အဲဒီအချိန်က စံချိန်တင်ဈေး အဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။ အဲဒီတုန်းက သူ့ရဲ့ အသက်က (၂၄) နှစ် ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ အွန်လိုင်းမှာ လေလံတင် ပြီးတဲ့နာက်မှာ ပြန်လည် ဖြုတ်ချ သွားလို့ ဘာတွေ ဆက်ဖြစ်သွားသလဲ ဆိုတာ မရှင်းမလင်း ဖြစ်ခဲ့ပါတယ်။

၂။ ရိုစီရိဒ်

အင်္ဂလန် နိုင်ငံ၊ လန်ဒန်မြို့မှာ နေထိုင်တဲ့ ရိုစီရိဒ်ဟာ ၂၀၀၄ ခုနှစ်မှာ အပျိုစင် ဘ၀ကို ရောင်းချခဲ့ရာ အသက် (၄၄) နှစ် အရွယ် အမျိုးသား တစ်ဦးက ပေါင် (၈၄၀၀)နဲ့ ၀ယ်ယူခဲ့ ပါတယ်။ ရိုစီရိဒ်ဟာ အဲဒီတုန်းက အသက် (၁၈) နှစ်သာ ရှိပါသေးတယ်။ ရိုစီရိဒ်မှာ အမျိုးသားတွေနဲ့ ထိတွေ့ဖူးတဲ့ အတွေ့အကြုံ မရှိပေမယ့် အမျိုးသမီး အချင်းချင်း ချစ်ကြိုက်တဲ့ သူမျိုး ဖြစ်ပါတယ်။ အပျိုစင် ဘ၀ကို ရောင်းချဖို့ အသွား သူရဲ့အမျိုးသမီး အဖော်ကို ခေါ်သွား ခဲ့ပါတယ်။ အဲဒီအမျိုးသမီး အဖော်က ရိုစီရိဒ်ဟာ အပျိုစင်ဘ၀ကို ဆုံးရှုံး ပြီးတဲ့နောက် ငိုကြွေးခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

၃။ ယာတာကို

ပီရူး နိုင်ငံက မော်ဒယ်တစ်ဦး ဖြစ်ပြီး ၂၀၀၅ ခုနှစ်၊ အသက် (၁၈) နှစ် အရွယ်မှာ မိခင် ဖြစ်သူရဲ့ ကျန်းမာရေး စရိတ် လိုအပ်ချက်နဲ့ မောင် ဖြစ်သူကို ထောက်ပံ့ဖို့ အပျိုစင်ဘ၀ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။ ယာတာကိုဟာ မိသားစု အတွက် အပျိုစင်ဘ၀ကို စွန့်လွှတ်ရာမှာ ဒေါ်လာ (၁ ဒသမ ၃) သန်း အထိ ရရှိခဲ့တယ်လို့ သိရပါတယ်။

၎။ နာတာလီ ဒိုင်လန်

နာတာလီ ဒိုင်လန်ဟာ အပျိုစင်ဘ၀ကို ရောင်းချရာမှာ ဒေါ်လာ (၃ ဒသမ ၇) သန်းနဲ့ ကမ်းလှမ်းခြင်းခံခဲ့ရ တယ်လို့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်၊ အသက် (၂၂) နှစ် အရွယ်မှာ အပျိုစင် ဘ၀ ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ မာစတာဘွဲ့ အတွက် ကြိုးစားရာမှာ လိုအပ်တဲ့ ငွေကြေးကို ရရှိဖို့ ပြုလုပ်ခဲ့ တာ ဖြစ်ပေမယ့် ကမ်းလှမ်းတဲ့ ငွေကြေးက အရမ်းများပြားနေ တာမို့ ထောက်ပြစရာ ဖြစ်နေတယ်လို့ ဆိုထားပါတယ်။

၅။ အလီနာ ပါစီရာ

၂၀၀၉ ခုနှစ်၊ အသက် (၁၈) နှစ်အရွယ်မှာ အပျိုစင် ဘ၀ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ရိုမေးနီးယား နိုင်ငံ မှာ မွေးဖွားတဲ့ အလီနာပါစီရာဟာ ကွန်ပျူတာ ဘွဲ့ရယူဖို့ ကြိုးစားရာမှာ ငွေကြေး အခက်အခဲဖြစ်လာ တာကြောင့် အပျိုစင်ဘ၀ကို ရောင်းချခဲ့ခြင်း ဖြစ်ပြီး အသက် (၄၅) နှစ် အရွယ်ရှိ အီတလီ နိုင်ငံသား တစ်ဦး က ပေါင် (၈၈၀၀) နဲ့ ၀ယ်ယူခဲ့ကာ အီတလီ နိုင်ငံ၊ ဗင်းနစ်မြို့ ကိုလည်း အလည်အပတ်ခေါ် ယူသွားခဲ့ ပါတယ်။ အပျိုစင်ဘ၀ကို မရောင်းချမီ အပျို စစ်/မစစ်ကို နှစ်ကြိမ်တိုင်တိုင် စမ်းသပ် စစ်ဆေးမှု ပြုလုပ် ခဲ့ရ ပါတယ်။

၆။ ရာဖယ်လာ ဖီကို

အီတလီမော်ဒယ်တစ်ဦး ဖြစ်ပြီး ထင်ရှားတဲ့ ရုပ်သံ စီးရီး အချို့မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူး ပါတယ်။ ၂၀၀၉ ခုနှစ်၊ အသက် (၂၀)နှစ် အရွယ်မှာ အပျိုစင်ဘ၀ကို ရောင်းချဖို့ လေလံတင်ခဲ့ပါတယ်။ ရောမမြို့ မှာရှိတဲ့ အိမ်တစ်လုံး ၀ယ်ယူဖို့နဲ့ သရုပ်ဆောင် သင်တန်း တက်ဖို့ အပျိုစင်ဘ၀ကို ရောင်းချပြီး ငွေကြေး ရှာဖွေဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ရာဖယ်လာဖီကိုက ယောက်ျားလေး ချစ်သူ မထားဖူးကြောင်း၊ ဒေါ်လာ (၁ ဒသမ ၈)သန်း ရပါ က အပျိုစင်ဘ၀ကို စွန့်လွှတ်ရန် အသင့်ရှိကြောင်း ဆိုခဲ့ပါတယ်။ အပျိုစင် ဘ၀ ကို ရောင်းချရာမှာ မနှစ်သက်သူနဲ့ ဆုံတွေ့ပါက ၀ိုင်သောက်ပြီး အရာ အားလုံးကို မေ့နိုင်အောင် ကြိုးစား သွားမှာ ဖြစ်တယ်လို့ ရာဖယ်လာဖီကို က ပြောခဲ့ပါတယ်။

၇။ အမည်မသိ အမျိုးသမီး

နာမည်အရင်းကို မဖော်ပြဘဲ အပျိုစင်ဘ၀ကို လေလံတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ တက္ကသိုလ် ကျောင်း သူ ဖြစ်ပြီး ၂၀၁၀ မှာ အပျိုစင်ဘ၀ ကို ဒေါ်လာ (၃၂၀၀၀) နဲ့ ရောင်းချခဲ့ပါ တယ်။ တက္ကသိုလ် ကျောင်း တက်ဖို့ ငွေကြေး လုံလောက်မှု မရှိတာမို့ အခုလို လုပ်ခဲ့ခြင်း ဖြစ်ပြီး သူ့ရဲ့ အပျိုစင် ဘ၀ကို ရယူဖို့ ကမ်းလှမ်းခဲ့သူ အရေအတွက်က (၁၂၀၀) ဦးအထိ ရှိခဲ့ပါတယ်။

၈။ ကာတာရီနာ

ကာတာရီနာဟာ ဘရာဇီးလ်နိုင်ငံက ကျောင်းသူတစ်ဦး ဖြစ်ပါတယ်။ ၂၀၁၂ မှာ အပျိုစင်ဘ၀ကို လေလံတင် ခဲ့တာ ဖြစ်ပြီး အမေရိကန် နှစ်ဦးနဲ့ အိန်္ဒိယတစ်ဦးတို့ကို ကျော်ဖြတ်ပြီး ဂျပန်တစ်ဦးက ဒေါ်လာ (၇၈၀၀၀၀) နဲ့ လေလံဆွဲနိုင်ခဲ့ တယ်လို့ ဆိုထား ပါတယ်။ကာတာရီနာက သူဟာ ပြည့်တန်ဆာ တစ်ဦး မဟုတ်ဘဲ မိသားစုနဲ့ ဆင်းရဲသူ တွေကို ကူညီနိုင်ဖို့ အခုလို ပြုလုပ်ခြင်း ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမဲ့ ကာတာရီနာ ရဲ့ လေလံရောင်းချမှု မရှင်းမလင်း ဖြစ်ခဲ့ပြီး သူ့ရဲ့အကြောင်းကို သြစတြေးလျ ရုပ်သံတစ်ခုက မှတ်တမ်း ရုပ်ရှင် ရိုက်ကူးမယ်လို့ ဆိုထားတာကြောင့် ထောက်ပြစရာ ဖြစ်ခဲ့ပါ တယ်။



The Messenger
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...