အလုပ်များလွန်းတဲ့ အတွက် ကျန်းမာရေးကို အချိန်ပေးပြီး လုပ်ပါ

By သမန်းကျား

မနက်အိပ်ရေး မ၀ဘဲ အတင်း ထရ တယ်။ ညောင်းညာ ကိုက်ခဲနေတဲ့ ခန္ဓာကိုယ်ကြောင့် အလိုလို စိတ်ပျက်နေ တတ် တယ်။ ဘာကိုမှ အလိုမကျဘူး။ စိတ်တိုနေ တတ်တယ်။ ဘယ်သူနဲ့ မှ စကားလည်း မပြောချင်ဘူး။ အဆင်ပြေ တာလေး ၀တ်ပြီး အကြာကြီး ထိုင်နေ ရတတ်တယ်။ ဒီလိုဆိုရင်တော့ သင့်အဖို့  တစ်နေ့ တာ အားပြည့် လန်းဆန်းနေဖို့  မလွယ် လောက်ပါဘူး။

ကိုယ်၊စိတ်၊ဦးနှောက်ကို စုတ်ပြဲလုမတတ် ဆွဲဆန့် ပြီးသုံးနေရသူတွေအဖို့  ဆေးဝါးကိုအားကိုးတာထက် ကျန်းမာရေး အသိ၊သတိရှိဖို့  လိုအပ်ပါတယ်။ မတ်စောက်တဲ့တောင်မြင့်ကြီးကို အပြေးတက် တက် ရတော့မယ့် လူတွေလို မနက် အိပ်ယာနိုးတာနဲ့  ကြီးမားလေးလံတဲ့ လုပ်ငန်းတာဝန်တွေ အသင့်စောင့် ဆိုင်းတာနဲ့  ကြုံတွေ့ ရတော့မယ့်သူတွေဟာ လည်း မနက်အိပ်ယာနိုးချိန်မှာ ကြည်လင်လန်းဆန်းပြီး တစ်နေ့ တာရွှင်လန်းတက်ကြွနေအောင် လေ့ကျင့်ယူလို့ ရပါ တယ်။

ကိုယ်လက်ဆန့် တန်းပေးပါ။ အိပ်ယာမထခင် စောင်အောင်မှာတင် ကိုယ်လက် ဆန့် တန်းလေ့ကျင့် ခန်း လေးတွေ လုပ်ပေးပါ။ အိပ်ယာပေါ်က ဆင်းပြီးတော့လည်း အညောင်းဆန့် ပေးပါအုံး။ သင် လှမ်းတော့မယ့် ခြေလှမ်းတွေ အတွက် တစ်ကိုယ်လုံးက အကြော ၊အခြင်၊ကြွက်သား၊သွေးလည်ပတ် အားတွေ မျှတသွားအောင် နိုးဆွပေးလိုက်ပါ။

ပြုံးပါ။ မျက်နှာကို ရှစ်ခေါက်ချိုးပြီး ဖိနပ်ငုံ့ ရှာမယ့်အစား၊ သွားတိုက်တံကို ရုတ်တရက်ရှာမတွေ့ လို့  သွား တိုက်တံ တွေ ထည့်ထားတဲ့ခြင်းကို ဆောင့်ကြီးအောင့်ကြီးနဲ့  သွန်ချမယ့်အစား ဖိနပ်တို့ ၊ သွားတိုက်တံ တို့ ကို ပြုံးပြီး ရှာပါ။ ပြုံးစရာတွေ့ လို့  ပြုံးသည်ဖြစ်စေ၊ တမင်တကာပြုံးသည်ဖြစ်စေ၊ အပြုံးလှိုင်းကို ဦးနှောက်က လက်ခံရရှိမှာဖြစ်ပြီး တစ်ကိုယ်လုံးကို အပြုသဘောခံစားချက် ဖြန့် ကျက်ပေးပါတယ်။

မနက်ထလိုက်တာနဲ့ တပြိုင်နက် ဇယ်ဆက်သလို အလုပ်တွေ ဆက်တိုက် လုပ်ရတော့မယ်ဆိုရင် ဘယ် အလုပ်ကိုမှ စမလုပ်ခင် မိနစ်အနည်းငယ်လောက် ဘာမှမလုပ်သေးဘဲ နေပေးပါ။ ပြတင်းပေါက်ကနေ အပြင်ကိုငေးကြည့်ပါ။ သင်နှစ်သက်တဲ့ ထိုင်ခုံမှာ ကျကျနနထိုင်ပါ။ မှန်အကြာကြီးကြည့်ပါ။ မနက်ခင်း ကားတွေကို စက်ခဏနိုးထားရတဲ့ သဘောပါပဲ။ ငြိမ်ငြိမ်လေး ဇိမ်နဲ့ နေပေးပါ။

သင့်တစ်နေ့ တာကို ကော်ဖီတစ်ခွက်နဲ့ မစလိုက်ပါနဲ့ ။ ရေသောက်ပေးပါ။ ဖြစ်နိုင်ရင် ပျားရည် တစ်ဇွန်းထည့် ထားတဲ့ ဖန်ခွက်ထဲကို ရေနွေးထည့်ပြီး သောက်ပေးပါ။ သင့်အညစ်အကြေးစွန့် အင်္ဂါအဖွဲ့ အစည်း အတွက် ရေလိုအပ်သလို ပျားရည်ကလည်း ၀မ်းထဲက အပုပ်တွေကို ဆင်းစေပြီး အဆီပိုတွေကို ခြေပစ်ရာ မှာ အထောက်အကူပြုပါတယ်။ သင့် သွေးသား လည်ပတ်ပြီဆိုမှ ကော်ဖီဖြစ်ဖြစ် သောက်ပါ။ ကော်ဖီ နဲ့ သွေးသား လည်ပတ်မှုကို တွန်းအားပေးတာမျိုး မလုပ်သင့်ပါဘူး။

မနက်စာကို ပညာသားပါပါ စားသောက်ပါ။ မနက်စာမှာ ကယ်လိုရီများတဲ့ အဆီ၊ အဆိမ့်တွေကို ရှောင်ပါ။ ကယ်လိုရီ နည်းသလောက် အာဟာရပြည့်ဝတဲ့ အသီးအနှံ၊ ပြောင်း၊ ကြက်ဥ၊ ဖျော်ရည်၊ ပဲ၊ ပျားရည်၊ နွားနို့ တို့ ကို ဦးစားပေး စားသောက်ပါ။

မှတ်ဥာဏ် ၀န်မပိအောင် မှတ်စုစာအုပ်ဆောင်ပါ။ တစ်နေ့ တာလုပ်စရာတွေ၊ ရည်မှန်းချက်တွေ၊ ချိန်းဆို ထားတာတွေ ကို မှတ်စုစာအုပ်ထဲရေးမှတ်ပြီး ကိုယ့်ရှေ့ မှာဖွင့်ထားပါ။ စနစ်လည်းကျပါမယ်၊ စီစဉ်မှုတွေ လည်း ပိုပြီးထိရောက်လာ ပါမယ်။

အလုပ်ကို သွားတော့မယ်ဆိုရင် ဖုန်းမပြောပါနဲ့ အုံး။ သင်နှစ်သက်တဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်စေ၊ သတင်း ဌာနကို ဖြစ်စေ ခဏတော့ နားထောင်ဖြစ်အောင် နားထောင်ပေးပါ။

သင်ဟာ သင့်ခန္ဓာကိုယ်ကို လေ့ကျင့်ခန်း၊ အာဟာရ၊ အနားယူခြင်း၊ ဖျော်ဖြေခြင်းတွေ ပြည့်စုံအောင် လုပ်ပေးပြီးပြီမို့  ဒီနေ့ တစ်နေ့ တာ အလုပ်လုပ်ဖို့  သင့်ခန္ဓာ၊ကိုယ်၊ စိတ် အသင့်ဖြစ်နေပါပြီ။

ဒါကတော့ မနက်ပိုင်းလုပ်ရမယ့် အရာတွေပေါ့။ သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ ကိုယ်လက် လှုပ်ရှား မှုကို ရွေးချယ်ရပါအုံးမယ်။ လူပေါ်လူဇော် လုပ်ချင်သူတွေရော၊ ကိုယ်ပိုင်ဆုံးဖြတ်နိုင် စွမ်းအားနဲသူတွေမှာပါ တူညီတာ တစ်ခုကို တွေ့ ရပါတယ်။ အဲဒါကတော့ သူများလုပ်ရင် ငါလည်းလုပ်နိုင်တယ်လို့  ပြချင်တဲ့ အကျင့်ကလေးပါပဲ။ သူများ ဂေါက်ရိုက်ရင် လိုက်ရိုက်တယ်၊ သူများ ယောဂစင်တာသွားရင် လိုက်သွား တယ်။ တစ်ကယ်တော့ ကိုယ်နဲ့  ကိုက်ညီတဲ့ ကိုယ်လက်လှုပ်ရှားမှုကို ရွေးချယ်ရမှာပါ။

ဒီလိုရွေးချယ်နိုင်ဖို့  ဒီရက်ပိုင်း အတွင်းမှာပဲ ဂျာမနီနိုင်ငံမှာ ကျင်းပသွားခဲ့တဲ့ ဥရောပ အာရုံကြောနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်ရေးကွန်ဂရက်မှာ ဟန်ဂေရီနိုင်ငံ၊ ဆမ်မဲဝေး တက္ကသိုလ်က သိပ္ပံပညာ ရှင်တွေ တင်သွင်းခဲ့တဲ့ လူတစ်ဦးချင်း မွေးဖွားတဲ့ရာသီအလိုက် လိုက်စားသင့်တဲ့ အားကစားအမျိုးအစားတွေ ကို ဖော်ပြသွားပါမယ်။

မတ်-၂၁ ကနေ ဧပြီ-၂၀ အတွင်း မွေးဖွားသူတွေဟာ ဦးခေါင်း၊ ကြွက်သား၊ မျက်လုံးနဲ့  မျက်နှာတို့ မှာ ကျန်းမာရေး အားနည်းချက် ရှိတတ်တဲ့အတွက် စက်ဘီးစီးခြင်း၊ အလေးမခြင်းတို့ ကို ပြုလုပ် သင့်ပါတယ်။

ဧပြီ-၂၁ ကနေ မေ-၂၁ အတွင်း မွေးဖွားသူတွေဟာ လည်ပင်း၊လည်ချောင်း၊အာသီးနဲ့ အသံကြိုးမျှင်တွေမှာ ကျန်းမာ ရေး အားနည်းချက် ရှိတတ်တဲ့အတွက် ယောဂ၊ အက အစရှိတဲ့ လေ့ကျင့်ခန်း တို့ ကို ပြုလုပ်သင့် ပါတယ်။

မေ-၂၂ ကနေ ဇွန် ၂၁ အတွင်း မွေးဖွားသူတွေက လက်၊ လက်မောင်း၊ အဆုပ်နဲ့ အာရုံကြောတွေမှာ ကျန်းမာရေး အားနည်းချက် ရှိတတ်တဲ့အတွက် အဖွဲ့ လိုက် အားကစားဖြစ်တဲ့ အေရိုးဗစ်လို လေ့ကျင့်ခန်း ကို ပြုလုပ်သင့်ပါတယ်။

ဇွန်-၂၂ ကနေ ဇူလိုင် ၂၂ အတွင်း မွေးဖွားသူတွေက အစာအိမ်၊ အစာခြေအဖွဲ့ အစည်းနဲ့  ရင်ဘတ်တို့ မှာ ကျန်းမာရေး အားနည်းချက် ရှိတတ်တဲ့အတွက် ရေအားကစားတွေ ပြုလုပ်သင့်ပါတယ်။ ရေကူးကြည့်ပါ။

ဇူလိုင်-၂၃ ကနေ သြဂုတ် ၂၂ အတွင်း မွေးဖွားသူတွေက ကျော၊ကျောရိုးနဲ့  နှလုံးတို့ မှာ ကျန်းမာရေး အားနည်းချက် ရှိတတ်တဲ့အတွက် ကျောရိုးကိုဖြောင့်ဖြောင့်ထားပြီး ကရတဲ့ စုံတွဲအကလေးတွေ ကို လေ့ကျင့် သင့်ပါတယ်။

သြဂုတ်-၂၃ ကနေ စက်တင်ဘာ-၂၀ အတွင်းေ မွးဖွားသူတွေက အာရုံကြောစနစ်၊ အစာခြေစနစ်နဲ့  သရက်ရွက်တို့  မှာ ကျန်းမာရေး အားနည်းချက် ရှိတတ်တဲ့အတွက် ဘောလုံးကန်ပါ၊ ကပါ၊ ပြေးပါ။

စက်တင်ဘာ-၂၁ ကနေ အောက်တိုဘာ-၂၂ အတွင်း မွေးဖွားသူတွေက တင်ပါးနဲ့ ကျောက်ကပ်တို့ မှာ ကျန်းမာရေး အားနည်းချက်တွေ ရှိတတ်တဲ့အတွက် သက်တောင့်သက်တာနဲ့ လုပ်လို့ ရတဲ့ ဂေါက်ရိုက်တာ၊ စားပွဲတင်တင်းနစ် ကစားတာတွေကိုပဲ လုပ်သင့်ပါတယ်။

အောက်တိုဘာ-၂၃ ကနေ နိုဝင်ဘာ-၂၁ အတွင်း မွေးဖွားသူတွေက မျိုးပွားစနစ်နဲ့ အညစ်အကြေး စွန့် စနစ်တွေမှာ ကျန်းမာရေး အားနည်းချက်တွေ ရှိတတ်တဲ့အတွက် ကိုယ်ခံပညာ၊ မာရသွန်လို ခပ်ပြင်းပြင်း ကစားရတဲ့ အားကစားမျိုး ကို လုပ်သင့်ပါတယ်။

နိုဝင်ဘာ-၂၂ ကနေ ဒီဇင်ဘာ-၂၁ အတွင်း မွေးဖွားသူတွေက တင်ပါးစုံ၊ ပေါင်နဲ့  တင်ပါးရိုးအာရုံကြောပိုင်း ဆိုင်ရာ ကျန်းမာရေး အားနည်းချက်တွေ ရှိတတ်တဲ့အတွက် တောင်တက်ပါ။ ပြေးပါ။ လမ်းများများ လျှောက်ပေးပါ။

ဒီဇင်ဘာ-၂၂ ကနေ ဇန်န၀ါရီ-၁၉ အတွင်း မွေးဖွားသူတွေက အဆစ်အမြစ်၊ဒူးခေါင်းနဲ့ သွားတွေမှာ ကျန်းမာရေး အားနည်းချက် ရှိတတ်တဲ့အတွက် လမ်းကို ခတ်ဆတ်ဆတ်လျှောက်တာ၊ ခပ်ရွရွလေးပြေးတာ၊ စက်ဘီးစီးတာတွေကို လုပ်ပါ။ ကိုယ်အလေးချိန် တက်မလာအောင် အမြဲထိန်းထားပါ။

ဇန်န၀ါရီ-၂၀ ကနေ ဖေဖော်ဝါရီ-၁၈ အတွင်း မွေးဖွားသူတွေက သွေးလည်ပတ်မှု စနစ်၊ ခြေသလုံး၊ ခြေဖနှောင့်တွေမှာ ကျန်းမာရေးအားနည်းချက်တွေ ရှိတတ်ပါတယ်။ များများ ကပေး ပါ။ ပြေးပါ။ အလေးမပါ။

ဖေဖော်ဝါရီ ၁၉ ကနေ မတ် ၂၀ အတွင်းမွေးဖွားသူတွေက ခြေထောက်နဲ့  ခုခံအားစနစ်တွေမှာ ကျန်းမာရေး အားနည်းချက်တွေ ရှိတတ်တဲ့အတွက် ယောဂလေ့ကျင့်ပါ။ ရေကူးပါ။ တရားထိုင်ပါ။

အလုပ်များ သူတွေအတွက် ကျန်းမာရေးလိုက်စားမှု မှန်ကန်စေဖို့ ရည်ရွယ်ပြီး လေ့လာရေးသား တင်ပြလိုက်ရ ပါတယ်။

 Lashio News Diary
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...